ကမ္ဘာ့အကြီးကျယ်ဆုံး Gender Reveal Party ကိုကျင်းပခဲ့တဲ့ Influencer ဇနီးမောင်နှံ

Youtube-اكبر حفلة معرفة جنس مولود في العالم (برج خليفة)

Gender Reveal Party ဆိုတာကတော့ အာရှနိုင်ငံတွေမှာ သိပ်ပြီးခေတ်စားလေ့မရှိပဲနဲ့ အနောက်နိုင်ငံတော်တော်များများမှာ ခေတ်စားတဲ့ ပါတီပွဲတစ်ခုပါ။ ဗိုက်ထဲမှာရှိတဲ့ ကလေးကို ယောကျာ်းလေးလား၊ မိန်းကလေးလားဆိုတာကို ဆွေမျိုးသားချင်းမိတ်ဆွေတွေက ကိုယ်ဝန်သည်အမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူကို surprise လုပ်ပြီး ဖော်ထုတ်ပေးတဲ့ပွဲပါ။ အပြာရောင်ကတော့ ယောကျာ်းလေးကို ကိုယ်စားပြုပြီး ပန်းရောင်ကတော့ မိန်းကလေးဖြစ်သူကို ကိုယ်စားပြုတာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီလို Gender Reveal Party ကို ကိတ်မုန့်ခွဲတာတို့၊ ပူဖောင်းဖောက်တာတို့၊ Smoke ဗုံးဖောက်တာတို့ အစရှိတဲ့ ပုံစံတွေနဲ့ ပြုလုပ်ကျင်းပလေ့ ရှိပါတယ်။ အခုပြောပြချင်တဲ့ Gender Reveal Party ကတော့ ကမ္ဘာ့အကြီးကျယ်ဆုံး Gender Reveal Party ပွဲတစ်ပွဲဖြစ်ပြီး ဒူဘိုင်းရှိ ကမ္ဘာ့အရှည်ဆုံး အဆောက်အအုံဖြစ်တဲ့ Burj Khalifa အဆောက်အအုံမှာ အကြီးအကျယ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

Youtube-اكبر حفلة معرفة جنس مولود في العالم (برج خليفة)

အဆိုပါပွဲကို ကျင်းပခဲ့တာကတော့ ဒူဘိုင်းရဲ့ Influencer တစ်ဦးဖြစ်တဲ့ Anas နဲ့ သူရဲ့ ဇနီးဖြစ်သူ Asala Marwah တို့ပဲ ဖြစ်ပါတယ်။ Anas နဲ့ Asala တို့နှစ်ယောက်စလုံးဟာ ဆိုရှယ်မီဒီယာ Influencer မောင်နှံဖြစ်ပြီး Follower ပေါင်း ၈ သန်းနီးပါး ပိုဆိုင်ထားကြတဲ့သူတွေပါ။ အခုလည်း မကြာသေးခင်အချိန်က ရရှိခဲတဲ့ ဒုတိယမြောက်ကိုယ်ဝန်ကြောင့် နှစ်ယောက်စလုံးဟာ အမှတ်တရဖြစ်အောင်လို့ ဒူဘိုင်းရှိ Burj Khalifa အဆောက်အအုံမှာ Gender Rveal Party ကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

READ
ဆယ်စုနှစ်တစ်ခုအကြာမှာ ဆီးနှင်းတွေ ပြန်ဖုံးလွှမ်းခဲ့တဲ့ ဘဂ္ဂဒတ်မြို့တော် ပတ်ဝန်းကျင်
Youtube-اكبر حفلة معرفة جنس مولود في العالم (برج خليفة)
Youtube-اكبر حفلة معرفة جنس مولود في العالم (برج خليفة)

အဆိုပါပွဲကိုတော့ နှစ်ဖက်မိသားစုတွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ တက်ရောက်ခဲ့ကြပြီး တော်တော်လေးကို ပျော်ခဲ့ရတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ၁၀ ကနေ ၁ အထိ count down ရေပြီးတာနဲ့ Burj Khalifa အဆောက်အအုံမှာ ပေါ်လာတဲ့ အပြာရောင်ကြောင့် Anas ဟာ တော်တော်လေးကို ပျော်ရွှင်နေခဲ့ပြီး ခုန်ပေါက်နေပါတော့တယ်။ ဘာပဲဖြစ်ဖြစ် တော်တော်လေးကိုမိုက်ပြီး cool ဖြစ်တဲ့ အမိုက်စား Gender Reveal Party တစ်ခုပါပဲ။

“တော်တော်လေးကို ပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော့် မိန်းမ၊ သမီးလေးနဲ့ အမေတို့လည်း တော်တော်လေူကို ပျော်ရွှင်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Asala ဟာ သားလေးကိုယ်ဝန်ကို လွယ်ထားရလို့ပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ သားဖြစ်လို့ ပိုပြီးတော့ ပျော်ပါတယ်။ စိတ်ထဲမှာလည်း သားယောကျာ်းလေးဖြစ်ပါစေလို့ ကြိုပြီးဆုတောင်းခဲ့ရတာဗျ”လို့ Anas က ပြောကြားခဲ့ပါတယ်။

READ
အလုပ်လက်မဲ့ဘဝမှ တစ်နှစ်ပေါင်တစ်သန်းဝင်ငွေရှိတဲ့ ချောကလက်လုပ်ငန်းပိုင်ရှင်ဖြစ်လာခဲ့သူ

 

Youtube-اكبر حفلة معرفة جنس مولود في العالم (برج خليفة)

Pyi Hein Kyaw

SHARE