သမ္မတနေရာဟာ အမျိုးသမီးတစ်ယောက်အတွက် မဟုတ်ဘူးလို့ ဆိုတဲ့ Duterte

instagram/ rodrigoduterteofficial

ဖိလစ်ပိုင်ခေါင်းဆောင် Rodrigo Duterte က သမ္မတနေရာဟာ အမျိုးသမီးတစ်ယောက်အတွက် မဟုတ်ဘူးဆိုတာကို ကြာသပတေးနေ့တုန်းက ကြေညာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့စိတ်ခံစားချက်ဟာ အမျိုးသားတွေနဲ့ကွာခြားတာကြောင့်ဖြစ်ပြီး သမီးဖြစ်သူက နောက်နှစ်မှာ သမ္မတနေရာဆက်ခံမယ်ဆိုတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး သူက အခုလိုဖြေရှင်းခဲ့ပါတယ်။

“ကျွန်တော့်သမီးက မပြိုင်ပါဘူး။ ကျွန်တော် Inday ကို သမ္မတနေရာအရွေးမခံဖို့ပြောပြီးပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်သူ့ကိုသနားလို့။ ကျွန်တော် အခုဖြတ်သန်းရသလိုမျိုး သူလည်း ဖြတ်သန်းရမှာစိုးရိမ်တယ်။” ဆိုပြီး Duterte က ပြောပြခဲ့တာပါ။ “ဒါ အမျိုးသမီးတွေအတွက် မဟုတ်ပါဘူး။ အမျိုးသမီးနဲ့ အမျိုးသားရဲ့စိတ်ခံစားချက်ဆိုတာ လုံးလုံးကွာခြားပါတယ်။ ခင်ဗျား ဒီမှာဆို  အရူးပဲဖြစ်လိမ့်မယ်။ ဒါ ဝမ်းနည်းစရာပါပဲ။”

READ
ကြီးမားတဲ့ရင်သားကြောင့် ကျောအောင့်ပေမယ့် ခွဲစိတ်လျော့ချမှာမဟုတ်တဲ့မော်ဒယ်

ဖိလစ်ပိုင်နိုင်ငံမှာတော့ အမျိုးသမီးသမ္မတနှစ်ယောက်ရှိခဲ့ဖူးပါတယ်။ ၂၀၀၁ ကနေ ၂၀၁၀အထိအုပ်ချုပ်ခဲ့တဲ့ Gloria Macapagal Arroyo နဲ့ ၁၉၈၆ ကနေ ၁၉၉၂ အထိ အုပ်ချုပ်ခဲ့တဲ့ Corazon Aquino တို့ဖြစ်ပါတယ်။ Duterte ဟာ ရန်လိုတယ်၊ ကျားမခွဲခြားတယ်၊ အမျိုးသမီးတွေကိုချိုးနှိမ်ဆိုတဲ့ သတင်းဆိုးတွေထွက်နေပေမယ့် သူဟာ ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးမဲပေးသူတွေကြားမှာတော့ အရမ်းပေါ်ပြူလာဖြစ်နေပါတယ်။

Duterte ရဲ့သမီးဖြစ်သူ အသက်၄၂နှစ်အရွယ် Sara Duterte-Carpio ကတော့ Davao City မြို့ဝန်အဖြစ် ဆက်ခံထားပါတယ်။ သူမဟာ ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲအတွက် ပြည်သူလူထုကနှစ်သက်တဲ့ အမတ်ရွေးချယ်စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေသူလည်းဖြစ်တယ်လို့ reuters သတင်းအရ သိရပါတယ်။

READ
13နှစ်အရွယ်မိန်းကလေးကိုလိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ဖိလစ်ပိုင်သင်းအုပ်ဘုန်းကြီးအဖမ်းခံရ

ShweMom

SHARE