အီးစီးကရက်သောက်သူတွေကို ဖမ်းတော့မယ်လို့ အသိပေးလိုက်တဲ့ သမ္မတ ဒူတာတေး

Facebook/Rodrigo Duterte for President National Chapter

ဖိလစ်ပိုင်နိုင်ငံထဲကို အီးစီးကရက်တွေ သယ်ယူပို့ဆောင်မှုတွေကို တားဆီးတော့မယ့် အပြင် အီးစီးကရက်သောက်သူတွေကိုပါ ဖမ်းဆီးမယ်လို့ ဖိလစ်ပိုင်သမ္မတဒူတာတေးက ပြောခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံတွင်းမှာ အီးစီးကရက်သောက်သုံးမှုကြောင့် လူတစ်ယောက် သေဆုံးမှုဖြစ်ပွားခဲ့တာကြောင့် အခုလို တားဆီးခဲ့ရတာပါ။အသက်သေဆုံးမှုတွေအထိ ရှိလာခဲ့တဲ့ အီးစီးကရက်သောက်သုံးမှုပြဿနာတွေအတွက် အခုလို တားဆီးပိတ်ပင်ရတာပါ။ အခုအချိန်မှာ ကမ္ဘာပေါ်က နိုင်ငံတချို့မှာ အီးစီးကရက်ကို ပိတ်ပင်တဲ့ နိုင်ငံအရေအတွက် တိုးပွာလာနေပြီး ဖိလစ်ပိုင်နိုင်ငံလည်း ပါဝင်လာခဲ့ပါတယ်။

“အီးစီးကရက်တွေကို ပိတ်ပစ်တော့မယ်။ သောက်တဲ့လူတွေရော၊ တင်ပို့ရောင်းချနေတဲ့ လူတွေရောပဲ။ ငါ ပိတ်ပင်ပစ်မယ်။ ဘာကြောင့်လဲ သိလား။ ဘာကြောင့်လဲဆိုတော့ (အီးစီးကရက်တွေက) အဆိပ်တစ်ခုဖြစ်နေလို့ပဲ။ လူထုကျန်းမာရေးကို ကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ဒါကြောင့် ပိတ်ပစ်ရမှာပဲ”လို့ သမ္မတ ဒူတာတေးက ပြောဆိုခဲ့တာပါ။

President Duterte provided his reasons behind the ban on e-cigarettes and vaping. The President issued the ban during…

Posted by Presidential Communications (Government of the Philippines) on Tuesday, 19 November 2019

ဒါ့အပြင် လူမြင်ကွင်းမှာ အီးစီးကရက် သောက်သုံးသူ တွေ့ရှိပါက ချက်ချင်းဖမ်းဆီးပြီး အရေးယူနိုင်တဲ့ ဥပဒေတစ်ရပ်ကိုပါ တစ်ခါတည်း ဆွဲခဲ့ပါတယ်။ သမ္မတဒူတာတေးကိုယ်တိုင်ကလည်း တစ်ခါက စီးကရက်အလွန်အကျွံ စွဲလမ်းခဲ့သူတစ်ယောက်ဖြစ်ပြီး သွေးကြောတွေ ပိတ်လာတဲ့အထိသောက်သုံးခဲ့တာပါ။ ရောဂါဖြစ်ပြီးနောက်မှသာ စီးကရက်ဖြတ်ခဲ့တဲ့ လူတစ်ယောက်ပါ။

“Vaping တွေက လျှပ်စစ်ပစ္စည်းတွေလို့ ပြောကြတယ်။ ငါ့ကို သောက်ရေးမပါတာတွေ လာပြောမနေနဲ့။ ရပ်ပစ်လိုက်တာက ပိုတောင်ကောင်းတယ်။ အခန်းထဲမှာ သောက်တာတောင်မှ တွေ့ရင် ဖမ်းဖို့ ငါ အမိန့်ပေးထားတယ်။ ဆေးလိပ်သောက်တာက ဆေးလိပ်သောက်တာပဲ”လို့ သမ္မတဒူတာတေးက ပြောဆိုခဲ့ပါတယ်။

Facebook/Rodrigo Duterte for President National Chapter

အခုအချိန်မှာ လူငယ်ထုကြားထဲ အီးစီးကရက်သောက်တဲ့လူ အရေအတွက် များပြားလာခဲ့ပါတယ်။ အီးစီးကရက်စွဲလမ်းတဲ့ လူငယ်တွေလည်း များလာခဲ့ပါတယ်။ ဒါ့အပြင် အီးစီးကရက်သောက်သုံးမှုကြောင့် အဆုတ်ရောဂါနဲ့ အသက်သေဆုံးမှုတွေလည်း ရှိလာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စီးကရက်အသောက်အများဆုံးနိုင်ငံတွေထဲက ဒုတိယနေရာမှာ ရှိတဲ့ အိန္ဒိယနိုင်ငံမှာ အီးစီးကရက်များ ရောင်းချမှုကို ပိတ်ပင်ခဲ့ပါတယ်။

ကောက်ယူရရှိထားတဲ့ စစ်တမ်းတွေအရ ၂၀၁၈ ခုမှာ တစ်ကမ္ဘာလုံး အီးစီးကရက်ရောင်းချမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၅.၇ သန်းအထိရှိခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာတော့ အီးစီးကရက်အသုံးပြုမှုနဲ့ သောက်သုံးမှုကို လွတ်လပ်ခွင့်မပေးဘဲ ဆေးရွက်ကြီးထုတ်ကုန်တစ်ခုအဖြစ်သာ သတ်မှတ်ထားပါတယ်။

YYK

SHARE