ယခု လကုန်လောက်မှာ ကလေးမွေးဖို့ အားလုံးပြင်ဆင်ပြီးဖြစ်တဲ့ မီဂန်မာကယ်

မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်တို့ဟာ ၀င်ဆာမှာရှိတဲ့ သူတို့ရဲ့ နေအိမ်သစ်ကို တရားဝင်ပြောင်းရွှေ့ခဲ့ပြီးပါပြီ။ မကြာခင်ရောက်လာတော့မယ့် မိသားစုဝင်သစ်ကလေးအတွက် အကောင်းဆုံးဖြစ်အောင် ဟယ်ရီနဲ့မီဂန်တို့ဟာ စီမံပြီးကြပုံရပါတယ်။ ဆော့ဆက်စ်မြို့စားနဲ့ မြို့စားကတော်တို့ဟာ ယခု ဖရော့ခ်မိုးရ် အိမ်လေးကို မပြောင်းလာခင်မှာ အလုပ်သမားပေါင်းများစွာတို့နဲ့ အိမ်ကို ပြန်လည်ပြင်ဆင်ခဲ့ပါသေးတယ်။

Shutterstock
jasonhawkes.com

အသက်(၃၇) နှစ်အရွယ် မီဂန်ကတော့ ယခုဧပြီလကုန်မှာ ကလေးမွေးမှာဖြစ်ပြီး သတင်းကင်မရာတွေနဲ့ ကင်းဝေးရာ ကျေးလက်ဘက်ကျတဲ့ အိမ်သစ်ကလေးမှာ ပျော်ရွှင်လျက်ရှိနေပါတယ်။ ဆော့ဆက်စ်မြို့စားမောင်နှံဟာ မကြာသေးခင်ကလည်း သူတို့ရဲ့ တော်ဝင်မိသားစုအသစ်လေးအတွက် အားလုံးအသင့်ဖြစ်စေဖို့ အလို့ငှာ အင်စတာဂရမ်စာမျက်နှာတစ်ခုကိုလည်း စတင်ခဲ့ပါသေးတယ်။

dailymail
Kelvin Bruce

ဆော့ဆက်စ်မြို့စားမောင်နှံဟာ လက်ရှိအိမ်သစ်မှာ ၀န်ထမ်းသစ်တွေကိုလည်း ခန့်အပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်တစ်ခုက မီဂန်ဟာ အစဉ်အဆက် တော်ဝင်မိသားစုတွေ အသုံးပြုတဲ့ အထူးသားဖွားကုသဆောင် လင်ဒိုဝင်းကို ရှောင်ဖယ်ပြီး ၀င်ဆာမှာရှိတဲ့ ပုဂ္ဂိလိကဆေးရုံတစ်ခုမှာပဲ ကလေးမွေးမယ်လို့ ကောလဟာလတွေ ထွက်နေပါသေးတယ်။ မီဂန်တို့ ဇနီးမောင်နှံက ကိုယ်ဝန်ကို ယောက်ျားလေးလား၊ မိန်းကလေးလား ဆိုတာ လူထုကို ချမပြတဲ့အတွက် အားလုံးအတွက် ခန့်မှန်းစရာတစ်ခုဖြစ်လို့နေပါတယ်။

READ
(၄)နှစ်နှင့် (၅)နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အဓမ္မကျင့်မှုနဲ့ ရဲအရာရှိတစ်ဦးကို ထောင်ဒဏ်ချမှတ်

လင်းလင်း (ShweMom)

Ref: Dailymail, thesun

SHARE