အံ့မခန်းကကွက်တွေနဲ့ ဒိုင်တွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့ ပြိုင်ပွဲဝင်စုံတွဲ

ပြိုင်ပွဲတစ်ခုမှာ ၀င်ရောက် ယှဉ်ပြိုင်တဲ့အခါ လူအများရှေ့မှာ အမှတ်ပေးဒိုင်လူကြီးတွေရဲ့ အံ့သြလေးစားမှုကို ခံယူရတာလောက် ကောင်းမွန်တဲ့ ခံစားချက်မရှိပါဘူး။ ပြီးခဲ့တဲ့ အပတ်တုန်းက ကျင်းပခဲ့တဲ့ World of Dance ပြိုင်ပွဲမှာ ချယ်ရတီ-အန်ဒါစန်နဲ့ အန်ဒရေ-အန်တိုနီယိုတို့ နှစ်ဦးဟာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်တွေက ယခင်တစ်ခါမှ မပေးခဲ့ဖူးတဲ့ အမှတ်ကောင်းတွေနဲ့ ပြိုင်ပွဲနောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အန်ဒါစန်နဲ့ အန်ဒရေတို့ နှစ်ဦးရဲ့ နှစ်ယောက်တွဲ ကကွက်တွေကို ကြည့်ပြီး အကဲဖြတ်ဒိုင် ဂျနီဖာလိုပက်ဇ်တောင်မှ အားပြည့်မာန်ပြည့်နဲ့ ကျေနပ်သဘောကျသွားတဲ့ပုံကို တွေ့ရပါတယ်။ ကျန်တဲ့ ဒိုင်တွေကလည်း သူတို့နှစ်ယောက်ဟာ ကိုယ်ပိုင်အားသာချက်တွေကို အပြည့်အ၀ အသုံးချသွားခဲ့တာကြောင့် ထူးချွန်တဲ့ဖျော်ဖြေမှုဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ကြပါတယ်။

Youtube

ပြိုင်ပွဲမှာတော့ အန်ဒါစန်နဲ့ အန်ဒရေတို့ဟာ Kaleo ရဲ့ Way Down We Go တေးသွားနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပြီး World of Dance သမိုင်းတစ်လျှောက်မှာ ဒိုင်တွေက ချီးမြှင့်တဲ့ အမြင့်ဆုံးရမှတ်တွေကို ရရှိခဲ့ပါတယ်။ ကကွက်တွေဟာ လျင်မြန် မြန်ဆန်တဲ့အပြင် အလှည့်အပြောင်းနဲ့ အချိုး အကွေ့တွေ မျိုးစုံပါဝင်ပါတယ်။ ပြိုင်ပွဲဝင်နှစ်ဦးဟာ တေးသွားနဲ့အတူ ကကွက်တွေထဲမှာ လိုက်ပါစီးမျောနေခဲ့ကြပြီး ကြည့်နေသူတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ ရသပေးနိုင်ခဲ့ပါတယ်။

READ
ဝေဟင်အမြင့် ပေသောင်းချီက လေထီးမပါပဲပြုတ်ကျပေမယ့် အသက်မသေခဲ့တဲ့အမျိုးသမီး
educateinspirechange.org

အခုဆိုရင်တော့ အန်ဒါစန်နဲ့ အန်ဒရေတို့ဟာ ပြိုင်ပွဲရဲ့ Cut rounds နောက်တဆင့်ကို အမှတ်ပြည့်နဲ့ ဆက်လက် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ထူးခြားတဲ့ ကကွက်ဆန်းတွေနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ အန်ဒါစန်နဲ့ အန်ဒရေတို့ဟာ နောက်ဆုံးဖိုင်နယ်မှာ အနိုင်ရသူတွေကို ဆုချီးမြှင့်မယ့် ဒေါ်လာ(၁) သန်းနဲ့ အတော်ကြီး နီးစပ်နေပြီလို့ ခန့်မှန်းရပါတယ်။ အသက်(၁၇) သာရှိပေမယ့် အကမှာ ထူးချွန်လွန်းလှတဲ့ အမေရိကန်လေးနှစ်ဦးရဲ့ ကကွက်ဆန်းတွေကို အောက်က ဗီဒီယိုလေးမှာ အခုလို တွေ့ရမှာပါ။

လင်းလင်း (ShweMom)

Ref: educateinspirechange

SHARE