တော်ဝင်ဖိနှိပ်မှုတွေကြားကအကြိမ်ကြိမ်ထွက်ပြေးခဲ့လို့ လက်စပျောက်နေတဲ့ဒူဘိုင်းမင်းသမီး

BBC/The Guardian

“ကျွန်မဒီဗီဒီယိုကိုရိုက်ထားရတာ နောက်ဆုံးရိုက်ရတဲ့ဗီဒီယိုလည်းဖြစ်နိုင်တာကြောင့်ပါ”

BBC

သူမကတော့ Sheikha Latifa ပါ။ ယူအေအီးနိုင်ငံရဲ့ ဝန်ကြီးချုပ် Sheikh Mohammed bin Rashid al-Maktoum ရဲ့ သမီးငယ်ဖြစ်ပါတယ်။ နီးစပ်ရာအသိုင်းအဝိုင်းရဲ့ပြောကြားချက်အရတော့ သူမဟာနိုင်ငံထဲကနေ ထွက်ပြေးဖို့ ကြိတ်ကြံစည်နေခဲ့တာ (၇) နှစ်နီးပါးရှိနေပြီလို့ သိခဲ့ရပါတယ်။

BBC

Sheikh Mohammed ဟာ ယူအေအီးရဲ့ဝန်ကြီးချုပ်ဖြစ်တာနဲ့အညီ ဒူဘိုင်းရဲ့လုပ်ပိုင်ခွင့်အာဏာတွေ အကုန်လုံးဟာလည်း သူ့လက်ထဲမှာပဲရှိနေပါတယ်။ သားသမီးအမြောက်အမြားထဲမှာ အသက် (၃၂) နှစ်အရွယ် Latifa လည်း အပါအဝင်ဖြစ်ပါတယ်။

BBC

ရှေးရိုးစွဲအယူဝါဒတွေကြောင့် အမျိုးသမီးတွေကို ဖိနှိပ်ချုပ်ချယ်တာတွေ၊ နှိမ့်ချဆက်ဆံတာတွေအပြင် တော်ဝင်မိသားစုမှာ ကြီးပြင်းလာရတဲ့အတွက် စည်းစနစ်ကြီးမားပြီး ချုပ်ချယ်လွန်းတာတွေကြောင့် ဖခင်ရဲ့လောင်းရိပ်အောက်ကနေလွတ်ထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ သူမ (၁၆) နှစ်အရွယ်တုန်းက အစ်မဖြစ်သူရဲ့လမ်းစဉ်ကိုလိုက်ပြီး နယ်စပ်ကနေနိုင်ငံအပြင်ဖက်ကိုထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် တာဝန်ရှိသူတွေက သူမဘယ်သူမှန်းသိသွားတဲ့အချိန်မှာတော့ ဒူဘိုင်းသို့ချက်ချင်းပြန်ပို့ခံလိုက်ရခဲ့ပါတယ်။ ဖခင်ရဲ့စေခိုင်းမှုကြောင့် လူယုံဖြစ်သူက Latifa ကို ထောင် (၃) နှစ်ချပစ်ခဲ့ပါတယ်။ ထောင်ထဲမှာ နေ့တိုင်းလိုလို အရိုက်ခံခဲ့သေးတယ်လို့ ဆိုပါတယ်။

Latifa ရဲ့ အစ်မဖြစ်သူ Shamsa ဟာ မိသားစုအိမ်ကနေ ၂၀၀၀ ခုနှစ်တုန်းက ဗြိတိသျှကိုထွက်ပြေးပုန်းရှောင်ခဲ့ပါတယ်။ Shamsa ဟာ ထွက်ပြေးတဲ့အကြံအစည်မှာတော့ အောင်မြင်သွားခဲ့ပေမယ့် ကိန်းဘရစ်ခ်ျမှာ ဖခင်လွှတ်လိုက်တဲ့ အမည်မသိလူတစ်စုရဲ့ ပြန်ပေးဆွဲ ခေါ်ဆောင်ခြင်းကိုခံခဲ့ရတာကြောင့် ကိန်းဘရစ်ခ်ျမှအာဏာပိုင်တွေနဲ့ ပြဿနာတက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Shamsa ကို စိတ္တဇဆေးရုံလိုနေရာမျိုးမှာ (၂၄) နာရီလုံးလုံး အစောင့်အရှောက်တွေနဲ့ အခုတိုင်နေနေခဲ့ရပါတယ်။

Latifa ဟာထောင်မှထွက်ပြီးကတည်းက ဘယ်သွားသွား သက်တော်စောင့်တွေရဲ့ စောင့်ကြပ်ခြင်းကိုခံခဲ့ရတာကြောင့် ထွက်ပြေးဖို့အခါမသင့်ခဲ့ရပါဘူး။ ဒါပေမဲ့လွတ်လပ်ခွင့်အတွက် ဇွဲမလျှော့သေးတဲ့ Latifa ဟာ ပြင်သစ်ရေတပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ Hervé Jaubert ကို ၂၀၁၁ ခုနှစ်မှာ စတင်ဆက်သွယ်ခဲ့ပါတယ်။ ကံကောင်းချင်တော့ Hervé Jaubert ဟာ သူမထောင်ကျစဉ်အတွေ့အကြုံတွေကို “Escape from Dubai” ဆိုတဲ့ ခေါင်းစဉ်နဲ့ BBC မှ တင်ဆက်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်ကို ကြည့်ခဲ့ဖူးတဲ့သူတစ်ဦးဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် Latifa ရဲ့ ခက်ခဲပင်ပန်းမှုတွေကို နားလည်တဲ့အတွက် အခကြေးငွေယူကာ လွတ်မြောက်ရေးလမ်းကြောင်းဖောက်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

READ
နှစ်ပေါင်း(၃,၅၀၀) သက်တမ်းရှိသင်္ချိုင်းဂူတွေကိုအီဂျစ်မှာရှာဖွေတွေ့ရှိခဲ့
BBC

E-mail ဖြင့်သာ နှစ်ရက်ခြား၊ သုံးရက်ခြားတစ်ခါ ဆက်သွယ်ခဲ့ကြပေမယ့် ထွက်ပြေးတဲ့နေ့မှသာ လူချင်းတွေ့ဖူးခဲ့ကြတာပါ။ Hervé Jaubert နဲ့ပူးပေါင်းပြီး ထွက်ပြေးဖို့အတွက် Latifa ဟာ ဒေါ်တာ (၄) သိန်းတိတိ စုမိခဲ့ပြီဖြစ်ကြောင်းလည်း e-mail ထဲထည့်ရေးခဲ့ပါသေးတယ်။

BBC

၂၀၁၄ ခုနှစ်မှတော့ သူမရဲ့ထွက်ပြေးမယ့်အစီအစဉ်ကို ကူညီပေးမယ့် နောက်ထပ်ကယ်တင်ရှင်တစ်ဦးထပ်ပေါ်လာပါသေးတယ်။ တော်ဝင်မိသားစုနေထိုင်ရာနေရာထဲသို့ ကိုယ်ခံပညာသွားရောက်သင်ကြားပေးရတဲ့ Tiina Jauhiainen ဆိုသူ အမျိုးသမီးပဲဖြစ်ပါတယ်။ Hervé Jaubert ရဲ့ပြောကြားချက်အရ အသစ်ရောက်လာတဲ့ Tiina ဟာ Latifa ရဲ့ အရင်းနှီးဆုံးလူဖြစ်လာခဲ့ပါတယ်။

BBC

ထွက်ပြေးဖို့နှစ်ပေါင်းများစွာစီစဉ်ခဲ့ရတာဟာ Latifa ရဲ့ သက်တော်စောင့်တွေရဲ့ ယုံကြည်မှုကိုတည်ဆောက်နေရတဲ့အတွက်ပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် Latifa ဟာ Tiina ကို ခေါ်ခေါ်ပြီး အပြင်မှာ နံနက်စာသွားစားတတ်တဲ့အလေ့အကျင့်ကို လုပ်ထားခဲ့ပါတယ်။ မနက်တိုင်းပုံမှန်သွားလာနေကျမို့လို့ Latifa ကို မျက်စေ့အောက်ကအလွတ်ပေးလိုက်တဲ့အချိန်မှာတော့ Tiina ရဲ့အကူအညီနဲ့ Latifa ဟာ ပင်လယ်ထဲသို့ထွက်ပြေးခဲ့ပါတယ်။

READ
မူလရှိရင်းစွဲအသက်ထက်၂ဆအိုမင်းတဲ့ရောဂါခံစားနေရတဲ့အသက်၂၈နှစ်အရွယ်ရှိအမျိုးသမီး

အဝတ်အစား၊ နေကာမျက်မှန်ကစလို့ ပြင်ပုံဆင်ပုံတွေပါအားလုံးပြောင်းပစ်လိုက်ပြီး နှစ်ဦးသားကားနဲ့တစ်တန်၊ စက်လှေနဲ့တစ်တန် နိုင်ငံတကာပိုင်ရေပိုင်နက်ထဲသို့ရောက်အောင် အပြေးနှင်ခဲ့ကြပါတယ်။ ရေပိုင်နက်ထဲမှာတော့ Hervé Jaubert ဟာ ရွက်လှေနဲ့အသင့်စောင့်နေပြီး အိန္ဒိယသို့အရင်ဆုံးသွားကာ နောက်မှအခြားဘေးကင်းရာနေရာသို့ ပြောင်းရွှေ့မှာဖြစ်ကြောင်း အစီအစဉ်အရသိခဲ့ရပါတယ်။

ကံဆိုးချင်တော့ ရာသီဥတုကြောင့် လမ်းခရီးမှာ ကြံ့ကြာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ လှိုင်းလုံးကြီးတွေဟာ (၂) မီတာနီးနီးမြင့်ပြီး လေတွေလည်းကြမ်းလာတာကြောင့် Hervé Jaubert ရဲ့လှေပေါ်ရောက်ဖို့ကို နာရီနဲ့ချီပြီး ကြိုးစားခဲ့ကြရပါတယ်။ ကူညီခဲ့တဲ့လူနှစ်ဦးနဲ့အတူ အိန္ဒိရေပိုင်နက်ထဲမရောက်ခင်မှာတင် သင်္ဘောကိုအမည်မသိလက်နှက်အပြည့်အစုံနဲ့လူတစ်က ဝင်စီးခဲ့ပြီး Latifa ကို ခေါ်သွားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအချိန်ကစပြီး Latifa ရဲ့ Instagram account ကို ပစ်ပစ်ခဲ့ပြီး နီးစပ်တဲ့သူငယ်ချင်းတွေကတောင် သူမအကြောင်းတစ်စွန်းတစ်စမှ မကြားခဲ့ပါဘူး။ ဖခင်ဖြစ်သူ Sheikh Mohammed နဲ့ ဒူဘိုင်းအစိုးရဘက်မှတော့ ဒီကိစ္စနဲ့စပ်လျဉ်းပြီး ဘာမှပြောကြားခြင်းမရှိပေမယ့် BBC သို့ပို့ဆောင်ထားတဲ့ Latifa ရဲ့နောက်ဆုံးဗီဒီယိုကို သက်သေထားပြီး စွတ်စွဲမေးမြန်းချက်ကိုတော့ အာဏာသုံးပိတ်ပင်ကာ “မိသားစုနဲ့အတူတူကောင်းကောင်းရှိနေပါတယ်” လို့သာ ဖြေကြားထားခဲ့ပါတယ်။

BBC

Escape from Dubai: The Mystery of the Missing Princess အစီအစဉ်ကိုတော့ ဒီဇင်ဘာလ (၆) ရက်၊ ကြာသပေးတေးနေ့မှာ BBC Two ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။

“အကယ်၍ ဒီဗီဒီယိုကိုသာ ရှင်တို့ကြည့်နေမယ်ဆိုရင်တော့ ကျွန်မသေရင်သေ၊ မသေရင်တော့ အရမ်းအရမ်းအရမ်းကိုဆိုးဝါးလွန်းနဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။”

Source: The Guardian, Mirror

Penny

 

SHARE