ရီဝေခြင်း ရပ်သပ်ရှုမောခြင်းတွေကို တစ်ပြိုင်တည်းပေးစွမ်းမယ့် ဘီယာရထားကြီး

အခုနောက်ပိုင်းမှာဆို ခရီးသွားလာတဲ့နေရာမှာ မီးရထားကို အရင်တုန်းကလောက် ဦးစားပေးရွေးချယ်တာ၊ တွင်တွင်ကျယ်ကျယ် အသုံးမပြုကြမျိုး သိပ်မရှိကြတော့ပါဘူး။ ဒါပေမယ့် ကော်လိုရာဒို ပြည်နယ်က ရှေးဟောင် အမွေအနှစ်တစ်ခုဖြစ်တဲ့ Durango and Silverton Narrow Grague ရထားလမ်းကတော့ အခုထိ ခရီးသွားသူတွေနဲ့ စည်းကားနေပါတယ်။

အဲ့ဒီရထားလမ်းမှာ Durango ဘီယာရထားကြီးတစ်စင်းက တစ်နှစ်ကို နှစ်ကြိမ်ပြေးဆွဲလျက်ရှိပါတယ်။ ဒီ မီးရထားကြီးက (၁၉၂၀) ခုနှစ်ကတည်းက သဘာဝပဒေသာတွေကို ဖြတ်သန်းပြီး Animas မြစ်တစ်လျှောက် ခုတ်မောင်ခဲ့တဲ့ တောင်လမ်းခရီးကို ပြေးဆွဲခဲ့ကြောင်းသိရတယ်။

thrillist

ကော်လိုရာဒို ပြည်နယ်ထဲက အလှအပ ရှုခင်းတွေကို ဘီယာသုံးဆောင်ရင်းနဲ့ ခံစားနိုင်တဲ့ အလည်အပတ်သီးသန့် ခရီးစဉ်တစ်ခုလည်းဖြစ်တယ်။ ပုံမှန် ရထားတွေလိုပဲ စတင်ပြေးဆွဲခဲ့ပြီး  San Juan အမျိုးသားသစ်တောထဲမှာ ရှိတဲ့ Cascade ချောက်ဝှမ်းတစ်လျှောက် ရင်သပ်ရှုမောဖွယ် သဘာဝအလှအပတွေကိုလည်း ခံစားရမယ်။

READ
ဂျပန်နိုင်ငံထဲက ထူးခြားတဲ့ စာခြောက်ရုပ်ကျေးရွာ

မြစ်ရဲ့ အမြင့်ပေ (၅၀၀) အထိရောက်သွားတဲ့ နေရာမှာဆို ထူးခြားတဲ့ အခိုက်တန့်တစ်ခုရရှိမှာဖြစ်တယ်လို့ ဈေးကွက်ဒါရိုက်တာ Robbins ကပြောပြထားတာတွေ့ရတယ်။ ဘီယာကိုလည်း ကိုယ့်ခုံနေရာထိ ယူသွားနိုင်တယ်။ Cascade ကိုသွားတဲ့လမ်း တောလမ်းတစ်နေရာရောက်ရင် အားလုံးဆင်းနိုင်တယ်။

thrillist

အဲ့ဒီမှာ အကျွေးအမွေး တာဝန်ယူသူတွေ၊ အစားအသောက်တွေ၊ ဂီတတွေနဲ့ ခရီးသည်တွေ အနားယူဖို့ ပြင်ဆင်ပေးထားတယ်။ ခရီးတစ်ထောက်နားချိန်မှာ နေ့လည်စာ၊ တေးဂီတ ဖျော်ဖြေမှုတွေကို စီစဉ်ပေးထားပြီး ဘီယာဆို ဘုံပေါလအော ရနိုင်ပါသတဲ့။

thrillist

ဘီယာဆိုလည်း ကော်လိုရာဒိုပြည်နယ်ထွက် ဘီယာအစုံရရှိပြီး (၂၀၁၈) ခုနှစ်ထဲမှာ နောက်ထပ် ဘီယာ တံဆိပ် (၄) ခုကို ရရှိနိုင်တဲ့ စာရင်းထဲ ထပ်တိုးခဲ့ပါတယ်။

eat_sleep_crafbeer

ဒီနှစ်ထဲမှာတော့ ခရီးစဉ်ကို စက်တင်ဘာလ (၂၉) ရက်ပြေးဆွဲခဲ့ပြီး တစ်ကြိမ်သာပြေးဆွဲဖြစ်ခဲ့တယ်လို့ သိရတယ်။ များသောအားဖြင့် တစ်နှစ်ကို နှစ်ကြိမ် ပြေးဆွဲပြီး စက်တင်ဘာလမှာပဲ ရက်သတ္တခြားပြေးဆွဲနေကြဖြစ်တယ်။ ဒီ ခရီးစဉ်ကို ဘီယာလည်းသောက်ရင်း ထိန်းသိမ်းထားတဲ့ သဘာဝသစ်တောရဲ့ အလှအပတွေကို ခံစားနိုင်တဲ့ စိတ်ဝင်စားဖွယ် ခရီးတစ်ခုအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။

READ
ဘဝမှာ ချစ်သူခင်သူတွေနဲ့အတူ အနည်းဆုံးတစ်ခေါက်တော့ ရောက်ဖူးသင့်တဲ့ နေရာ (၉) နေရာ

Source: Thrillist

Matthew

 

 

 

 

SHARE