ကာကွယ်ဆေး မပေါ်မချင်း ကျောင်းပြန်မဖွင့်ဟု ဖိလစ်ပိုင် သမ္မတ Duterte ပြော

Facebook/RodyDuterte

Rodrigo Roa Duterte ကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ (၁၆) ယောက် မြောက် သမ္မတပါ။ အသက် ကတော့ (၇၅)နှစ် ရှိ နေပါပြီ။ အ ပြောကြမ်းကြမ်းနဲ့ ဒဲ့တိုး ပြောတတ်သလို ပြောရင် ပြောသလို လုပ်တတ်တဲ့ သမ္မတ တစ်ယောက်ပါ။ ရက်ရက်စက်စက်နဲ့ တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ အုပ်ချုပ်တတ်တဲ့ သမ္မတ အဖြစ် လူသိများပါတယ်။ဒူတာ တေး ကတော့ ကပ်ရောဂါ နဲ့ ကျောင်း ပြန်ဖွင့်ဖို့၊မဖွင့်ဖို့ အစီအစဉ် အ ပေါ် သူ့ နိုင်ငံမှာ တော့ ဘယ်လို လုပ်မလဲ ဆို တာကို ပွင့်ပွင့်လင်းလင်း ထုတ် ပြောလိုက်ပါတယ်။ဒီ အကြောင်းကိုတော့ times of india နဲ့ bangkokpost တို့ မှာ ဖော်ပြ ထားတာပါ။

ကိုရိုနာဗိုင်းရပ်စ် အတွက် ကာကွယ် ဆေး မ ပေါ် မချင်း ကျောင်း ပြန်ဖွင့်ဖို့ ကိစ္စကို ခွင့်ပြု ပေးမှာ မဟုတ်ဘူး လို့ ပြော ခဲ့ပါတယ်။ Social Distancing ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပြင်ဆင်မှုတွေ လုပ်ပြီး ကိုရိုနာ အစပြု ရာ တရုတ် နိုင်ငံ အပါအ၀င် နိုင်ငံ တစ်ချို့ မှာတော့ ကျောင်းတွေ ပြန်ဖွင့် နေပါပြီ။ဖိလစ်ပိုင်မှာတော့ ကျောင်းတွေ ကိုတော့ လာမယ့် သြဂုတ် ကုန် ပိုင်း လောက် မှာ  ဖွင့် ဖို့ စီစဉ် ထားတာပါ။ကိုရိုနာ ကြောင့် မတ်လ တည်းက မူလတန်းနဲ့ အလယ်တန်း ကျောင်း တွေ ကို ပိတ်ထားခဲ့ရတာပါ။

READ
သြစတေးလျတောမီးတွင်းမှ တိရစ္ဆာန်ကောင်ရေ (၉) သောင်းကျော်ကို ကယ်တင်ခဲ့တဲ့ မိသားစု

မေလ (၂၅)ရက်နေ့က ထုတ်လွှင့် ခဲ့တဲ့ မိန့် ခွန်းမှာတော့ သမ္မတ ဒူတာ တေးက ကျောင်းတွေ ကို ပြန်ဖွင့်ဆိုတာ အန္တရာယ်အရမ်းများ လွန်းတယ် ဆိုပြီး ပြောခဲ့ပါတယ်။” က လေးတွေ အတွက်  လုံခြုံမှု ပေးနိုင်မယ်ဆိုတာ တကယ် မ သေချာ ပဲနဲ့ ကျောင်းပြန်ဖွင့်ဖို့ ပြော နေတာဟာ အလကားပဲ။ ကျ တော့် အတွက် ကတော့ ကာကွယ်ဆေးက နံပါတ် တစ်ပဲ။ကာကွယ်ဆေးသာ ပေါ်လာရင် အဆင် ပြေပြီ။ တစ်ယောက် မှ ဘွဲ့ မရလဲ ရတယ် ထားလိုက်  ”  လို့ ပြော ခဲ့ပါတယ်။

သု တေသီ တွေ က တော့ လက် တ လေမှာ ကာကွယ်ဆေးအတွက် ကြိုးစား နေ ပေမယ့်လည်း ဘယ်တော့ ပေါ် မလဲ ဆိုတာကြီး က လက်ရှိမှာ ဘယ်လိုမှ မ ရေ ရာ မသေချာ တဲ့ အ နေအထားမျိုး ပါ။ပုံမှန်အားဖြင့် တော့ ဖိလစ် ပိုင်က ကျောင်းတွေ ဟာ ဇွန် – ဧပြီ  မှာ ဖွင့်တာပါ။ဒါပေမယ့် လည်း ကူးစက်မှု နှုန်းတွေ များ လာလို့ ကျောင်းတွေ ကို မတ် လတည်းက ပိတ် လိုက်ရ တာပါ။ စာသင်ခန်းထဲမှာ လူထူ နေတာမျိုး မဖြစ် အောင်  ကျောင်းတွေမှာ Social Distancing တွေ လုပ်မယ်၊အွန်လိုင်း Class တွေ လုပ် မယ် လို့ ပညာရေးဝန်ကြီး က တော့ ကြေညာခဲ့ဖူး ပါတယ်။ ဖိလစ်ပိုင် လို ဆင်းရဲတဲ့ နိုင်ငံ အတွက်က  အွန်လိုင်း Class လုပ်ဖို့ ဆိုတာ  အိမ် တိုင်းမှာ ကွန်ပျူတာ မရှိတဲ့ အ နေ အထားမျိုးပါ။ဖိလစ်ပိုင် မှာတော့ ကိုဗစ် ကူးစက်ခံရသူ (14,669) ကျော် ရှိပြီး သေဆုံးသ ကတော့ (886) ဦးပါ။

#SHWEMOM

SHARE