ဒရမ်သမားတွေက သာမန်လူတွေထက် ဦးနှောက်စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ကြောင်း သိရ

Instagram/TravisBaker

သာမန်ရော့ခ်အဖွဲ့တစ်ဖွဲ့ကို ရှိုးတစ်ခုမှာ တွေခဲ့မယ်ဆိုရင် လူတော်တော်များများ သတိထားကြည့်ကြမှာက ပထမဦးဆုံး မိုက်ကိုင်တဲ့အဆိုတော်ပါပဲ။ပြီးတာနဲ့ ဂစ်တာသမား၊ဘေ့စ်သမား အစရှိတာကိုပဲ လူတော်တော်များများက သတိထားကြည့်ကြတာ များပါတယ်။နောက်ဆုံမှာ ဒရမ်တွေနဲ့ကွယ်နေတဲ့ ဒရမ်သမားကို မေ့နေလေ့ရှိကြပါတယ်။အခုစိတ်ဝင်စားစရာကောင်းတာတစ်ခုက လေ့လာတွေ့ရှိခက်ေတစ်ခုမှာ ဒရမ်သမားတွေရဲ့ ဦးနှောက် တစ်ခြားသူတွေရဲ့ ဦးနှောက်နဲ့ ကွဲပြားစွာ လုပ်ဆောင်မှုတွေ ကောင်းမွန်နေတာ တွေ့ရှိခဲ့ရပါတယ်။

ဂျာမနီနိုင်ငံတက္ကသိုလ်တစ်ခုက ပညာရှင်တွေက ဒရမ်သမားတွေရဲ့ ဦးနှောက်ကို လေ့လာမှုတွေလုပ်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့ပါတယ်။ အဲဒီအဖွဲ့ကိုတော့ အယောက်၂၀ရှိတဲ့ တကယ့် ပရော်ဖက်ရှင်နယ် ဒရမ်သမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။တစ်ဦးချင်းဆီဟာ တစ်ပတ်ကို (၁၀)နာရီကြာ ဒရမ်တီးလေ့ရှိပြီး အဲဒီလိုဘဝနဲ့ ဖြတ်သန်းလာတာ (၁၇)နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။

Imdb/Whiplash

ပညာရှင်တွေ အဓိကသိချင်တာကတော့ ဒရမ်သမားတွေရဲ့ ဦးနှောက်ဟာ ဒရမ်တီးနေချိန်မှာ ဘယ်လို အလုပ်လုပ်ပြီး ဘယ်လိုတုံ့ပြန်သလဲဆိုတာပါပဲ။ဒါကြောင့် ဒရမ်သမားတွေ အကုန်လုံးကို ဒရမ်အရင်တီးခိုင်းပြီးနောက် MRI တန်းရိုက်ပါတယ်။ MRIဆိုတာက ဦးနှောက်ကို စကင်န်ဖတ်လိုက်တာပါပဲ။

အဲဒီလို MRIရိုက်ပြီး ဘာကိုတွေ့ရှိသွားသလဲဆိုတော့ ဒရမ်တီးတဲ့သူတွေရဲ့ ဦးနှောက်ထဲမှာ ရှိတဲ့ fibres(အမျှင်)တွေရဲ့ လုပ်ဆောင်မှုက သာမန်လူတွေထက် ပိုမိုထူးခြားနေတာကို တွေ့ရှိရပါတယ်။fibresတွေရဲ့ သတင်းပို့ဆောင်မှုတွေက အရမ်းမြန်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အချိန်တိုခဏလေးအတွင်း ရောက်ရှိတာကိုတွေ့ရပါတယ်။ဒါ့ကြောင့် ဒရမ်သမားတွေဟာ အရာရာကို သာမန်ထက် အာရုံပိုမိုစူးစိုက်နိုင်ပြီး အလုပ်နှစ်ခုကို တစ်ပြိုင်နက်ထဲမှာ လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

Pyi Hein Kyaw

SHARE