E စီးကရက်ကလည်း ကင်ဆာဖြစ်ပွားစေနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်များသတိပေး

Pixabay

ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ မြင့်မားလာသည်နှင့်အမျှ ဆေးလိပ်ထုတ်လုပ်မှု ပမာဏကတော့ ကျဆင်းသွားခြင်း မရှိသေးပါဘူး။ တစ်ချို့သောတိုင်းပြည်တွေရဲ့ Public Area တွေမှာ ဆေးလိပ်သောက်သုံးမှုကို တားမြစ်ပိတ်ပင်တာမျိုးတွေ ရှိခဲ့သလို၊ တစ်ချို့နိုင်ငံတွေကတော့ ဆေးရွက်ကြီးနဲ့ ဆက်စပ်ကုန်ပစ္စည်းတွေကို အခွန်အခ တိုးမြှင့်လိုက်ခြင်းအားဖြင့် ဆေးလိပ်သောက်သုံးမှုကို ဟန့်တားနိုင်မယ်လို့ ယူဆလာခဲ့ပါတယ်။

Pixabay

တကယ်တော့ ဒီယူဆမှုဟာ မှားယွင်းခဲ့ပြီး အခွန်အခတိုးမြင့်လိုက်ခြင်းကြောင့် ဆေးလိပ်နဲ့ဆေးရွက်ကြီး ဆက်စပ်ကုန်ပစ္စည်းတွေ ဈေးကြီးကုန်တာကလွဲရင် ဆေးလိပ်သောက်သုံးမှုကို ထိရောက်တဲ့ ဟန့်တားမှု မဖြစ်စေခဲ့ပါဘူး။ ဒီကြားထဲမှာ စီးပွားရေးသမားတွေက ပစ္စည်းတစ်ခုကို တီထွင်လိုက်ပြီး၊ ဆေးလိပ်ဖျက်လိုသူတွေအတွက် သင့်တော်တယ်ဆိုပြီး ကြေငြာကာ စီးပွားရေးဈေးကွက်ကို ချဲ့ထွင်ပြန်ပါတယ်။

Pixabay

တီထွင်လိုက်တဲ့ ပစ္စည်းကတော့ E စီးကရက်လို့ခေါ်ပြီး၊ ဆေးလိပ်ဖျက်လိုသူနဲ့ စတိုင်ထုတ်လိုသူ လူငယ်တွေကို ရည်ရွယ်ခဲ့ပါတယ်။ အလွန်အောင်မြင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပြီး၊ နီကိုတင်းဓာတ်မပါဝင်ဘူးလို့ အာမခံထားသလို၊ ပါဝင်တဲ့ဓာတ်ပေါင်းတွေဟာ Vaper (အငွေ့)စနစ်နဲ့မို့ မီးခိုးလိုလည်း အန္တရာယ်မရှိပါဘူးလို့ အာမခံခဲ့ကြပါတယ်။

Pixabay

ဒီမှာတင် ဆေးလိပ်သောက်သုံးမှုက သိသိသာသာ လျှော့ကျသွားခြင်းမရှိတဲ့ကြားက နောက်ဆက်တွဲ E စီးကရက်အတွက်ကိုပါ သိပ္ပံပညာရှင်တွေအတွက် အလုပ်ရှုပ်စရာဖြစ်သွားစေပါတယ်။ အဆိုပါ E စီးကရက်တွေမှာ တကယ်လည်း နီကိုးတင်းဓာတ် မပါသည်ဆိုဦးတော့ ကင်ဆာဖြစ်ပွားစေတဲ့ဓာတ်ပေါင်းတွေကတော့ ပါတာချည်းပဲလို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ထပ်မံတွေ့ရှိမှုအရ ကင်ဆာဖြစ်ပွားမှုနှုန်းဟာ E စီးကရက်မသုံးစွဲသူထက် သုံးဆအထိ ပိုများနေတာပါဘဲ။

READ
အိမ်သာခွက်ထက် ပိုညစ်ပတ်တဲ့ ပစ္စည်းများ
Pixabay

ဒါကြောင့် အရေးပေါ်ထုတ်ပြန်မှုတွေ ထပ်မံလုပ်ခဲ့ကြပေမယ့် E စီးကရက်က လူငယ်ထုအတွင်းမှာ အတော်လေး အရှိန်ကောင်းနေပြီဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ အဖြစ်အပျက်အတွက် အတော်စိတ်မကောင်းဖြစ်ခဲ့ကြပြီး သေချာအောင် လေ့လာမှုတွေထပ်လုပ်ခဲ့ကြပါတယ်။ University of California, San Francisco မှ ပါမောက္ခ Mark Rubinstein က ဦးစီးပြီးလုပ်ခဲ့ကြတာပါ။

Mark က ” လူငယ်တွေကို အရေးပေါ်သတိပေးမှုလုပ်ချင်တာက E စီးကရက်မှာ နီကိုတင်းဓာတ်မပါဘူးဆိုရင်တောင်မှ ဓာတ်သဘောတွေ လောင်ကျွမ်းပြီးမှ ထုတ်လွှတ်လိုက်တဲ့ E စီးကရက် ရေငွေ့ထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုဓာတ်ပေါင်းတွေ များပြားစွာပါဝင်ပါတယ် … ဒါကို သိထားဖို့ လိုပါတယ် “လို့ ပြောခဲ့ပါတယ်။

Pixabay

E စီးကရက်သုံးစွဲတဲ့ လူငယ်တွေရဲ့ တံထွေးနဲ့ ဆီးတို့ကို စစ်ဆေးရာမှာ Acrylamide လို့ခေါ်တဲ့ဓာတ်ပေါင်းကို တွေ့ရပြီး၊ ယင်းဓာတ်ဟာ နည်းပညာပစ္စည်းတွေမှာအသုံးပြုတဲ့ Chip ပြားလေးတွေ၊ မီးလောင်ကျွမ်းရာမှာထွက်ပေါ်လာတဲ့ဓာတ်ငွေ့တွေထဲမှာ များပြားစွာပါဝင်ပါတယ်။ ကင်ဆာဖြစ်ပွားစေနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး၊ အကြိမ်ရေများပြားလာတာနဲ့အမျှ ကင်ဆာဖြစ်ပွားမှုနှုန်းဟာ ဆေးလိပ်သောက်သူတွေနဲ့ ထပ်တူဖြစ်တယ်လို့ Mark က ဆိုပါတယ်။

READ
ဒိန်ချဉ်ရဲ့ ကျန်းမာရေးကောင်းကျိုး(၆)မျိုး
Pixabay

E စီးကရက်ထဲမှာ Proplyene glycol နဲ့ Glycerin ဓာတ်တွေကိုအသုံးပြုထားပြီး၊ အရေစနစ်ကို အပူပေးလောင်ကျွမ်းစေကာ အငွေ့စနစ်ကို ပြောင်းလဲပေးပါတယ်။ သာမန်အခန်းအပူချိန်မှာ ဒီဓာတ်တွေဟာ ဘေးကင်းပေမယ့် အပူပေးလောင်ကျွမ်းလိုက်လို့ ထွက်ပေါ်လာတဲ့ဓာတ်ကတော့ ကင်ဆာဖြစ်စေနိုင်တာချင်း အတူတူသာဖြစ်ပါကြောင်း၊ လူငယ်အပေါင်းကို သတိပေးလိုက်ရပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE