ငယ်ဘ၀အဖြစ်အပျက်တွေကို ရုပ်သံဇာတ်လမ်းတွဲအဖြစ်ဖန်တီးမယ့် The Rock

Twitter / DWJS

The Rock လို့ပဲ လူသိများကြတဲ့ ဟောလိဝုဒ်သရုပ်ဆောင်လည်းဖြစ်၊ နပမ်းသမားဟောင်းကြီးလည်းဖြစ်တဲ့ ဒီဝိန်းဂျွန်ဆင် ရဲ့ငယ်ဘ၀ဇာတ်ကြောင်းကို ယူနီဗာဆယ်ရုပ်သံကနေ ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးဖို့ စီစဉ်နေပါပြီ။

“Young Rock” ဆိုတဲ့ ဒီဟာသရုပ်သံဇာတ်လမ်းတွဲဟာ The Rock ရဲ့ ငယ်ဘ၀အဖြစ်အပျက်တွေကို အခြေခံထားပြီး တချို့ အဖြစ်အပျက်တွေဆိုရင် ယုံနိုင်စရာတောင်ရှိမှာမဟုတ်ဘူးလို့ The Rock ကိုယ်တိုင်က ၀န်ခံထားတာပါ။

ဟာသဆန်တဲ့ ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ကြည့်ရှုသူတွေအတွက် ပေါ့ပေါ့ပါးပါး ခံစားချက်မျိုးကို ရရှိစေမှာဖြစ်ပြီး အပိုင်း(၁၁)ပိုင်းပါဝင်မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်လာလိမ့်မယ်လို့  ရုပ်သံတာဝန်ရှိသူတွေက ဆိုပါတယ်။

 

The Rock အနေနဲ့ ဇာတ်လမ်းရဲ့အပိုင်းတိုင်းမှာ ၀င်ရောက်သရုပ်ဆောင်မှာဖြစ်ပြီး Fresh off the Boat ဟာသရုပ်သံဇာတ်လမ်းတွဲကို ဖန်တီးခဲ့တဲ့ နာနတ်ခ်ျကာ ခန်း က စီစဉ်သူအဖြစ် ဆောင်ရွက်မှာပါ။

READ
နှစ်ပေါင်း(၄၀)ကြာအောင် မဖွင့်နိုင်တဲ့ မီးခံသတ္တာကြီးကို စက္ကန့် ၃၀ ထဲနဲ့ ဖွင့်ပြခဲ့သူ

ဒီဇာတ်လမ်းတွဲကို ထုတ်လုပ်မယ့် NBC Entertainment ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ပေါလ်တယ်လစ်ဒီ ကတော့ ဒီဇာတ်လမ်းတွဲကို Fresh off the Boat ကို ၀င်ငွေကောင်းပြီး အောင်မြင်မှုရတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ထားကြောင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် ဒီ ဇာတ်လမ်းတွဲကို ဘယ်အချိန်မှာ ထုတ်လွှင့်မယ်ဆိုတာကို မဆုံးဖြတ်ရသေးပဲ (၂၀၂၀-၂၁)ရုပ်သံထုတ်လွှင့်မှုရာသီမှာ ထုတ်လွှင့်သွားနိုင်ဖို့ မျှော်လင့်နေတယ်လို့ ပေါလ်က ဆိုပါတယ်။

READ
ရန်သူတွေ အလိုလို လက်နက်ချစေမယ့် အလှတရားကို ပိုင်ဆိုင်ထားတဲ့ စစ်သမီးပျိုလေးများ

သူ့ရဲ့နောက်ဆုံး ရုပ်ရှင်အဖြစ် Jumanji : The Next Level ကို ရိုက်ကူးထားပြီး စံချိန်တင် ၀င်ငွေတွေရယူနိုင်ခဲ့တဲ့ The Rock ဟာ ဒီဇာတ်လမ်းတွဲမှာလည်း အောင်မြင်လိမ့်ဦးမယ်လို့ ရုပ်ရှင်ကျွမ်းကျင်သူတွေက သုံးသပ်နေကြပြီး သူ့ရဲ့ ငယ်ဘ၀နပမ်းသမားဖြစ်ခဲ့စဉ်က ပုံရိပ်တွေလည်း ပြန်လည်ပါဝင်လာလိမ့်ဦးမယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

Linn

SHARE