အကောက်ကြံတဲ့ သတင်းမှားတစ်ခုနဲ့ ပတ်သက်လို့ ပြန်လည်ဖြေရှင်းခဲ့တဲ့ The Rock

The Rock လို့ လူသိများကြတဲ့ ဒွိန်းဂျွန်စင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက အင်စတာဂရမ်ပေါ်မှာ ဖြေရှင်းချက်တစ်ခု ပေးခဲ့ပါတယ်။ ၄င်းဖြေရှင်းချက်ကတော့ သူဟာ လူငယ်မျိုးဆက်သစ်တွေကို “snowflake generation” လို့ ဆိုထားခဲ့တဲ့ အပေါ်  ငြင်းချက်ထုတ်ထားတာပါ။ မကြာသေးခင်က ဒွိုင်းနဲ့ ပတ်သက်လို့ အင်တာနက်အပေါ်မှာ သတင်းမှားတစ်ခု တက်လာပါတယ်။ ၄င်းသတင်းက ဒွိုင်းနဲ့ လူငယ်တွေကို ရန်တိုက်ပေးတဲ့ သတင်းပါ။ ဒွိုင်းက လူငယ်တွေဟာ မကြံ့ခိုင်ကြောင်း၊ ထိခိုက်ရှလွယ်ကြပြီး စိတ်ဓာတ်ပျော့ညံ့တဲ့အကြောင်းကို နှင်းပွင့်ချပ်တွေနဲ့ ခိုင်းနှိုင်းပြီး ပြောခဲ့တယ်ဆိုတာပါ။

တကယ်တော့ ၄င်းသတင်းဟာ သတင်းမှားသာ ဖြစ်ပြီး ဒွိုင်းကို မလိုလားသူတွေက အကောက်ဥာဏ်နဲ့ နာမည်ကျအောင် ဖြန့်ဝေခဲ့ပုံပေါ်ပါတယ်။ ဒွိုင်းကတော့ ၄င်းသတင်းဟာ လုံးဝရာနှုန်းပြည့်အမှားကြီးဖြစ်ကြောင်း၊ တကယ်လို့ လူတွေ အထင်မှားနေတယ်ဆိုရင် သူ့အနေနဲ့ အင်တာဗျူးတစ်ခုလုပ်ပေးပြီး အထင်မှားမှုတွေ ကင်းစင်အောင် လုပ်နိုင်ကြောင်း စသဖြင့် ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ဒွိုင်းက သူဟာ ဝေဖန်တတ်သူတစ်ဦး မဟုတ်ကြောင်းနဲ့ အဓိပ္ပါယ်မရှိတဲ့အရာကို လုပ်တတ်သူလည်း မဟုတ်ကြောင်း ပြောပြထားပါသေးတယ်။

READ
မိခင်ရဲ့ရည်းစားအသစ်ကလူမဆန်စွာ ယုတ်မာခဲ့လို့လသားအရွယ်သမီးလေးသေဆုံးသွားခဲ့
YouTube

ခုတွေ့ရတဲ့ ဗီဒီယိုကတော့ အင်စတာဂရမ်ပေါ်မှာ သူတင်ထားခဲ့တဲ့ ဗီဒီယိုဖိုင်လေးပါ။ ဗီဒီယိုဖိုင်ထဲမှာတော့ လူငယ်တွေအပေါ် အထင်သေးတဲ့ စကားမျိုး သူဘယ်တော့မှ မပြောခဲ့ဘူးလို့ ဆိုထားတာ ဖြစ်ပါတယ်။ The Rock နဲ့ အင်တာဗျူးချက်တွေဆိုပြီး အခုလို ကောလဟာလတွေ ထွက်လာတဲ့အခါ သူ့အနေနဲ့ ခေါင်းကြီးသွားခဲ့ရကြောင်း ဒွိုင်းက ဆိုပါတယ်။ ဒါ့အပြင် လူငယ်တွေကို “Snowflake generation” လို့ ခေါ်တဲ့ ဝေါဟာရဟာ ဘယ်သူ့က ထွင်လို့ ထွင်မှန်းတောင် မသိရဘဲ သူ့ခေါင်းတပ်ခံလိုက်ရတာဖြစ်ကြောင်း ဒွိုင်းက ရှင်းပြထားပါတယ်။

 

View this post on Instagram

 

A post shared by therock (@therock) on

လင်းလင်း (ShweMom)

READ
ဆေးစစ်ချက်မှားပြီး အကောင်းအတိုင်းရှိတဲ့ရင်သားခွဲထုတ်ခံလိုက်ရတဲ့အမျိုးသမီး

Ref: maxim, Dailymail

SHARE