မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ကျနေသူဟာ ဖခင်ကောင်းတစ်ယောက်လည်းဖြစ်နိုင်ပါတယ်

မိန်းမ (၁၀) ယောက် ရှိပြီး ကလေး (၁၀) ယောက်ရှိတဲ့ ကိုကင်း အရောင်အ၀ယ်လုပ်သူကို တရားသူကြီးမင်းများက “ဖခင်ကောင်း” တစ်ယောက်လို့ တရားခွင်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

The Sun

အင်္ဂလန်နိုင်ငံ Stratford Close မြို့, Podsmead ခရိုင်က အသက် (၄၈) နှစ်အရွယ် Dwight Bartley ဆိုတဲ့အမျိုးသားဟာ အရေးပါတဲ့ မိသားစုတာဝန်အတွက်ကြောင့် အခုလို့ ဖိအားတွေအောက်မှာ အလုပ်,လုပ်နေရတာလို့ ထွက်ဆိုခဲ့တာပါ။

Dwight Bartley ဟာ ယူရိုငွေ (၃၀,၀၀၀) တန်ဖိုးရှိတဲ့ ကိုကင်းရောင်းဝယ်မှုနဲ့ လက်ရှိမှာ ထောင်ဒဏ် (၂) နှစ်ကျခံနေရပြီး တရားသူကြီးတွေက ဖခင်ကောင်းတစ်ယောက်လို့ ဖော်ပြခြင်းခံခဲ့ရပါတယ်။ နောက် (၃) လလောက်ဆို အချုပ်ကနေလွတ်မြောက်တော့မယ်လို့ သိရတယ်။ ဒါပေမယ့်လည်း Dwight အနေနဲ့တော့ နောက်ထပ် ပြစ်မှုကျူးလွန်ခြင်း မပြုဖို့ ၀န် ခံကတိပေးရမှာဖြစ်ပြီး နောက်တစ်ခါ အဖမ်းခံရရင် ထောင်ဒဏ် နှစ်ရှည် အကျခံရဖို့လည်း ရှိနေပါတယ်။

READ
မန်စီးတီးကွင်းလယ်လူ စတာလင်ကို ကပ်စီးနှဲကော်တစ်ရာလို့ အမေရိကန်ပြည့်တန်ဆာစွပ်စွဲ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ အသက် (၂၈) နှစ်အရွယ်ချစ်သူနဲ့ သမီးလေးတစ်ယောက် ထပ်ရခဲ့တယ်လို့ The Sun သတင်းဌာနကဖော်ပြထားပါတယ်။  ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၄) ရက်နေ့တုန်းက Gloucester မြို့မှာ အဖမ်းခံခဲ့ရပြီး အဲ့ဒီမတိုင်ခင် ရက်သတ္တပတ် (၂) ပတ်အလိုမှာ ဒီသမီးလေးကိုယ်ဝန်ကို ရခဲ့တယ်လို့သိရတယ်။

အခုလိုမျိုး လူတစ်ယောက် မိန်းမတွေအများကြီးနဲ့ ကလေးတွေအများကြီးရထားတာ ထူးထူးခြားခြား ဖြစ်စဉ်တစ်ခုပါ။ ပြီးတော့ မလိုမုန်းထားမှုတွေလည်း ရှိမနေဘူးလို့ Stephen Fidler က ကာကွယ်ပြောဆိုပါတယ်။

ထရီနီဒက်နိုင်ငံဖွား Dwight ဟာ မူးယစ်ဂိုဏ်တွေအတွက် အထောက်အပံတွေကို သယ်ယူပို့ဆောင်ပေးရတယ်လို့ ၀န်ခံခဲ့တယ်။

The Sun

တရားသူကြီး Ian Lawire က စီရင်ချက်မှာ “ သင်ဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်တယ်၊ ဒါပေမယ့် သင့်မှာ ကြွေးမြီးတွေရှိနေတယ်တာ ထင်ရှားတယ်၊ သင့်နေရာမှာ တခြားသူဆို အခုထက် ပိုဆိုးတာတွေရှိလာနိုင်တယ်”

READ
အခန်းလွတ်ထဲမှာ ပေါင်(၂၀၀၀)အထိအသုံးပြုပြီး လေယာဉ်ဦးပိုင်းပုံစံ ပြင်ဆင်ခဲ့သူ

ဖိအားတွေကြောင့် ရွေးချယ်စရာမရှိဘဲ လုပ်မိလုပ်ရာ လုပ်လိုက်တယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားကြောင်း တရားသူကြီးက စီရင်ချက်မချခင်မှာ Bartley ကို ပြောခဲ့ပါတယ်။

Source: The Sun

Matthew (ShweMOM)

SHARE