ထောင်နဲ့ချီတဲ့ ဘဲတွေကို စိုက်ခင်းထဲ လွှတ်ပေးခဲ့တဲ့ ထိုင်းလယ်သမားတွေရဲ့ ရည်ရွယ်ချက်

YouTube_SCMP

စိုက်ခင်းတစ်ခုထဲမှာ ပိုးကျတဲ့အခါကျရင် လယ်သမားတွေဟာ များသောအားဖြင့် ပိုးသတ်ဆေးတွေဖြန်းပြီး ပိုးကောင်တွေကို နှိမ်နင်းလေ့ရှိကျပါတယ်။ ဒီလိုပိုးသတ်ဆေးတွေ ဖြန်းတာများရင်လည်း ရေရှည်မှာ ကိုယ့်စိုက်ခင်းဟာ ပျက်ဆီးလေ့ရှိသလို ကိုယ့်စိုက်ခင်းထဲက ဆန်စပါး၊ အသီးအနှံတွေလည်း ပိုးသတ်ဆေးတွေကြောင့် ညိုးနွမ်းသွားတတ်ပါတယ်။အခုလည်း ထိုင်းနိုင်ငံရှိ စိုက်ခင်းတစ်ခုမှာ စပါးအဖျက်ပိုးတွေအရမ်းများနေတာကြောင့် စိုက်ခင်းပိုင်ရှင် လယ်သမားကြီးဟာ သူ့ရဲ့ စိုက်ခင်းထဲကို ဘဲတွေ လွှတ်ပေးပြီး စပါးအဖျက်ပိုးတွေကို စားသုံးစေခဲ့ကြောင်း  abc.net.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အဖြစ်အအပျက်ကတော့ ထိုင်းနိုင်ငံ၊ Nakhom Pathom မြို့အနီးရှိ စိုက်ခင်းထဲမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ ဒီလိုမျိုး ဘဲအကောင်ရေပေါင်း ၁၀,၀၀၀ ကျော်ကို စိုက်ခင်းထဲ စေလွှတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေးလူကြည့်များနေပြီး ကြည့်ရှု့သူတော်တော်များများကလည်း စိုက်ခင်းပိုင်ရှင်ဟာ တော်တော်လေးဥာဏ်ကောင်းတဲ့ လယ်သမားကြီးဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။ အမှန်တစ်ကယ်ကတော့ ဒီလိုမျိုးနည်းလမ်းဟာ ထိုင်းနိုင်ငံရှိ စိုက်ခင်းတွေတွေမှာ ပိုးကျတာအရမ်းများရင် သုံးလေ့သုံးထရှိတဲ့ ped lai thong လို့ အမည်ရတဲ့ ရှေးဟောင်းရိုးရာနည်းလမ်းတစ်လမ်းလည်း ဖြစ်ပါတယ်။

READ
တိုင်းတစ်ပါးမှာ ကိုယ့်လူမျိုး အချင်းချင်းတောင် ယုံလို့မရကြောင်း သက်သေပြနေတဲ့ ဖြစ်ရပ်
Youtube-Thousands of ducks released to protect Thai rice fields from pests

“ကျွန်တော့်အတွက်ကတော့ ဘဲတွေကို အစာကျွေးရတာ တော်တော်လေး သက်သာသွားတာပါပဲ။ ပြီးတော့ လယ်သမားတွေဖက်ကလည်း ပြန်ကြည့်မယ်ဆိုရင် ကျွန်တော့်ဘဲတွေက သူတို့စိုက်ခင်းထဲက စပါးအဖျက်ပိုးတွေနဲ့ လယ်ခရုတွေကို စားသုံးပေးခဲ့တာကြောင့် သူတို့အတွက် ဓာတ်မြေသြဇာဖိုးတွေ တော်တော်လေးသက်သာသွားစေပါတယ်။ ပြီးတော့ လယ်ကွင်းထဲမှာ အဖျက်ပိုးကြောင့် ကျနေတဲ့ စပါးတွေကိုပါ တစ်ခါတည်းရှင်းသွားပေးပြီး မြေပြင်ပေါ်က စပါးရိုးပြတ်တောတွေကိုပါ တင်းနင်းသွားခဲ့တာကြောင့် မြေညှိပေးသလိုဖြစ်ပြီး လယ်သမားတွေ ထွန်ယက်တဲ့အချိန်မှာ ပိုပြီးလွယ်ကူသွားစေပါတယ်”လို့ အသက် ၃၄ နှစ်အရွယ် ဘဲမွေးမြူရေးပိုင်ရှင် Apiwat Chalermklin က ပြောကြားခဲ့ပါတယ်။

Youtube-Thousands of ducks released to protect Thai rice fields from pests

Pyi Hein Kyaw

SHARE