နေပြန်ကောင်းလာပြီးနောက် မျက်လှည့်စီးရီးအသစ် ထွက်ရှိလာတော့မယ့် Dynamo

[email protected]

Dynamo ကိုတော့ မြန်မာနိုင်ငံက ပရိသတ်တွေ တော်တော်များများ သိကြမှာပါ။ တခြားမျက်လှည့်ဆရာတွေနဲ့မတူပဲ တမူထူးခြားတဲ့ သူရဲ့ပြကွက်တော်တော်များများကိုတော့ မှတ်မိနေကြအုံးမှာပါ။ လေပေါ်မှာ ပျံပြတဲ့ အကွက်တွေ၊ ရေပေါ်မှာ လမ်းလျှောက်တဲ့ အကွက်တွေ၊ လက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံနဲ့ ရေတွေ သူ့အလိုလိုခဲသွားတဲ့ ပြကွက်တွေဆိုတာ သုံးလေးငါးခေါက်လောက်ပြန်ကြည့်ရတဲ့ ပြကွက်တွေပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/B8LwQiPl7Uf/

ဒါပေမယ့် တော်တော်များများသတိမထားမိတာက လွန်ခဲ့တဲ့ နှစ်တော်တော်များများမှာ Dynamo တစ်ယောက်ပျောက်သွားတာပါပဲ။ တော်တော်များများကတော့ Dynamo တစ်ယောက်ပျောက်သွားတာကို မျက်လှည့်စီးရီးတွေ ကမ္ဘာပတ်ရိုက်နေတယ်လို့ပဲ ထင်ကြပါတယ်။ တစ်ကယ်တမ်းကတော့ Dynamo တစ်ယောက် နေမကောင်းဖြစ်နေတဲ့အတွက် နှစ်ပေါင်း တော်တော်များများ ပျောက်နေတာဖြစ်ကြောင်း News.sky.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Dynamo ခံစားခဲ့ရတဲ့ရောဂါကတော့ Crohn’s Disease လို့ခေါ်တဲ့ အူမကြီးရောင်ရမ်းတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ Dynamo ဟာ ဘာမှကို မလုပ်ကိုင်နိုင်ပဲ ဒီရောဂါပျောက်ကင်းဖို့ကိုသာ အာရုံစိုက်ပြီး ကုသနေရတာကြောင့် နှစ်ပေါင်းတော်တော်ကြာ ပရိသတ်တွေနဲ့ ဝေးကွာခဲ့ရတာဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

READ
ကမ္ဘောဒီးယား The Voice Starအမျိုးသမီး ကွဲနေတဲ့ခင်ပွန်းဖြစ်သူရဲ့ ပစ်သတ်ခြင်းခံရ
[email protected]

“ ကျွန်တော့် မျက်လှည့်စီးရီးအသစ်က မကြာခင်ထွက်ရှိတော့မှာပါ။ ဒီကြားထဲမှ ကိုယ့်ရောဂါနဲ့ ကိုယ်မို့လို့ ပရိသတ်တွေနဲ့ အချိန်တော်တော်ကြာ ဝေးကွာခဲ့ရတာပါ။ ဒီအတွက်လည်း ပရိသတ်တွေကို ကျွန်တော်တောင်းပန်ပါတယ်။ ဒီကြားထဲမှာလည်း မျက်လှည့်အကွက်သစ်တွေ အများကြီးလေ့ကျင့်ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် မကြာခင် ထွက်ရှိလာမယ့် ကျွန်တော်ရဲ့ မျက်လှည့်စီးရီးအသစ်ကို ပရိသတ်တွေ လုံးဝကြိုက်နှစ်သက်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ Dynamo က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE