ဆေးလိပ်ဖြတ်ဖို့ အီး-စီးကရက်သောက်ပြောင်းသောက်လည်း ကျန်းမာရေးထိခိုက်နိုင်

ဆေးလိပ် အစားထိုး အီး-စီကရက် (vape) သောက်တာဟာ နှလုံးဖောက်တာ၊ နှလုံးလေဟပ်တာနဲ့ နှလုံးသားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်စေကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြသွားခဲ့ပါတယ်

အမေရိကန်နိုင်ငံမှာ  အရွယ်ရောက်ပြီးသား လူအယောက် (၂၀) မှာ (၁) ယောက်နဲ့ တော်တော်များများက ဒီ အီး စီးကရက်က သာမန် စီးကရက်နဲ့ ယှဉ်ရင် ကျန်းမာရေးကို မထိခိုက်ဘူးလို့ အခိုင်အမာလက်ခံထားကြပါတယ်။

Wiki

အခုနောက်ပိုင်းမှာဆို အသစ်အသစ်သော အီးစီးကရက်နဲ့ ဆက်စပ်ပစ္စည်းတဲ့ ပစ္စည်းတွေဟာ အရှိန်ကောင်းကောင်းနဲ့ ထွက်ရှိနေပါတယ်။ ဒါကြောင့် ပိုပိုပြီး လေ့လာမှုတွေပြုလုပ်လာကြတဲ့အခါမှာ ပိုစိတ်ချရတယ်ဆိုတာ လုံးဝကြီး စိတ်ချရတာမဟုတ်ကြောင်းတွေ့ရှိခဲ့ကြတယ်။

အမေရိကန် နှလုံးအသင်း (AHA) ရဲ့ နောက်ဆုံးလေ့လာချက်မှာ ဖော်ပြခဲ့တာကတော့ vape သောက်တဲ့သူတွေဟာ နှလုံးဖောက်နိုင်တဲ့ အခြေအနေနဲ့ (၆၀) ရာခိုင်နှုန်းလောက် နီးစပ်တယ်ဆိုတာပါပဲ။ နှလုံးလေဟပ်တဲ့ အခြေအနေနဲ့ ကြုံဖို့ဆို (၇၁) ရာခိုင်နှုန်းရှိတယ်ဆိုတာကို သိရပါတယ်။

စစချင်း အီး-စီးကရက်တွေ ပေါ်လာတုန်းကဆို ဆေးလိပ်သောက်တဲ့သူတွေ ရပ်နာဖို့အတွက် အထောက်အကူပြု ပစ္စည်းသဖွယ် ကြော်ငြာခဲ့ကြတယ်။ အခုဆို အစားထိုးပစ္စည်းတစ်ခုလို ဖြစ်လာတာကိုလည်း အထင်းသားမြင်တွေ့ရပါတယ်။

READ
ဝိတ်ကျစေနိုင်တဲ့၊ ကျန်းမာရေးအရ သောက်သင့်တဲ့ ‘Detox Water’ ပြုလုပ်နည်း

AHA ရဲ့ လေ့လာချက်အရ vape သောက်တဲ့သူတွေက သာမန် ဆေးလိပ်သောက်တဲ့သူတွေလိုပဲ ဘာဆိုဘာမှ မသောက်တဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် ကျန်းမာရေး (၂)ဆပိုထိခိုက်တယ်ဆိုတာကို ဖော်ပြထားပါတယ်။

အဆုတ်ကင်ဆာ ဖြစ်ရခြင်းမှာ ဆေးလိပ်သောက်ခြင်းက အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ဆေးရွက်နဲ့ ဓာတုပစ္စည်းတွေကိုရောထားပြီး လောင်ကျွမ်းပြီးမှ ထွက်လာတဲ့ အငွေ့ကို ရှိုက်သွင်းတာကြောင့် ကင်ဆာဖြစ်စေတယ်။ ဒီလိုပဲ vape မှာ ထည့်သွင်းရတဲ့ အရည်ကလည်း ဓာတုပစ္စည်းတွေနဲ့ပဲ ဖော်စပ်ထားတာကြောင့် ရေရှည်မှာ လုံးဝ စိတ်ချလို့ မရနိုင်ပါဘူး။

အီ-စီးကရက်တွေဟာ နှလုံးနဲ့ နှလုံးသွေးလည်ပတ်မှု စစ်စတမ်ကို ရိုးရိုးစီးကရက်အတိုင်းပဲ ဆိုးရွားစေပါတယ်။ နှစ်မျိုးစလုံးက သွေးကြောလွှာတွေကို ထိခိုက်စေပြီး သွေးကြောတွေကျဉ်းလာမယ်၊ နောက်ပြီး သွေးလည်ပတ် စီးဆင်းမှုမှာလည်း မူမမှန်ဖြစ်စေတယ်။ နှလုံးသွေးကြောကျဉ်းတာက သွေးစီးဆင်းရာမှာ နှလုံးကို ပိုအလုပ်လုပ်ရပြီး အချိန်ကြာလာတာနဲ့အမျှ ပျက်စီးလာပါတယ်။

အခုဆို အီး-စီးကရက်ဟာ နှလုံးလေဟပ်တာနဲ့ ဆက်နွှယ်မှုရှိပြီး ဆိုးဆိုးရွားရွား သွေးခဲတဲ့ အလားလာတွေရှိနေပါတယ်။ လူ အယောက် (၄) သိန်းလောက်နဲ့ စမ်းသပ်လေ့လာခဲ့ကြပြီး vape သောက်တဲ့ (၆၆၇၉၅) ယောက်သောသူတွေမှာ နှလုံးလေဟပ်နိုင်တဲ့ အခြေအနေ (၇၁) ရာခိုင်နှုန်းထိ ရှိနေတာကိုတွေ့ခဲ့ရတယ်။

READ
လေလည်ခြင်းကိုကြည့်ပြီး သင့်ကျန်းမာရေးအခြေအနေကိုခန့်မှန်းနိုင်

နှလုံးဖောက်တာ နှလုံးရောဂါဖြစ်ဖို့လည်း (၅၉) ရာခိုင်နှုန်းနဲ့ (၄၀) ရာခိုင်နှုန်းရှိနေတာကိုလည်း တွေ့ရှိခဲ့ကြတယ်။ Vape သောက်တဲ့ သူ (၄.၂) ရာခိုင်နှုန်းမှာ (၁) ယောက်က အထက်ဖော်ပြပါ ရောဂါဝေဒနာတွေကို ခံစားနေရတယ်။ Vape သုံးစွဲမှုမှာ အရွယ်ရောက်ပြီးသားနဲ့ လူငယ်လူရွယ်တစ်ချို့က အများဆုံးဖြစ်ကြောင်း အထက်တန်းကျောင်နေအရွယ်မှာဆိုလည်း (၁၁.၃) ရာခိုင်နှုန်းအထိရှိကြောင်း လေ့လာချက်များကဖော်ပြထားပါတယ်။

ဒါကို ကြည့်ပြီး နောက်လာမည့် မျိုးဆက်ဟာ နှလုံးရောဂါ၊ လေသင်တုန်းဖြတ်တာ၊ နှလုံးရောဂါတွေကို ပိုတွေ့ကြုံ ရင်ဆိုင်ရဖို့ရှိကြောင်း၊ ကိုယ်ခန္ဓာ သွေးလည်ပတ်မှုနဲ့ ဆိုင်တဲ့ ရောဂါတွေလည်း အနာဂတ်မှာ အဖြစ်များလာနိုင်ကြောင်း Kentucky Neuroscience တက္ကသိုလ်က ဒေါက်တာ Larry Goldstein က စိုးရိမ်ဖွယ်အဖြစ်ပြောပြခဲ့ပါတယ်။

Source: Daily mail, CNN

Matthew (ShweMOM)

 

SHARE