ဟောင်ကောင်တခွင်မှာ ကြက်ကြော်စားရင်း ပျော်ပါးခဲ့ကြတဲ့ သူတို့နှစ်ယောက်

Rodrigo Duterte ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အုပ်ချုပ်ပုံ ခပ်ကြမ်းကြမ်းနဲ့ သမ္မတတစ်ဦးဖြစ်ပြီး Kim Jong-un ကတော့ မြောက်ကိုရီးယားရဲ့ အင်အားကြီးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ကမ္ဘာကို မျက်ခုံးလှုပ်စေတဲ့ သမ္မတနှစ်ဦး ဟောင်ကောင်မှာ အတူတူရှိခဲ့ကြတယ် ဆိုပါစို့။ အဲဒီသတင်းဟာ တစ်ကမ္ဘာလုံးရဲ့မီဒီယာတွေ ခေါင်းကြီးပိုင်းမှာ နေရာယူထားကြမှာပါ။

SCMP

တကယ်လည်း အတူရှိခဲ့ကြပါတယ်။ သို့ပေမယ့် အစစ်အမှန်တော့ မဟုတ်ဘဲ ခွဲမရအောင် တူနေကြတဲ့ သမ္မတနှစ်ယောက်ပါ။

Duterte နဲ့ လွန်စွာတူတဲ့ အမျိုးသားဟာ Duterte ရဲ့ အမှတ်သင်္ကေတ အဝတ်အစားဖြစ်တဲ့ အဖြူရောင်ရှပ်အကျီင်္နဲ့ အမည်းရောင်ဘောင်းဘီတို့ကို ဝတ်ဆင်ထားပါတယ်။ Kim-Jong-un နဲ့ တူသူကလည်း သူ့ရဲ့ unique ဖြစ်တဲ့ ဆံပင်ပုံစံနဲ့ ဝတ်ဆင်နေကျ အမည်းရောင်အထက်အောက်အကျီင်္ကိုသာ ဝတ်ဆင်ထားပါတယ်။

SCMP

၂၀၁၈ တုန်းကလည်း ဟောင်ကောင်မှာရှိတဲ့ ဖိလစ်ပိုင်အခြေစိုက် fast food အရောင်းဆိုင်ဖြစ်တဲ့ Jollibee မှာ တကယ့်ဖိလစ်ပိုင်သမ္မတ Duterte က လာရောက်စားသုံးသွားတော့ အချို့မသိတဲ့လူတွေဆိုရင် တကယ့် Duterte နဲ့ Kim Jong-un တို့လို့တောင် ထင်မှတ်နေခဲ့ကြပါတယ်။

READ
မတော်တဆမှုကြောင့် မျက်စိကွယ်ပြီး ဘဝဆိုးခဲ့ရရှာတဲ့ ရှေ့နေလောင်းမလေး
SCMP

အသက် (၅၇) နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသားအမျိုးသားဟာ စစချင်းတော့ သူတို့ရဲ့သမ္မနဲ့ ရုပ်ချင်းဆင်ရတာကို အရမ်းစိုးရိမ်မိတယ်လို့ ဆိုပါတယ်။ Duterte ဟာ နိုင်ငံမှာ မူးယစ်ဆေးသုံးစွဲသူများကို ပစ်သတ်ကာ အမြစ်ပြတ်ချေမှုန်းနေသူမို့ လူမုန်းများနေမှာ အမှန်ပါ။ ဒါကြောင့် တော်ကြာသူ့ကိုများ သမ္မတနဲ့မှားယွင်းပြီး သတ်သွားမလားလို့ စိုးရိမ်ခဲ့ရတယ်လို့ အမျိုးသားမှဆိုပါတယ်။ သို့ပေမယ့် သူဟာ ၂၀၁၂ ခုနှစ်ကတည်းက အခုလို Duterte အမွှာလို ရုပ်ချင်းဆင်တဲ့သူတစ်ယောက်အဖြစ် နေထိုင်နေခဲ့ပြီး အခုအချိန်အထိ အသက်မသေသေးတဲ့အတွက် စိတ်ချရမယ်လို့တော့ထင်တယ်လို့ ပြောခဲ့ပါတယ်။

SCMP
EPA

Kim Jong-un နဲ့ ဆင်တူလွန်းသူကတော့ Howard X လို့သိရပြီး Cresencio’s agent မှာ သရုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

SCMP

သူတို့နှစ်ဦးဟာ ဟောင်ကောင်ရဲ့ St. Joseph ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး နေ့လည်စာကို Jollibee မှာ ကြက်ကြော်ထိုင်စားခဲ့ကြရင်း Beatlemania မှာ လူတွေနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။ သူတို့မြို့ထဲသွားလည်ခဲ့ကြတဲ့ နေ့ဟာ ဟောင်ကောင်မှာ အာရှတစ်ခွင်မှအလုပ်သမားတွေ နားရက်ရတဲ့နေ့မို့လို့ မြို့ထဲလည်ပတ်သူများနေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မထင်မှတ်ထားဘဲ အခုလို ရုတ်ရုတ်သဲသဲအားပေးမှုကြီး ဖြစ်သွားခဲ့ရပါတယ်။

READ
လေယာဉ်မောင်းရင်း ယာဉ်မောင်းခန်းထဲမှာ အိပ်ပျော်နေတဲ့ လေယာဉ်မှုး
SCMP
EPA

Source: Scmp, Arab News

Penny

 

 

SHARE