မိခင်ကို ခရစ္စမတ်လက်ဆောင်တစ်ခုနဲ့ စပရိုက်စ်လုပ်ခဲ့တဲ့ The Rock

WWE စတားတစ်ယောက်လည်းဖြစ် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ Dwayne Johnson (ခ) The Rock ကတော့ စိတ်နှလုံးကောင်းရှိတဲ့ ဆယ်လီတစ်ယောက်အဖြစ် ကျော်ကြားပြီးသားပါ။ ဒါကို သူက အမေချစ်သားကြီးတစ်ယောက်အနေနဲ့ တစ်ဖန် သက်သေပြလိုက်ပြန်ပါပြီ။

Instagram

၄၆ နှစ်အရွယ် The Rock ကတော့ ဒီဇင်ဘာလ ၂၉ ရက်နေ့တုန်းက သူ့အမေကို ခရစ္စမတ်လက်ဆောင်ပေးပြီး စပရိုက်စ်လုပ်ခဲ့တဲ့အကြောင်း တင်ခဲ့တာပါ။ ဗီဒီယိုထဲမှာဆိုရင်တော့ သူ့မိခင် Ata Johnson က သားဖြစ်သူ ပေးထားတဲ့ စာကို အသံထွက် ဖတ်နေခဲ့ပါတယ်။ “ဒီ Willy Wonka လက်မှတ်က ဘာအတွက်လဲဆိုတော့..” လို့ဆိုကာ သူမ အရမ်းစိတ်လှုပ်ရှားနေခဲ့ပုံပေါ်ပြီး “အိမ်အသစ်တစ်လုံးပဲ ဖြစ်ပါတယ်..” လို့ ဆက်ဖတ်လိုက်ချိန်မှာတော့ ဝမ်းသာမျက်ရည်လည်း မဆည်နိုင်ခဲ့ဘဲ မျက်နှာကို အတန်ကြာအုပ်ထားခဲ့ပါတယ်။

READ
ကြီးမားတဲ့ရင်သားကြောင့် ကျောအောင့်ပေမယ့် ခွဲစိတ်လျော့ချမှာမဟုတ်တဲ့မော်ဒယ်
Instagram

IG ပို့စ်မှာ The Rock ရေးထားတာကတော့ “အတော်ကျေနပ်စရာကောင်းပါတယ်။ ကျွန်တော်ငယ်ဘဝတုန်းက မိသားစုဟာ တိုက်ခန်းကျဉ်းလေးတွေမှာပဲ နေနိုင်ခဲ့တာပါ။ ကျွန်တော်ပထမဆုံး အိမ်ဝယ်ပေးနိုင်ခဲ့တာကတော့ ၁၉၉၉ တုန်းကပေါ့။ နောက် ၅ နှစ်လည်းကြာရော အဖေနဲ့အမေ ကွာရှင်းခဲ့တယ်။ အဲ့နောက်ပိုင်းလည်း အဖေရော အမေရော လိုအပ်သမျှ ကား၊ အိမ် စတာတွေအကုန် ကျွန်တော် ဖြည့်ဆည်းပေးခဲ့တယ်။ ဒီတစ်ခေါက်ကတော့ ပိုအဓိပ္ပာယ်ရှိနေပါတယ်။ အမေ့ကို Willy Wonka ရွှေလက်မှတ်ဆိုပြီး ပြောပြီး ပေးတာကတော့ အိမ်ဝယ်ဖို့မှာ သူမ ကြိုက်တဲ့အိမ်ကို ကြိုက်တဲ့နေရာမှာ ရွေးလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ မယ်ရီခရစ်စမတ်ပါ အမေရေ” ဆိုပြီး ဖြစ်ပါတယ်။ အနောက်ဘက်မှာ တွေ့ရတဲ့ ကလေးလေးကတော့ The Rock ရဲ့ သမီးလေးပါ။

Instagram

The Rock ကတော့ အားလုံးဖြစ်ချင်ကြတဲ့ မိဘကို ကျေးဇူးဆပ်နိုင်တဲ့ သားကောင်းတစ်ယောက်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။ တကယ်ကို ကြည်နူးစရာဖြစ်စဉ်လေးလည်း ဖြစ်ပါတယ်။ အားလုံးပဲ The Rock လို မိဘကျေးဇူး ရှယ်ဆပ်နိုင်သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလျက်..။

 

View this post on Instagram

 

A post shared by therock (@therock) on

Ref: Dailymail

SHARE