Gay ဖြစ်ခဲ့ဖူးကြောင်း၊ အမျိုးသမီးတွေနဲ့ ဂရုတစိုက်ကုသခဲ့ရကြောင်း ဖိလစ်ပိုင်သမ္မတဝန်ခံ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မကြာသေးခင်က ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ထူးဆန်းတဲ့ ဝန်ခံမှုကို ပြုလုပ်ခဲ့ပြန်တာကြောင့် အဲဒီအကြောင်းဟာ သတင်းခေါင်းစည်းတွေထက်မှာ နေရာပြန်ယူခဲ့ပြန်ပါတယ်။ သူ့ရဲ့ ဝန်ခံမှုမှာ သူဟာ Gay တစ်ယောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မိန့်ခွန်းထဲမှာတော့ သူဟာ ပြိုင်ဘက်နိုင်ငံရေးသမားတစ်ဦးကို Gay အဖြစ် ချိုးနှိမ်စွပ်စွဲခဲ့ပြီး၊ ဒီလို အဖြစ်မျိုး မိမိကိုယ်တိုင် ဖြစ်ခဲ့ဖူးလို့ ကိုယ်ချင်းစာမိတယ်လို့လည်း ပြောပါတယ်။ ဒူတာတေးက သူရဲ့ ထူးဆန်းတဲ့ Gay စိတ်ကို အမျိုးသမီးတွေနဲ့ ဂရုတစိုက် ကုသခဲ့ရတယ်လို့ ပြောပါတယ်။

သူက ဇနီးငုပ်တုပ်ကြီး ရှေ့မှာရှိနေချိန်မှာပင် အမျိုးသမီးငယ်လေးဦးကို စင်ပေါ်သို့ ဖိတ်ခေါ်လိုက်ပါတယ်။ တစ်ယောက်ချင်းဆီကို အနမ်းခိုင်းခဲ့ပါတယ်။ မူလသတင်းမှာတော့ ဒူတာတေးဟာ သူရဲ့ Heterosexuality ဆိုတဲ့စိတ်ကို သက်သေပြခဲ့တာလို့ ဆိုနေကြပါတယ်။

ဒူတာတေးက ဒီလို အမျိုးသမီးငယ်တွေကို အနမ်းခိုင်းရခြင်းမှာ သူ့အနေနဲ့ Gay ဖြစ်နေတာအတွက် ထိရောက်တဲ့ကုထုံးဖြစ်တယ်လို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူရဲ့ပြိုင်ဘက် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Antonio Trillanes ကလည်း ဟိုမိုတစ်ဦးဖြစ်တယ်လို့ စွပ်စွဲခဲ့တာပါ။

အခြားသတင်းဝက်ဘ်မှာတော့ Antonio ကို ဟိုမိုလို့စွပ်စွဲခြင်းမှာ သူ့ကို လူတစ်ချို့က ပြောဖူးလို့ဆိုပြီး ထမင်းရေပူ လျှာလွှဲလုပ်ထားပါတယ်။ ဒူတာတေးက အဲဒီသတင်းစကားပါးသူတွေကို ရည်ညွှန်းပြီး “ မင်းတို့ကို ငါမေးမယ် .. အခု မင်းမတို့ပြောတာတွေ ဟုတ်ပါ့မလားလို့ မေးတော့ သူတို့က ပြန်ပြောတယ် … ခင်ဗျား တကယ် Gay ဖြစ်နေတဲ့သူတွေကို မေးကြည့်ပါ Antonio က Gay လားဆိုတာ … သူတို့ တညီတညွှတ်တည်း ဖြေကြလိမ့်မယ် … ဟုတ်တယ်ပေါ့ ဒီလို့ ပြောခဲ့ကြတယ် ”လို့ ဆိုပါတယ်။

လင်းသူရိန် (Shwemom)

SHARE