ရပ်ကွက်တွင်း လူကြိုက်အများဆုံး စာအုပ်တွေကို နံရံပန်းချီပြန်ဆွဲခဲ့တဲ့ ဒတ်ခ်ျအနုပညာရှင်

လမ်းပန်းချီအနုပညာရှင်တော်တော်များများက အဆောက်အဦးဟောင်းတွေ၊ ရထားလမ်းဘေး နံရံတွေကို ကင်းဗတ်ရွက်တွေလို သဘောထားပြီး ခြယ်သနေချိန်မှာ ဒတ်ခ်ျအနုပညာရှင်တစ်ဦးကတော့ သူမတူတဲ့ နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ အဲဒါကတော့ သူဟာ သူပန်းချီရေးမယ့် နေရာက လူတွေကိုပါ ပန်းချီထဲ ပူးပေါင်းဆောင်ရွက်မှု ပြုစေခဲ့တာပါ။ သူ့နာမည်ကတော့ Jan Is De Man ပဲ ဖြစ်ပါတယ်။

Image credits: maria_postema

သူဟာ နယ်သာလန်နိုင်ငံ Utrecht မြို့မှာ ရှိတဲ့ အဆောက်အဦးတစ်လုံးပေါ်မှာ စာအုပ်စင်တွေကို နံရံပန်းချီအဖြစ် ခြယ်မှုန်းခဲ့တာ ဖြစ်ပါတယ်။ Jan Is De Man ကို ပန်းချီကူရေးဆွဲပေးခဲ့သူကတော့ Deef Feed ဆိုသူပါ။ Deef Feed ဟာ အခြားနံရံပန်းချီတွေလည်း ရေးနေတဲ့အပြင် Blackbook Tattoos ဆိုင်ရဲ့ ဆိုင်ပိုင်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Image credits: maria_postema

Jan Is De Man ကတော့ စာအုပ်နံရံပန်းချီဖြစ်ပေါ်လာပုံနဲ့ ပတ်သက်လို့ အိုင်ဒီယာရလာပုံကို အခုလို ပြောပြပါတယ်။ “…ကျွန်တော်က အိမ်အောက်ထပ်မှာ နေတဲ့သူတွေနဲ့ သိပါတယ်။ သူတို့က ကျွန်တော့်လက်နဲ့ ဖန်တီးတာလေး တစ်ခုခုကို လိုချင်ကြတယ်။ ကျွန်တော်ကြိုက်တာ ဆွဲပါပေါ့။ ပြီးတော့ ရပ်ကွက်သူ ရပ်ကွက်သားတွေလည်း နှစ်သက်မယ့် အရာလေးပေါ့။ ဒီလိုပြောပါတယ်။ ပထမတော့ ကျွန်တော်စဉ်းစားလိုက်တာက အပြုံးပုံလေး ဆွဲမယ်ပေါ့။ ပြုံးနေတဲ့ အရုပ်အကြီးကြီးဆွဲမယ်ပေါ့။ ဘာလို့လဲလို့တော့ နေ့တိုင်း လူတွေက ဒီအပြုံးလေးကို မြင်ရင် ပိုစိတ်ချမ်းသာလိမ့်မယ်လို့ ယူဆတယ်လေ။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ အိုင်ဒီယာက အရမ်းရိုးနေတယ်လို့ ကျွန်တော် မြင်လာတယ်….”

READ
သာမန်အရာတွေကို စိတ်ကူးယဉ်ဆန်ဆန် ဖြစ်အောင် တင်ဆက်ထားတဲ့ ဓာတ်ပုံများ

“နောက်တော့ 3D ပုံစံမျိုးလေး ဆွဲရင်ကောင်းမလားလို့ စဉ်းစားမိတယ်။ ဒါနဲ့ အိမ်ရဲ့ ပုံစံရယ်၊ နေရာအနေအထားရယ်ကို ကြည့်ပြီး ဗြုန်းဆို အကြံရလာတယ်။ စာအုပ်စင်အကြီးကြီးတစ်ခု ဆွဲမယ်ဆိုပြီးတော့။ လူတွေလည်း ကြိုက်ကြမှာပဲလို့ ကျွန်တော်သိလိုက်တယ်လေ….”

Image credits: maria_postema

ထို့နောက်မှာတော့ Jan Is De Man ဟာ ရပ်ကွက်အတွင်း လှည့်လည်ပြီး လူတွေကို သူတို့ရဲ့အကြိုက်ဆုံးစာအုပ်တွေနာမည်ကို စာရင်းကောက်ပါတယ်။ ဒါပေမယ့် စာအုပ်တွေထဲမှာတော့ နိုင်ငံရေးစာအုပ်တွေနဲ့ ဘာသာရေးစာအုပ်ေတွကို မထည့်သွင်းဖို့ သူက ဆုံးဖြတ်ခဲ့ပါတယ်။ Jan Is De Man နဲ့ Deef Feed တို့ဟာ ကနဦးပိုင်းမှာ စာအုပ်စင်အိုင်ဒီယာကို စာရွက်ပေါ်မှာ အရင်ရေးဆွဲပြီး နောက်တော့မှ အဆောက်အဦးပေါ်ကို ဒီဇိုင်းတင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ပတ်ကြာ ကြိုးစားပမ်းစား ရေးဆွဲပြီးနောက်မှာတော့ အခုလို ကြည့်လိုမ၀အောင် လှလွန်းတဲ့ နံရံပန်းချီကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

READ
အမှိုက်ခွံတွေကို လက်ရာမြောက်တဲ့အရုပ်တွေအဖြစ် ဖန်တီးခဲ့သူ အနုပညာရှင်
Image credits: maria_postema
Image credits: maria_postema
Image credits: maria_postema
Image credits: maria_postema

လင်းလင်း (ShweMom)

Ref: boredpanda

SHARE