မိတ်လိုက်နေတဲ့ ပန်ဒါနှစ်ကောင်ကြောင့်အပျော်ကြီးပျော်ခဲ့ရတဲ့ တိရစ္ဆာန်ရုံဝန်ထမ်းတွေ

Facebook

ပန်ဒါနှစ်ကောင် မိတ်လိုက်နေတာကို မြင်ရလို့ အဲဒီ တိရစ္ဆာန်ရုံက ၀န်ထမ်းတွေ အပျော်ကြီး ပျော်ခဲ့ရတယ်ဆိုရင် ကြားရသူတွေအနေနဲ့ ယုံနိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုအဖြစ်မျိုးကို တိရစ္ဆာန်ရုံဝန်ထမ်းတစ်ယောက်အနေနဲ့ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ မြင်တွေ့ရနိုင်တာပဲလေ။

ဒါပေမယ့် နယ်သာလန်နိုင်ငံ၊ ဒီရန်းတိရစ္ဆာန်ရုံမှာ အလုပ်လုပ်ကြတဲ့ ၀န်ထမ်းတွေကတော့ ပန်ဒါနှစ်ကောင် မိတ်လိုက်နေတာကို မြင်ရတဲ့အချိန်မှာ အပျော်ကြီးပျော်နေကြပြီး သူတို့က ဓာတ်ပုံတောင်ရိုက်ထားလိုက်ကြပါသေးတယ်။

ဘာကြောင့်လဲဆိုတော့ ဒီ ပန်ဒါ နှစ်ကောင် က (၂၀၁၇)ခုနှစ်ကတည်းက ဒီ တိရစ္ဆာန်ရုံကို ရောက်ခဲ့တာဖြစ်ပြီး (၃)နှစ်ကြာတဲ့အထိ ဒီလိုမျိုး မလုပ်ခဲ့ဖူးတာကြောင့်ပါ။

ဒီပန်ဒါဝက်ဝံတွေက တရုတ်နိုင်ငံကနေ ရောက်ရှိလာခဲ့တာဖြစ်ပီး စင်ယာ နဲ့ ၀ူဝမ် လို့ နာမည်ပေးထားကြပါတယ်။

Facebook

တိရစ္ဆာန်ရုံဝန်ထမ်းတွေခမျာ ဒီ တစ်ရုံလုံးမှာ ပန်ဒါနှစ်ကောင်ပဲ ရှိတာကြောင့် သူတို့တွေ မိတ်လိုက်ပါမှ နောက်ထပ် ပန်ဒါဝက်ဝံတွေပိုပြီး ရနိုင်မှာ ဖြစ်တာကြောင့် ဒီ နှစ်ကောင်ကိုပဲ အချိန်ပြည့် စောင့်ကြည့်နေခဲ့ရတာပါ။

READ
အိန္ဒိယမှာ တောင်းစားခဲ့ရပေမယ့် ကမ်းဘရစ်ခ်ျတက္ကသိုလ် တက်ရောက်ခွင့်ရခဲ့သူ

ဒါပေမယ့်လည်း သူတို့ မျှော်လင့်ထားသလိုဖြစ်ဖို့က (၃)နှစ်လောက် ကြာခဲ့ပြီး နောက်ဆုံးမှာမှ ဒီ ပန်ဒါနှစ်ကောင် ကဲ နေကြပုံတွေကို မြင်တွေ့ခဲ့ရတာပါ။

အဲဒီနောက်မှာတော့ တိရစ္ဆာန်ရုံဝန်ထမ်းတွေဟာ ဒီပန်ဒါနှစ်ကောင်ထဲက အမဖြစ်တဲ့ ၀ူဝန် ရဲ့ ဆီးကို နေ့စဉ် ရယူဖို့စီစဉ်ခဲ့ရပြီး သူ့ဆီမှာ ရင်သွေး ရှိ၊မရှိ ကို စစ်ဆေးရမှာဖြစ်ပါတယ်။

တိရစ္ဆာန်ရုံဝန်ထမ်းတွေသာ ကံကောင်းမယ်ဆိုရင် လာမယ့်နှစ်မှာ နောက်ထပ် ပန်ဒါဝက်ဝံ အသေးလေးတွေကို မြင်တွေ့ရဖို့ရှိနေပြီး သူတို့ လိုချင်တာရဖို့ တစ်နှစ်လောက်တော့ ထပ်ပြီး စောင့်ဆိုင်းနေကြရဦးမှာပါ။

Linn

SHARE