ဒေါ်လာ(၄၆၀၀၀)နဲ့ ထိုင်းလေလံမှာ အောင်ပွဲခံနိုင်ခဲ့တဲ့ အံ့ဖွယ်ဒူးရင်းသီး

YouTube/CGTN

ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ ဒူးရင်းသီးတစ်လုံးဟာ ဒေါ်လာ(၄၈၀၀၀)နဲ့ ရောင်းထွက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဒူးရင်းသီးရဲ့ ဈေးနှုန်းဟာ အလွန်အမင်းများပြားတဲ့ ပမာဏဖြစ်ပြီး၊ လူမှုကွန်ရက် အင်တာနက်ပေါ်အထိ ပျံ့နှံ့နေပါတယ်။ ဒူးရင်းသီးဆို အနံ့တောင် မခံနိုင်သူတွေကတော့ အလကားပေးတောင် မယူဘူးလို့ ငြင်းမှာ သေချာပေမယ့်-

ဒူးရင်းသီးနဲ့စီးပွားဖြစ်နေသူတွေ ဒူးရင်းသီးအကြောင်း နာလည်သူတွေကတော့ ဒီဖြစ်ရပ်ဟာ သိပ်ပြီး ဆန်းကျယ်တာမျိုးတော့ မဟုတ်ပါဘူး။ အခုလေလံပွဲကို နွန်သာဘူရီမှာကျင်းပခဲ့တာဖြစ်ပြီး King of Durian festival လို့ အမည်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဒူးရင်းလေလံပွဲမှာ အနယ်နယ်အရပ်ရပ်က အကောင်းဆုံး ဒူးရင်းသီးတွေကို ပြသရောင်းချခဲ့တာပါ။

ဒူးရင်းသီးအမျိုးအစားကတော့ Kanyao အမျိုးအစားဖြစ်ပြီး၊ ရှားပါးဒူးရင်မျိုးနွယ်ပါ။ အခြားဒူးရင်းသီး (၈)လုံးလည်း အတူပြသခဲ့တာဖြစ်ပြီး အနီရောင်ကတ္တီပါကောဇောဖုံးထားတဲ့ ခေါင်းအုံးလေးတွေနဲ့ မော်ဒယ်တွေက ကိုင်ချီပြသခဲ့ပါတယ်။ အခု ရောင်းထွက်ခဲ့တဲ့ ဒူးရင်းသီးကို အနီးအနား ဒူးရင်းစိုက်ပျိုးရေးလုပ်ငန်းက လေလံပွဲမတိုင်မီ ခူးယူခဲ့တာပါ။

READ
App အသုံးပြုပြီးပြင်ထားတဲ့ ဓာတ်ပုံတွေနဲ့တူညီအောင် ခွဲစိတ်ပြုပြင်ခဲ့တဲ့ အမျိုးသမီး
YouTube_CGTN

အဆိုပါစိုက်ပျိုးရေးလုပ်ငန်းဟာ Pa Toi Lung Mu မှာ တည်ရှိပြီး၊ Kanyao ဒူးရင်းမျိုးအတွက် ကနဦး ကြမ်းခင်းဈေးကတော့ ဒေါ်လာ(၆၄၀)လို့ သိရပါတယ်။ အဲဒီနောက် ဝယ်လက်တွေက ဈေးမြှင့်ပြီး ကမ်းလှမ်းခဲ့ရာ ဒေါ်လာ (၄၈၀၀၀)အထိ မြင့်မားစွာ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

YouTube_CGTN

အခြား ရှားပါးဒူးရင်းမျိုးတွေဖြစ်တဲ့ Monthong နဲ့ Kop Med Tao တို့ကတော့ ဒေါ်လာ (၉၅၈၅)စီ အသီးသီးရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့(၂၀၁၁)တုန်းက ရေဘေးသင့်ခဲ့ပြီးနောက် ဒူးရင်းသီးအပင်များ သေဆုံးကုန်ခဲ့ခြင်းက ထိုင်းနိုင်ငံတွင်း ဒုးရင်းသီးဈေးကွက်ကို ကိုင်လှုပ်ခဲ့ပြီး၊ ရှားပါး ဒူးရင်းမျိုးနွယ်တွေကလည်း ဈေးကောင်းပိုရလာခဲ့ကြောင်း သိရပါတယ်။

လင်းဇော်ကို (Shwemom)

SHARE