နေရောင်ခြည်စွမ်းအင်သုံးလှေ ဖန်တီးပြီး မြစ်အတွင်းသန့်ရှင်းရေးလုပ်နေတဲ့ အမျိုးသား

boredpanda

ဒတ်ခ်ျ်အမျိုးသားတစ်ဦးဖြစ်တဲ့ ဘိုယန်ဆလက်ဟာ သဘာဝပတ်ဝန်းကျင်အရေးကို အရမ်းစိတ်ပါဝင်စားသူတစ်ယောက်ပါ။ သူ့အသက် (၁၆) နှစ်တုန်းက ဂရိနိုင်ငံဆီ အလည်သွားရင်း ပင်လယ်ထဲမှာ ငါးတွေထက်စာရင် ပလတ်စတစ်တွေကပိုများနေတဲ့အတွက် သူတော့တစ်ခုခုလုပ်မှရမယ်ဆိုပြီး ဆုံးဖြတ်ထားခဲ့သူလည်း ဖြစ်ပါတယ်။

Facebook/TheOceanCleanup

(၂) နှစ်အကြာမှာတော့ ဘိုယန်က The Ocean Cleanup ပရောဂျက်ကို စတင်ပါတယ်။ ပလတ်စတစ်တွေကို တစ်စုတစ်စည်းထဲဖြစ်အောင် လိုက်ကောက်ပေးတဲ့ ရေပေါ်စက်တစ်စင်းကို သူ တီထွင်ခဲ့ပါတယ်။ ဘိုယန်က ဒီမှာတင်မရပ်သေးပါဘူး။ သူက မကြာသေးခင်ကလည်း ၄င်းဆိုလာအားသုံးလှေတွေနဲ့ မြစ်တွေထဲက ပလတ်စတစ်တွေကို ဆယ်ယူပြီး ပလတ်စတစ်တွေ ပင်လယ်ထဲမရောက်အောင် ဟန့်တားနိုင်ခဲ့ပါတယ်။

Facebook/TheOceanCleanup

အခုဆိုရင် ဘိုယန်က အသက် (၂၅) နှစ်ရှိပါပြီ။ ဒတ်ခ်ျလူမျိုး စွန့်ဦးတီထွင်သူဖြစ်တဲ့ ဘိုယန်က ပင်လယ်တွင်းညစ်ညမ်းမှုပြဿနာကို (၂၀၁၁) ခုနှစ်ထဲက ဖြေရှင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဘိုယန်ဖန်တီးထားတဲ့ ဆိုလာစွမ်းအင်သုံးလှေတွေဟာဆိုရင် တစ်နေ့ကိုအမှိုက်တန်ချိန် (၁၁၀) လောက် မြစ်ထဲကနေ ဆယ်ယူနိုင်ပါတယ်။ အခုဆိုရင်တော့ နှစ်တွေအကြာကြီးရှိတဲ့အခါ ဘိုယန်ဟာ မြစ်တွေထဲက သင်္ဘောကွန်တိန်နာနှစ်လုံးစာလောက်ရှိတဲ့ အမှိုက်တွေကို ဆယ်ယူရရှိခဲ့ပြီး ဖြစ်တယ်လို့ Boredpanda က ဆိုပါတယ်။

READ
ဇိမ်ခံကားဝယ်နိုင်တဲ့ အထိအောင်မြင်နေတဲ့ (၁၂)နှစ်အရွယ် Makeup Artist လေး
Facebook/TheOceanCleanup

အင်ဂျင်နီယာတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေပြောပုံအရတော့ ကမ္ဘာတစ်လွှားက မြစ်ပေါင်း (၁၀၀၀) တို့ဟာ ပင်လယ်ထဲရောက်နေတဲ့ ပလတ်စတစ်ပေါင်း (၈၀) ရာခိုင်နှုန်းနဲ့ သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ ဘိုယန်က သူ့ရဲက ဆိုလာစွမ်းအင်သုံး ၀မ်းပြားလှေကိုတော့ Inceptor barge လို့ခေါ်ပြီး ပင်လယ်တွင်းရောက်နေတဲ့ အမှိုက်ပြဿနာကို ဒီလှေတွေအားကိုးနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။ ဘိုယန်ရဲ့လှေဟာ ရေလှိုင်းတွေရဲ့လှိုင်းခတ်အားနဲ့ အလိုအလျောက်ရွေ့လျားတာဖြစ်ပြီး မြစ်ထဲမှာ မျောသွားရင်း အမှိုက်တွေနဲ့ပလတ်စတစ်တွေကိုကောက်ယူတာလို့လည်း သိရပါတယ်။

Facebook/TheOceanCleanup

အခုဆိုရင် ဘိုယန်ရဲ့လှေတွေနဲ့ မလေးရှားကွာလာလမ်ပူက ကာလန်းမြစ်နဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က ဆန်ကရန်းရေမြောင်းတွေထဲပါ အမှိုက်တွေလိုက်ဆယ်ဖို့လုပ်နေပါတယ်။ ဘိုယန်ကတော့ သူ့ရဲ့ The Ocean Cleanup မှာလူတိုင်းပါဝင်နိုင်ကြောင်းနဲ့ တကယ်လို့ မိမိနိုင်ငံထဲက မြစ်တွေချောင်းတွေထဲ လှေနဲ့ အမှိုက်ဆယ်ချင်တယ်ဆိုရင် ဒေသခံအစိုးရကို အသနားခံစာအရင်တင်ပြီး သူတို့ကိုအကူညီတောင်းနိုင်တယ်လို့ လည်း ပြောပြထားပါတယ်။

Interceptor 004 departure from Rotterdam

Now that Interceptor 004 is well on its way to the Dominican Republic, here's a look back at Boyan and the team sending it off.

Posted by The Ocean Cleanup on Monday, February 24, 2020

Facebook/TheOceanCleanup

လင်းလင်း (ShweMom)

SHARE