ကားတိုက်ပြီးလူသေမှုဖြစ်ခဲ့ပေမယ့်ထာ ထောင်ဒဏ်ကင်းလွတ်ခွင့်ရသူအမျိုးသမီး

ဦးနှောက်အကြိတ်ရောဂါနဲ့ သေတော့မယ့်အမျိုးသမီးတစ်ယောက်ဟာ ကားတိုက်မှုဖြစ်ပွားပြီးလူသေစေခဲ့ပေမယ့်တရားရုံးက ထောင်ဒဏ်ကင်းလွတ်ပေးခဲ့ကြောင်းသိရပါတယ်။ ကလေးတစ်ယောက်မိခင် Lucy Barham ဆိုသူဟာ ၂၀၁၆ခုနှစ်စက်တင်ဘာ(၈)ရက်နေ့တုန်းက ကားမဆင်မခြင်မောင်းနှင်ခဲ့တာကြောင့် အသက်(၂၁)နှစ်အရွယ်အမျိုးသား Chris Fuller ဆိုသူဟာသေဆုံးခဲ့ပါတယ်။

(Picture: Archant)

အသက်(၃၄)နှစ်အရွယ် Barham ကလမ်းမှားကွေ့ခဲ့ပြီး Mr Fuller ရှိရာကိုဝင်တိုက်မိခဲ့ပါတယ်။ ကားတိုက်မှုကြောင့် Fuller ဟာပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ သူမကိုထောင်ထဲရက်သတ္တပတ်(၂၀)အမိန့်ချမှတ်ခဲ့ရာမှ (၁၈)လထောင်ဒဏ်ပြောင်းလဲချမှတ်ခဲ့တာဖြစ်ပါတယ်။

(Picture: Archant)

တရားရုံးကစစ်ဆေးတဲ့အခါမှာတော့ Barhamဟာဦးနှောက်အကြိတ်ရောဂါဖြစ်ပွားနေသူဖြစ်ပြီး ကားမောင်းလို့ရတဲ့ကျန်းမာရေးအခြေအနေမရှိပါဘူး။ Barham ကတော့ အခင်းတုန်းက Fuller ရဲ့ကားမီးတောက်ထဲမြောက်တက်သွားတာမြင်လိုက်ရတာကလွဲလို့ သူမဘာမှမသိကြောင်း ပြောဆိုခဲ့ပါတယ်။

သေဆုံးသူFuller ရဲ့ကျန်ရစ်သူမိသားစုကတော့ အသက်ငယ်ငယ်နဲ့ မတော်တဆမှုကြောင့်သေခဲ့ရတဲ့သားအပေါ်ဝမ်းနည်းကြေကွဲလျက်ရှိနေပါတယ်။  ဒါ့အပြင် Fuller ဟာမသေဆုံးခင်ကသူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှူဒါန်းဖို့ဆန္ဒရှိခဲ့ပြီး ထိုဆန္ဒမပြည့်ဝခဲ့ကြောင်း သိရှိရပါတယ်။

လင်းလင်း (ShweMom)

SHARE