သေခါနီးအချိန်မှာတောင် ဘီယာသောက်သွားချင်သေးတယ်ဆိုတဲ့ အဖိုးအိုရဲ့ဆန္ဒ

Twitter / NBC12 WWBT Richmond

သေအံ့ဆဲဆဲ ဆေးရုံခုတင်ထက်မှာ လဲနေတဲ့အဖိုးအိုဟာ သူရဲ့ အသက်မထွက်ခင် နောက်ဆုံးဆန္ဒအဖြစ် သူရဲ့ချစ်လှစွာသော သားတွေ မြေးတွေနဲ့ နောက်ဆုံး တစ်ခွက်တစ်ဖလား မော့သွားချင်တာပါတဲ့။ အဖိုးရဲ့အမည်ကတော့ Norbert Schemm ဖြစ်ပြီး အသက်(၈၇)ပါ။

သူဟာ အူမကြီးကင်ဆာအဆင့်(၄)နဲ့ Wisconsin hospital မှာ တက်ရောက်ကုသခဲ့ရပြီး၊ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့ (နိုဝင်ဘာ (၂၀)ရက်နေ့ကပဲ စိတ်ဖြောင့်လက်ဖြောင့်နဲ့ ထာဝရအိပ်ပျော်သွားခဲ့ပါတယ်။ ဒီဓာတ်ပုံကိုတော့ Norbert ရဲ့ မြေးဖြစ်သူ Adam Schemm က တွစ်တာပေါ်မှာ တင်ခဲ့တာပါ။

နိုဝင်ဘာ(၂၀)မှာ ဒီပို့စ်ကို တင်ခဲ့တာဖြစ်ပြီး၊ အစကနဦးတုန်းကတော့ ဒီပုံကိုတင်ဖို့ ရွံတွန့်တွန့် ဖြစ်နေခဲ့ပါတယ်တဲ့။ ဒါပေမယ့် သူ့အနေနဲ့ အဖိုးဆုံးသွားပြီးနောက် ကြည်နူးဖွယ်အခိုက်အတန့်လေးဟာ ဒီအချိန်လေးတစ်ခုက မှတ်မှတ်ထင်ထင် ဖြစ်နေခဲ့တာမို့ အခုလို ပို့စ်တင်ခဲ့တာလို့ ပြောပါတယ်။

READ
ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ Greta Thunberg ကို ချီးကျူးလိုက်တဲ့ လီယိုနာဒို

သူရဲ့ ပို့စ်ကို Like ပြုလုပ်သူပေါင်း (၃၃၀၀၀၀)အထိ ရှိခဲ့တာကြောင့် ထင်မှတ်မထားဘဲနဲ့ ပေါက်သွားတဲ့ သဘောမျိုးပါ။ ဒီဓာတ်ပုံကတော့ နိုဝင်္ဘာ(၁၉)ရက် အင်္ဂါနေ့ညက ရိုက်ကူးခဲ့တာဖြစ်ပြီး၊ အဖိုး Norbert က သူချစ်လှစွာသော သားတွေ၊ မြေးတွေကို အကုန်ခေါ်ကာ အမှတ်တရဓာတ်ပုံလေး ရိုက်ချင်တယ်လို့ ဆိုပါတယ်။

မိသားစုဝင်တွေကလည်း ဒီအချိန်ဟာ သူရဲ့ နောက်ဆုံးအခိုက်အတန့် ဖြစ်နိုင်တယ်ဆိုတာကို တွက်ဆခဲ့ပါတယ်။ Adam ရဲ့ဖခင်ဖြစ်သူရဲ့အဆိုအရ သူရဲ့အဖိုးဟာ နောကဆုံးနေနဲ့ ဘီယာလက်ဆုံချပွဲလေး လုပ်သွားချင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီဆန္ဒကို လိုက်လျှောတဲ့အနေနနဲ့ အခုလို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Adam က “ အဖိုးက အသက်ရှင်ခဲ့တဲ့ တစ်လျှောက်လုံး ကျန်းကျန်းမာမာပါဘဲ … ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူ ဆေးရုံတက်ရတယ် .. အားလုံးကလည်း ဒါ အဖိုးရဲ့ နောက်ဆုံးအချိန်လို့ သိလိုက်ကြပါတယ် … တနင်္ဂနွေနေ့မှာ မြေးတွေ သားသမီးတွေ အကုန်ခေါ်တယ် … အင်္ဂါနေ့ညမှာ အမှတ်တရဓာတ်ပုံ ရိုက်ကြတယ် .. နောက်နေ့မှာ သူ အူမကြီးကင်ဆာနဲ့ ဆုံးသွားတယ် ”လို့ ပြောခဲ့ပါတယ်။

READ
အရေပြားပြဿနာတွေကို ဖြေရှင်းဖို့ အစွမ်းထက်တဲ့မာလကာရွက် အသုံးပြုနိုင်ပါတယ်

သူက ဆက်လက်ပြီး “ အဖေပြောတာကတော့ အဖိုးက နောက်ဆုံးအနေနဲ့ ဘီယာသောက်သွားချင်တယ်တဲ့ … အခု ဒီဓာတ်ပုံလေးကို ပြန်ကြည့်တိုင်း ပီတီခံစားမိတယ် … ဒါဟာ ကျွန်တော်တို သောကတွေကို ကုစားပေးနိုင်ပါတယ် … နောက်ပြီး အဖိုးရဲ့နောက်ဆုံးအချိန်မှာ သူရဲ သားသမီးမြေးတွေဟာ အတူတကွ ရှိခဲ့တယ်ဆိုတာ မြင်သာစေပါတယ် ”လို့ ပြောပါတယ်။

Adam ရဲ့အဖိုးလိုပဲ၊ အခြားအလားတူ ဖြစ်ရပ်တွေကို လူမှုကွန်ရက် အသုံးပြုသူတွေက အသီးသီး ပြန်လည်မျှဝေခဲ့ကြပါတယ်။ ပုံတွေတော်တော်များများကတော့ အချစ်ဆုံးလူတစ်ယောက် ဘဝမကူးမီမှာ ကျန်ရစ်သူတွေက ဘယ်လို ဖြည့်ဆည်းပေးခဲ့တယ်ဆိုတာကို သက်သေပြနေတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ စုစုပေါင်း Retweet ပြုလုပ်သူ (၃၂၀၀၀)တောင် ရှိခဲ့ပါတယ်။

လင်းဇော်ကို

SHARE