ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ လေထုသန့်ရှင်းရေးဂေါ်ဇီလာရုပ်လေး

Youtube-【大迫力のゴジラ加湿器!】加湿王バーニングゴジラ

ဒီဘက်ခေတ်က ရုံးခန်းတော်တော်များများနဲ့ လူနေအိပ်ခန်းတွေမှာ အသုံးပြုတဲ့ လေထုသန့်ရှင်းရေးစက်လေးတွေကို တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အဆိုပါ စက်လေးတွေဟာ များသောအားဖြင့် ဝိုင်းဝိုင်းလေးတွေနဲ့ စက်ပုံစံပစ္စည်းလေးတွေပဲ ဖြစ်ပါတယ်။ အဆိုပါ စက်လေးတွေရဲ့ အဓိကလုပ်ဆောင်မှုကတော့ လေထုထဲကို ခြောက်သွေးပြီး မွှေးရနံ့အနည်းငယ်ပါတဲ့ လေပူလေးတွေကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ အခုလဲ အဆိုပါ လေထု သန့်ရှင်းရေးစက်ပုံစံနဲ့ ဂေါ်ဇီလာအရုပ်လေးဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးပြီး လူကြိုက်များနေကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-【大迫力のゴジラ加湿器!】加湿王バーニングゴジラ

အဆိုပါ ဂေါ်ဇီလာရုပ်ကလေးဟာ တော်တော်လေး အသည်းယားပြီး ချစ်ဖို့ကောင်းပါတယ်။ တစ်ခြားလေထုသန့်ရှင်းရေး စက်တွေနဲ့ မတူတာကတော့ အဆိုပါ ဂေါ်ဇီလာရုပ်လေးဟာ ဂေါ်ဇီလာအသံတွေပါ ထွက်နိုင်ပြီး ညဖက်ဆို မီးအလင်းရောင်တွေပါ ထွက်နေတာဖြစ်ပါတယ်။ ပုံစံကလည်း တစ်ကယ့်ဂေါ်ဇီလာ အရုပ်လေးပုံစံဖြစ်ပြီး အငွေ့တွေက အဆိုပါ ဂေါ်ဇီလာလေးရဲ့ ပါးစပ်ကနေ တောက်လျှောက်ထွက်နေတာကြောင့် ရုတ်တရက် အဝေးကနေကြည့်လိုက်ရင် တစ်ကယ့်ဂေါ်ဇီလာပေါက်စလေးတစ်ကောင်လို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

READ
ထူးထူးဆန်းဆန်း တစ်မျက်နှာလုံး နေရာလွတ်မကျန်အောင် တက်တူးထိုးခဲ့တဲ့အမျိုးသား

အဆိုပါ ဂေါ်ဇီလာ အရုပ်လေးကို ဂေါ်ဇီလာရုပ်ရှင် ကြိုက်နှစ်သက်တဲ့ ပရိသတ် အများစုကတော့ သိရှိကြပြီ ဖြစ်မှာပါ။ ဒီဂေါ်ဇီလာပုံစံကို ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Godzilla vs Destoroyah ရုပ်ရှင်ဇာတ်ကားထဲက Burning ဂေါ်ဇီလာရဲ့ ပုံစံကို reference ယူပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဂေါ်ဇီလာပေါက်စလေးရဲ့ ပါးစပ်ထွက်လာမယ့် အငွေ့ရဲ့ အနံ့ကတော့ ကိုယ်စိတ်ကြိုက်အနံ့ကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး အဆိုပါ လေထုသန့်ရှင်းရေး ဂေါ်ဇီလာ အရုပ်လေးဟာ တစ်ရုပ်ကို ယန်း ၇,၉၈၀(အမေရိကန်ဒေါ်လာ ၇၆ ဒေါ်လာ)နဲ့ မှာ ယူနိုင်ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE