ရဲတိုက်ကြီးအလားတွေ့မြင်ရတဲ့ ထူးထူးခြားခြား မှန်အထပ်ထပ်နဲ့ စာအုပ်ဆိုင်

instagram/tripfever

စာအုပ်ချစ်သူတစ်ဦးအတွက် စာအုပ်ဆိုင်ဆိုတာ အမြဲတမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက စာအုပ်ဆိုင်တစ်ဆိုင်ကတော့ အရမ်းကိုထူးခြားလွန်းပါတယ်။ Dujiangyan Zhongshuge စာအုပ်ဆိုင်ဟာ Chengdu မြို့မှာရှိပါတယ်။ စာအုပ်ဆိုင်ဒီဇိုင်းကိုတော့ X+Living က တီထွင်ဖန်တီးထားတာပါ။

စာအုပ်ဆိုင်ဟာ နှစ်ထပ်ရှိပြီး ဘုရားကျောင်းကြီးလိုပုံစံမျိုးဖြစ်ပါတယ်။ မျက်နှာကြက်မှာ မှန်တွေအများကြီးသုံးထားတဲ့အတွက် စာအုပ်စင်တွေဟာ ရောင်ပြန်ဟပ်ပြီး ထူးခြားတဲ့ visual effect တစ်ခုလို ဖြစ်နေတာပါ။ “Zhongshuge စာအုပ်ဆိုင်ရဲ့ အသက်က မှန်မျက်နှာကြက်တွေပါပဲ။ မှန်တွေဟာ ရောင်ပြန်ပြီး နေရာကိုပိုကျယ်သလိုဖြစ်အောင် ထင်ရစေတယ်။” လို့ X+Living ကို တည်ထောင်သူ Li Xiang က ပြောပြပါတယ်။

စာအုပ်ဆိုင်ထဲဝင်လိုက်ရင်တော့ ဈေးဝယ်သူတွေဟာ အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဍာန် စာအုပ်စင်တွေကို တွေ့ရမှာဖြစ်ပါတယ်။ စတိုးဆိုင်ရဲ့အလယ်မှာတော့ နေရာရဲ့အမြင့်ကို အပြည့်သုံးထားတဲ့ အခုံးတွေနဲ့ တိုင်လုံးတွေကိုတွေ့ရမှာဖြစ်ပါတယ်။ စာအုပ်စင်တွေကိုတော့ အဆိုပါဒေသရဲ့ သမိုင်းနဲ့ မြေမျက်နှာသွင်ပြင်ကိုအခြေခံပြီး ဖန်တီးထားတာပါ။

READ
အင်ဒိုနီးရှားမှာ လည်ပတ်စရာတွေ

“ဒေသခံရှုခင်းကို အဆောက်အဦးထဲထည့်ပြီး ဖန်တီးလိုက်တာပါပဲ။ ဒီပရောဂျက်က Dujiangyan မှာရှိပါတယ်။ Dujiangyan ဆိုတာကတော့ ရေထိန်းသိမ်းရေးဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့ သမိုင်းကြောင်းရှိတဲ့မြို့ပါ။ ဒါကြောင့် အဓိကနေရာထဲမှာ ရေကာတာပုံစံထည့်တည်ဆောက်ထားတာကို စာအုပ်စင်တွေမှာ တွေ့နိုင်ပါတယ်။”

စာအုပ်စင်ရဲ့အပေါ်ဆုံးထပ်မှာတော့ ပုံနှိပ်ပြီး စာအုပ်ကာဗာတွေကိုပဲထားပါတယ်။ တကယ်လို့ စာအုပ်အစစ်တွေကိုထားမယ်ဆိုရင် ဈေးဝယ်သူတွေအနေနဲ့ စာအုပ်တွေကိုယူဖို့ခက်ခဲတဲ့အပြင် ဝန်ထမ်းတွေအဖို့လည်း သန့်ရှင်းရေးလုပ်ရတာ ခက်ခဲမှာစိုးတဲ့အတွက်ကြောင့်ပါ။ စာအုပ်ဆိုင်ထဲမှာတော့ အုပ်ရေ ၈သောင်းကျော်စုစည်းထားရှိပါတယ်။ ဒါ့အပြင် ဆိုင်ဒီဇိုင်းရဲ့ နောက်ထပ် အဓိကအစိတ်အပိုင်းတစ်ခုဟာ အလင်းအမှောင်ဖြစ်ပြီး ဝယ်သူတွေအတွက် အလင်းရောင်ကောင်းကောင်းရအောင် ဖန်တီးထားကြောင်းလည်း architecturaldigest အရ သိရပါတယ်။

ShweMom

SHARE