အရာအားလုံးမှာ အကြောင်းအရင်းရှိပါတယ်!!

တစ်ခါက ၂၄ နှစ်အရွယ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်က ရထားရဲ့ပြတင်းပေါက်ဘောင်ကိုမှီပြီး လှမ်းအော်လိုက်ပါတယ်။

“အဖေ ကြည့်ပါဦး သစ်ပင်တွေက အနောက်ဘက်ကို ပြေးသွားကြတယ်…”

ဖခင်ဖြစ်သူကလည်း ပြုံးလိုက်ပါတယ်။ သူတို့ဘေးနားမှာတော့ ငယ်ရွယ်တဲ့ စုံတွဲတစ်တွဲလည်း ထိုင်နေကြပါတယ်။ သူတို့က ကလေးဆန်လွန်းတဲ့ အဲဒီ့ကောင်လေးကို သနားတဲ့အကြည့်နဲ့ ကြည့်လိုက်ကြပါတယ်။ ခဏအကြာမှာ ကောင်လေးက ထပ်အော်လိုက်ပါတယ်။

“အဖေ တိမ်တွေကကျွန်တော်တို့ကို ပြေးလိုက်လာနေတယ်”

အဲဒါကိုကြားတော့ မနေနိုင်တော့တဲ့ စုံတွဲက ဖခင်ဖြစ်သူကိုပြောလိုက်တယ်..

“အဖိုးရဲ့သားကို ဆရာဝန်ကောင်းနဲ့ပြသပြီး သေချာကုသပေးသင့်တယ်နော်”

အဖိုးအိုကလည်းပြုံးလိုက်ပြီး “ကျွန်တော်တို့ အခုပဲဆရာဝန်ဆီကပြန်လာတာပါ။ ကျွန်တော့်သားကမွေးကတည်းက မျက်လုံးမမြင်ပါဘူး။ ဒီနေ့မှစပြီး သူမြင်ရတာပါ” လို့ပြန်ပြောလိုက်ပါတယ်။

တစ်ခါတလေမှာ ပြသနာတစ်ခုခု ဒါမှမဟုတ် လူတစ်ယောက်ယောက်ရဲ့အကြောင်းကို သေချာမသိပဲ မဝေဖန်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးရဲ့နောက်ကွယ်မှာ သင့်ကိုတုန်လှုပ်စေနိုင်တဲ့ အမှန်တရားတွေ ရှိနေလို့ပါပဲ။

READ
ငွေရဲ့တန်ဖိုးထက် အရေးကြီးတဲ့ လူရဲ့တန်ဖိုး

Livin3.com မှပုံပြင်လေးတစ်ပုဒ်အား ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE