Lockdown ကာလမှာ Single တွေကို အဖော်ရှာဖို့ တွန်းအားပေးနေတဲ့ နယ်သာလန်အစိုးရ

Pixabay-Pexels

လက်ရှိ COVID 19 ဖစ်နေတဲ့ ဒီလိုကာလမျိုးမှာ လူတိုင်းနီးပါး မဖြစ်မနေအိမ်မှာပဲ နေသင့်ပါတယ်။ ဒီလိုနေမှလည်း ရောဂါကို ကာကွယ်ပြီးသားဖြစ်တဲ့အပြင် ကူးစက်နှုန်းကလည်း တဖြည်းဖြည်းနဲ့ ကျသွားပြီး ရောဂါကူးစက်မှု နှုန်းနှေးသွားမှာပဲ ဖြစ်ပါတယ်။

Pixabay-Anemone123

လူတော်တော်များများ ဒီလိုအချိန်မျိုး အိမ်မှာနေနေကြတာကတော့ မိသားစုတွေအပြင် တစ်ချို့တစ်ယောက်တည်းနေသူတွေကလည်း သူတို့အိမ်မှာ သူတို့ချစ်သူတွေကို ခေါ်ထားကြပါတယ်။ ဒီလိုတစ်ယောက်တည်းနေပြီး ချစ်သူမရှိတဲ့သူတွေကို Lockdown မချခင်မှာကော၊ Lockdown ကာလအတွင်းမှာပါ ချစ်သူတစ်ယောက်(သို့မဟုတ်) အတူနေမယ့် အဖော်တစ်ယောက် အမြန်ဆုံးရှာဖို့ တိုက်တွန်းခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-StockSnap

ဒီလိုရှာခိုင်းတာလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်ဟာ တစ်ယောက်တည်းအိမ်မှာနေပြီး အပြင်ထွက်နေရတဲ့အချိန် မသိသာပေမယ့် အိမ်မှာပဲ အချိန်ပြည့်တစ်ယောက်တည်းနေနေရချိန်ဆို သိသာလာပါတယ်။ အချိန်ပြည့် စိတ်ဓာတ်တွေကျပြီး စိတ်ရောဂါတောင် ထိခိုက်နိုင်တဲ့ အခြေအနေမျိုးပါ။ အနည်းဆုံး ကိုယ့်အနားမှာ Partner တစ်ယောက်လောက်ရှိမှ အဆင်ပြေနိုင်မှာပါ။ ပြီးတော့ Lockdown ဆိုတဲ့အရာကလည်း အပြင်မှာ ရောဂါကူးစက်မှုတွေ ရှိနေသရွေ့တော့ Lockdown ချထားအုံးမှာ ဖြစ်ပါတယ်။

READ
မိခင်ကိုမမြင်တော့တာနဲ့ အော်ငိုတတ်တဲ့ကလေးတွေရဲ့ ပြဿနာကိုဖြေရှင်းနည်း
Pixabay-Pexels

“ ကျွန်တော်တို့ ဒီလိုပြောတာဟာ တကယ်အကြံပေးတဲ့အနေနဲ့ ပြောတာပါ။ မိသားစုဆွေမျိုးမရှိတဲ့ အိမ်တစ်အိမ်မှာ လူတစ်ယောက်ဟာ အပြင်လည်းမထွက်ရပဲ အိမ်ထဲမှာပဲ တစ်ယောက်တည်းနေရတဲ့ ကိစ္စဟာ ထင်သလောက်မလွယ်ကူပါဘူး။ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကျွန်တော်တို့အနေနဲ့ ကြိုတင် သတိပေးထားတဲ့ သဘောမျိုးပါ။ ပြီးတော့ Lockdown ဆိုတဲ့အရာက ဘယ်လောက်အထိကြာနိုင်တယ်ဆိုတာ ဘာမှပြောလို့မရနိုင်တဲ့ အခြေအနေမျိုးမို့လို့ပါ” လို့ နယ်သာလန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

” တွေ့ကရာလူနဲ့ ဆက်ဆံနေမယ့်အစား ၊ နှစ်ဦးသဘောတူ လူနှစ်ယောက် အတူတကွ အဆင်ပြေအောင် နေ,နေတာက ပိုကောင်းပါတယ်။ မတော်တဆ ရောဂါကူးစက်ခံရရင်လည်း ခြေရာခံဖို့အတွက် အလွန်လွယ်ကူပါတယ်” လို့လည်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသွားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE