Fast & Furious မှာ Jason Momoa နဲ့အတူ သရုပ်ဆောင်ချင်နေတဲ့ The Rock

Image:IG/The Rock/Jason Momoa

The Rock ဆိုပြီး ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ မင်းသားကြီး Dwayne Johnson ကတော့ ရေဘုရင်ကြီး Jason Momoa ကို Fast & Furious Presents: Hobbs & Shaw  ဇာတ်ကားမှာ ပါဝင်စေချင်တယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ newshub.co.nz ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားတာပါ။သူတို့နှစ်ယောက်လုံးဟာ အမေရိကန် Honolulu မြို့ မှာ နေထိုင်ခဲ့တာခြင်းလည်း တူပါတယ်။ နှစ်ယောက်လုံးကလည်း အရပ် (၆) ပေ (၄) လက်မလောက်ရှိတာမို့ အရပ် ကလည်း မတိမ်းမယိမ်း တွေပါ။ The Rock  က Fast & Furious Presents: Hobbs & Shaw မှာ Jason Momoa  နဲ့ ညီအစ်ကို အဖြစ် သရုပ်ဆောင်ချင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

 

Image:IG/Jason Momoa

The Rock က Momoa  ကိုလာမယ့် Fast & Furious Presents: Hobbs & Shaw မှာ ပါဝင် စေချင် တာပါ။” ကျတော်နဲ့ Momoa တို့ဒီကားမှာ အတူတူသရုပ်ဆောင်ဖို့က ခက်ခဲလွန်းနေတယ်။သူ့ရဲ့ Schedule တွေက အရမ်ြး ပည့် နေတော့ သရုပ်ဆောင်ဖို့ ခက်ခဲနေတယ်လို့  The Rock က သူ့ရဲ့ IG မှာ ဒီနှစ် အစောပိုင်း က ပြောခဲ့ ပါတယ်။Fast and Furious  ဇာတ်ကောင်တွေကတော့ Luke Hobbs နဲ့ Deckard Shaw ကိုတော့ Johnson နဲ့  Jason Statham တို့က အသီးအသီးတာဝန်ယူထားတာပါ။(၄)ခုမြောက်လာမယ့် ရုပ်ရှင်မှာတော့ Idris Elba, Vanessa Kirby နဲ့ Helen Mirren တို့ ပါဝင်ထားပါတယ်။Hobbs & Shaw  မှာတော့ ပရိသတ်တွေ ရဲ့ ရင်းနှီး ပြီး သား တခြားလူသစ်တွေလည်း ပါဝင်သွားမှာပါ။Cliff Curtis က တော့ John Tui နဲ့ အတူ Hobbs ရဲ့ ညီတွေအဖြစ်နဲ့ ပေါ် လာမှာပါ။John Tui ကတော့ Power Rangers, The Hobbit: The Battle of the Five Armies ၊ Sione’s Wedding တို့ မှာ ပါဝင်ခဲ့ဖူးသူပါ။ WWE star Roman Reigns  နဲ့ အမေရိကန် ဘောလုံး သမားဟောင်း Josh Mauga  တို့ကလည်း Hobbs မိသားစုရဲ့ ညီအစ်ကိုတွေ အဖြစ် သရုပ်ဆောင်သွား ကြမှာပါ။

READ
သူငယ်ချင်းအွန်ဆိုင်းနဲ့ ကမ်းခြေက ပုံလေးတွေကို မိုးစက်ဝိုင် ဝေမျှ
Image:IG/The Rock
Image:IG/Jason Momoa
Image:IG/The Rock

” Samoa မှာ ကျတော်တို့အားလုံး အတွက် အဓိပ္ပါယ်ရှိတဲ့ စကားလုံးတစ်လုံးရှိတယ်။ အဲ့ဒါကတော့ AIGA ( FAMILY လို့ အဓိပ္ပါယ်ရ)ပါ..” လို့ The Rock က Curtis, Mauga, Reigns ၊ Tui တို့ နဲ့ အတူ ရိုက်ထားတဲ့ IG ပုံမှာ Caption ရေးထားပါတယ်။” ကျတော့်နာမည်က Luke Hobbs ၊ဒါကတော့ ကျတော့်ရဲ့ ညီနောင် လေးယော က်…” ဆိုပြီးတော့လည်း ပြောထားပါတယ်။The Rock ကတော့DC Extended Universe ရဲ့ ဇာတ်ကောင်  Black Adam အဖြစ် ရွေးချယ်ခံနေရချိန်မှာ  Mamoa ကလည်း DC Extended Universe ရဲ့ Aquaman နောက်ဆကတွဲ အတွက် အလုပ်များနေ မှာပါ။ Momoa အတွက်ကတော့ Aquaman  တာဝန်တွေက သူ့ကို တခြား အလုပ်တွေ လုပ်လို့ မရအောင် တားထားသလို ဖြစ်နေပါတယ်။ဒါပေမယ့်လည်း The Rock ကတော့ နောက်ပိုင်း မှာ Momoa နဲ့ အတူ သရုပ်ဆောင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။Fast & Furious Presents: Hobbs & Shaw  က တော့ လာမယ့် သြဂုတ်လမှာ ထွက်ရှိမှာပါ။

READ
ဇန်နဝါရီလ ဒုတိယပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းသစ်များ
Image:IG/The Rock
Image:IG/The Rock

 

#SHWEMOM

SHARE