စံပြ ဆေးရုံကြီးအတွက် လိုအပ်တဲ့ ပစ္စည်းတစ်ချို့ လှူဒါန်းခဲ့တဲ့ ဒေါ်သီသီဝင်း

Image: Fb/siphyo/E Thi

သရုပ်ဆောင် မင်းသား စည်ဖြိုးရဲ့ မေ မေ ဒေါ်သီသီဝင်း ကတော့ စံပြ ဆေးရုံကြီး အတွက် လိုအပ်တဲ့ ပစ္စည်းတစ်ချို့ ကို လှူဒါန်းပေးခဲ့ပါတယ်။သူတို့ မိသားစုလေးကတော့ ဘာသာရေးကိုလည်း ရို သေ ကိုင်းရှိုင်းပြီး အလှူအတန်းမှာ ဆိုရင် လက်မ နှေးတဲ့ စံပြမိသားစုလေးပါ။မကြာ ခဏ ဆိုသလို လှူဒါန်းမှုတွေ လုပ်လေ့ရှိပြီး ဒီတစ်ခါ မှာတော့ စံပြ ဆေးရုံကြီး အတွက် အလှူလုပ်ပေးခဲ့ပါတယ်။စံပြ ဆေးရုံကြီးမှာ လက် တလော လိုအပ်နေတဲ့ အရေး ပေါ် ပစ္စည်းတွေ နဲ့ ဆေးရုံဝန်ထမ်း (၈၀၀) အတွက် Mask လှူပေးခဲ့တာပါ။ဒီ အ ကြောင်းကိုတော့  စည်ဖြိုးရဲ့ မိခင် ဒေါ်သီသီဝင်းရဲ့ Fb မှာ အခုလို ဝေမျှထားပါတယ်။

Image: Fb/siphyo/E Thi
Image: Fb/siphyo/E Thi

“စံပြဆေးရုံကြီးတွင်လိုအပ်သောအရေးပေါပစ္စည်းနှင့်ဆေးရုံဝန်ထမ်း ၈၀၀အတွက်mask များလူဒါန်းခြင်း…” ဆိုပြီး Post တင်ထားပါတယ်။အလှူအတန်းရက်ရော တဲ့ မိခင်ဖြစ်သူရဲ့ အလှူအတွက် ၀မ်း မြောက် ကြောင်းကိုတော့ စည်ဖြိုးက  သူ့ရဲ့ Fb မှာ အခုလို ဝေမျှ ထားပါတယ်။

READ
ဝေဖန်ခံနေရတဲ့ ပုံကိုမှ profile ပုံအဖြစ် ထားလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်
Image: Fb/siphyo/E Thi
Image: Fb/siphyo/E Thi

“ကပ်ဘေးများ အေးစေဖို့ အဓိဌာန်ဝင်ပြီး ကပ်ကျော် စေတီတည်နေတဲ့ မေကြီး လောကီရော လောကုတ္တရာရော ဝိဇ္ဇာသိပ္ပံ မျှပြီး မေတ္တာဖြန့်နေပါတယ် …🙏🏻 Respect ❤️ Love ✌🏻 Peace…” ဆိုပြီး တင်ထားပါတယ်။ စည်ဖြိုးရဲ့  မေ မေ ကတော့ အရမ်းကို နာမည်ကြီးခဲ့တဲ့ ရှေ့ဖြစ်ဟော ဆရာမလေး ဒေါ် ဆွေ ဆွေ ၀င်း  (E.T) နဲ့ ညီအစ် မ တွေပါ။မြန်မာမှာ တင်မကပဲ ထိုင်းမှာပါ နာမည်ကြီးတဲ့ ရှေ့ဖြစ်ဟော ဆရာမပါ။ကွယ်လွန်သွားတဲ့ ET  အတွက် ET Foundation ကိုပါ ထူထောင် ပေးထားပြီး အလှူအတန်းတွေကို လုပ်ပေးနေသူပါ။

Source:Fb/siphyo/E Thi

SHARE