ဖခင်ဖြစ်သူရဲ့ ကျေးဇူးကို အကောင်းဆုံးနဲ့ အမွန်မြတ်ဆုံးဆပ်ခဲ့တဲ့ The Rock

The Rock ကြီးတစ်ယောက်ကတော့ အင်စတာဂရမ်မှာ စိတ်နှလုံးချမ်းမြေ့ဖွယ် ဗီဒီယိုတစ်ခုကို တင်လိုက်ခဲ့ပြန်ပါပြီ။ အဲ့ဒီ့ ဗီဒီယိုကတော့ ဖခင်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ အိမ်သစ်တစ်လုံး ၀ယ်ပေးခဲ့ပုံကို ကိုယ်တိုင်ရိုက်ထားတာ ဖြစ်ပါတယ်။

အသက် (၄၆) နှစ်အရွယ် Dwayne Johnson က သူ့ ဖခင်ကို ၄င်းစိတ်ကြိုက် အိမ်တစ်လုံးကို ရွေးချယ်ခိုင်းပြီး ကျသင့်ငွေကို ပေးချေးပေးခဲ့တာဖြစ်ပါတယ်။

instagram

ဗီဒီယိုထဲမှာ ဖခင်ဖြစ်သူဆီက ဖုန်းလက်ခံရရှိကြောင်း၊ ဒါက တကယ့်ကို ထူးခြားတဲ့ ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပတ်၊ သုံးပတ်လောက်က ဖခင်ကို ဆက်သွယ်ခဲ့ပြီး သူ့အနေနဲ့ တစ်ခုခု လုပ်ပေးချင်ကြောင်း၊ အဲ့ဒါက အိမ်အသစ်ဝယ်ပေးဖို့ဖြစ်ပြီး ဖခင်ဖြစ်သူအနေနဲ့ နေချင်တဲ့ ဘယ်နေရာမှာမဆို နေနိုင်ကြောင်း ပြောဆိုခဲ့ပုံတွေကို အင်စတာဂရမ်ပေါ်မှာ  ဖော်ပြခဲ့ပါတယ်။

Dwayne က “ အခုလေးတင် သူ ကျွန်တော့်ကို ခေါ်နေတာ၊ သူ အိမ်သွားကြည့်တော့မယ်တဲ့၊ တကယ်ကို ကြီးကျယ်တဲ့ ပိတ်ရက်ပဲဗျို့” လို့ သူ့ ဖခင် ဖုန်းခေါ်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဖလော်ရီဒါပြည်နယ်ကလို့ သိရပြီး သွားကြည့်မှာကလည်း ဖလော်ရီဒါ မြောက်ပိုင်းဖြစ်ကြောင်း၊ ဒီ့အတွက် Dwayne က အလွန်စိတ်လှုပ်ရှားနေကြောင်းလည်း ပြောပါတယ်။

READ
အဆန်းကြီးတွေ လုပ်ပြလိုက်ပြန်တဲ့ Katy Perry
instagram

ဖခင်ဖြစ်သူက Dwayne ရဲ့ နပန်းသမားဘ၀ကနေ မင်းသားတစ်ယောက်ဘ၀ကို ကူးပြောင်းသွားတာနဲ့ ပတ်သက်လို့ ဂုဏ်ယူခြင်းရှိကြောင်း ပြောလာတဲ့အခါမှာ စိတ်နှလုံး ကြည်နူးရတယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်။

“အဖေက အိုးစကူလ်း လူကြမ်းကြီးတစ်ယောက်ပါ” လို့ Dwayne က ရှင်းပြပါတယ်။ အဲ့ဒီ့နောက် ဖခင်က ဘယ်သူမှ သူ့ကို အခုလို အိမ်ဝယ်ပေးဖို့ မခေါ်ကြသလို၊ ခေါ်တော့လည်း သားဖြစ်နေကြောင်း၊ သားအတွက် သိပ်ဂုဏ်ယူပြီး သိပ်ချစ်ကြောင်း ပြောခဲ့တယ်လို့ Dwayne က ပြန်လည် ပြောပြပါတယ်။

Dwayne အနေနဲ့ ဖခင်ဖြစ်သူ အခုလိုမျိုးပြောတာ တစ်ခါမှ မကြားဖူးခဲ့ဘဲ၊ ဒီစကားကြောင့် ခံစားမှုတွေကောင်းစေသလို စိတ်နှလုံးမှာလည်း ကြည်နူးရတယ်လို့ ပြောပြပါတယ်။

instagram

ငယ်ငယ်တုန်းကဆို အဖေက တင်ပါးကို ဆော်ပလော်တီးတယ်၊ ခက်ထန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်တော် အရင်တုန်းက မုန်းခဲ့တယ်။ ဒါပေမယ့် အခုတော့ အဲ့ဒီ့အတွက် သိပ် ကျေးဇူးသိတတ်လာခဲ့ပါပြီ။ ကိုယ့်ကို ပျိုးထောင်းပေးခဲ့တဲ့ သူတစ်ယောက်ကို ပြန်လည် ကျေးဇူးဆပ်ရတာ သိပ်ကောင်းမြတ်တဲ့ အလုပ်တစ်ခုပါပဲ၊ ကျွန်တော့်လည်း အဖေ့ကို ချစ်ပါတယ်” လို့ Dwayne က ပြောခဲ့ပါတယ်။

READ
ဦးကင်းနဲ့ အမှတ်တရတွေကို ဝေမျှရင်း ၀မ်းနည်းစကားဆိုခဲ့တဲ့ သက်မွန်မြင့်

Dwayne က စေတနာကြီးတဲ့ သူတစ်ယောက်ပါ။ မိခင်ဖြစ်သူ Ata Johnson ကိုလည်း ခရစ္စမတ်စ် လက်ဆောင်ပေးခဲ့ပြီး သူရဲ့ စတန့်မင်း တစ်ယောက်ဖြစ်တဲ့ ၀မ်းကွဲတော်စပ်သူ Tanoai Reed ကိုလည်း ပြီးခဲ့တဲ့ နွေရာသီတုန်းက ထရပ်ကား အသစ်ချက်ချွတ်တစ်စီးကို ၀ယ်ပေးခဲ့တယ်လို့သိရပါတယ်။

Shutterstock

Dwayne ဟာ ၂၀၁၈ ခုနှစ်တုန်းက Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာပေါ်မှာ အနုပညာကြေး ဒုတိယအများဆုံး ရရှိတဲ့ မင်းသားအဖြစ် ဖော်ပြတာလည်း ခံခဲ့ရပါသေးတယ်။ ပြီးခဲ့တစ်နှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ (၁၂၄) သန်း ရရှိခဲ့တယ်။

Dwayne မှာ ဇနီးဟောင်း Dany Garcia နဲ့ ရတဲ့ (၁၇) နှစ်အရွယ် သမီး Simone နဲ့  လက်ရှိ ချစ်သူ Lauren Hashian နဲ့ ရတဲ့ (၃) နှစ်အရွယ် Jasmine နဲ့ (၁၀) လအရွယ် Tiana  ဆိုတဲ့ သမီးလေးနှစ်ယောက်အပါဝင် ပေါင်း သုံးယောက် ရှိပါတယ်။

Matthew

Ref : DailyMail , Hollywood Reporter

SHARE