ကမ္ဘာကျော် ဆယ်လီ(၁၄)ယောက်ရဲ့ အိမ်မှာရှိတဲ့ ထူးထူးခြားခြား အရာများ

Image:celebrities'IG

ကမ္ဘာကျော် ဆယ်လီတွေမှာတော့ တန်ဖိုးကြီး အိမ် တွေ အများကြီးရှိပါတယ်။နန်းတော်ကြီးလို ခမ်းနားကျယ်ဝန်းတွေ အိမ် တွေကို ကမ္ဘာတစ်ဝန်း(သို့)နိုင်ငံအတွင်းက မြို့တွေ မှာ  ဆောက်လုပ်ဝယ်ယူထားကြတာပါ။အိမ်ရဲ့ အတွင်းပိုင်း တွေကိုတော့ တကယ့်ကို တန်ဖိုးကြီး တဲ့ အရာတွေ နဲ့ ပဲ ပြင်ဆင် မွမ်းမံကြတာပါ။အဲ့ဒီအထဲကမှ အိမ်မှာ ထူးထူးခြားခြား အရာတွေကိုပါ ထည့်သွင်း ထားကြတဲ့ ဆယ်လီတွေရှိပါတယ်။ဘယ်ဆယ်လီတွေရဲ့ အိမ်တွေမှာ ဘယ်လို အထူးအဆန်းအရာတွေရှိလဲ ဆိုတာ ကြည့်လိုက်ရအောင်…..။

1.Tiger Woods

(၂၀၀၆)တုန်းက Tiger Woods ဟာ Jupiter ကျွန်းမှာ မြေ (၁၂)ဧက ၀ယ်ခဲ့ပါတယ်။စတုရန်း ပေ (၉၀၀၀) ရှိတဲ့ အိမ်ကြီး ရှိပြီး အဲ့ဒီမှာတော့  Gym၊Media Room၊ ပြေးလမ်း၊၀ိုင် မြေအောက် ခန်း ရှိပါတယ်။အိမ်မှာ Golf လေ့ကျင့်လို့ ရအောင် လေးကျင်း Golf Course ပါ ရှိပါတယ်။

2.Kylie Jenner

Image:YouTube / Kylie Jenner/

Kylie ရဲ့  အိမ်ကြီးမှာတော့ သမီးဖြစ်သူ အတွက် တည်ဆောက် ပေးထားတဲ့ ကစားကွင်းလို အိမ်ကြီး တစ်ခု ရှိပါတယ်။(၂၀၁၉)ခရစ်စမတ်မှာ Kris Jenner ကနေ Kylie ရဲ့ သမီးလေး Stormi အတွက် ကစားဖို့ နေရာ အဖြစ် အိမ် ကြီးကို လက်ဆောင်ဆောက်ပေးခဲ့တာပါ။သာမန် ကစားကွင်းအိမ်ကြီးလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ကလေး ဆော့တဲ့ ကစားစရာ မျိုး မဟုတ်တဲ့ တကယ့် Real Life မှာ ရှိတဲ့ အရွယ်အစား တွေ အတိုင်း လုပ်ပေးထားတဲ့ ကစားစရာ ပစ္စည်းတွေ ကိုပါ ထည့်ပေးထားပါတယ်။

 

3.DJ Khaled

Life Style Production Group for ONE Sotheby’s

Miami မှာရှိတဲ့ အိမ်ကြီးကို (၂.၅)သန်း အကုန်အကျ ခံပြီး ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။အိမ် ထဲမှာဆိုရင်  ရွှေ (၁၄)ကာရက် ရှိတဲ့ မီးပန်းဆိုင်းကြီးတွေ၊နှမ်းဖတ် ကျောက် နဲ့ လုပ်ထားတဲ့ လှေခါး၊ရုပ်ရှင်ရုံ တွေပါ ရှိတဲ့ အိမ်ကြီးပါ။ဒါ့အပြင် သူ့ရဲ့  sneaker ဖိနပ် တွေ ထားဖို့ အခန်းကြီးပါ ပါတယ်။အဲ့အထဲမှာ ဖိနပ် ငါးရာ ဆန့်ပါတယ်။သူ့ အိမ်ကြီးကို (၂၀၁၈) တုန်းက ရောင်းဖို့ လုပ်ခဲ့ပေမယ့် အခုထိ တော့ ရောင်းမထွက်သေးပါဘူး။

4.Nicole Kidman

နယူးယော့ခ် စီးတီးမှာရှိတဲ့ Nicole  ရဲ့  အိမ်မှာတော့ ထူးဆန်းတဲ့ အရာတစ်ခု ရှိပါတယ်။အဲ့ဒီ အိမ်ကြီးကိုတော့ သူမနဲ့ ခင်ပွန်းဖြစ်သူက (၂၀၁၀) က ၀ယ်ခဲ့တာပါ။(၃၂၄၈) စတုရန်းပေ ကျယ်ဝန်းပါတယ်။အိပ်ခန်း(၃)ခန်း၊(၂၃) ပေ ရှိတဲ့ မျက်နှာကျက်၊ကြမ်းပြင်ကနေ မျက်နှာကျက်ထိ ရှိတဲ့ ပြူတင်းပေါက်တွေ၊အိမ်ရဲ့ ဘေးမှာ ကျောက်ပြားခင်းထားတဲ့ အကွက် နှစ်နေရာ ပါရှိပါတယ်။ထူးဆန်းတာက ကားအတွက် ဓါတ်လှေ ကားပါ ထားပေးထားပါတယ်။ကားတွေကို လမ်းပေါ် ကနေ အိမ်ရဲ့ တံခါးထိ ရောက်အောင် သယ်ပေးတဲ့ ဓါတ်လှေ ကားပါ။

Image:FlashFrame Productions/ YouTube

5.Shaquille O’Neal

Image;IG O’Neal & Realtor.com

NBA  ကစားသမားဟောင်း Shaquille O’Neal မှာတော့ (၁၉၉၃) တည်းက ၀ယ်ထားတဲ့ အိမ်ကြီးတစ်လုံး ရှိပါတယ်။basketball  ကစားသမား ဖြစ်တဲ့ သူ့ အိမ်မှာဆိုရင်   အကုန်လုံးက Oversize တွေပါ။ထိုင်ခုံတွေ အကုန်လုံးက အကြီးကြီးပါ။နောက်ဆုံး သူ့အိမ်မှာ ရှိတဲ့ အိပ်ယာ ရဲ့ အကျယ်ကတော့ ပေ (၃၀) ပါ။ပေ (၃၀) ရှိတဲ့ အိပ်ယာ ကြီး နဲံ အဲ့ဒီ အိမ်ကို တော့ (၂၀၁၈)က ကန်ဒေါ်လာ (၂၈)သန်း နဲ့ ပြန်ရောင်းဖို့ လုပ်ခဲ့ပါတယ်။

READ
အယ်လ်ဘမ် စထွက်တဲ့ (၂၄)နာရီအတွင်း အခွေ (၁.၃)သန်း ရောင်းချနိုင်ခဲ့တဲ့ တေလာဆွစ်ဖ်

6.Oprah

Image:IG/Oprah

(၂၀၁၆)တုန်းက Oprah  ဟာ အမေရိကန် Colorado ပြည်နယ်၊ Telluride မှာ ကန်ဒေါ်လာ (၁၄)သန်းတန်တဲ့  အပန်းဖြေ စခန်းမှာ ဆောက်ထားတဲ့ အိမ်လေးကို ၀ယ်ခဲ့ပါတယ်။အဲ့ဒီအိမ်ထဲမှာတော့ ထုံးကျောက် ဒေါ်လ (၇) သောင်းဖိုးနဲ့ ဖန်တီးထားတဲ့ Bathtub ၊ Spa ၊ Hot Tub တို့ ပါရှိပါတယ်။ဒါတင်မက ပါဘူး။ဝိုင်လိုဏ် ဂူကြီးပါ ရှိပါတယ်။ဝိုင်ပုလင်း ပေါင်း (၁၆၀၀) ကို သိမ်းဆည်းထားတဲ့ (၅၆)ပေ အရှည်ရှိတဲ့ ၀ိုင်လိုဏ်ဂူကြီးပါ။အရင်က  သတ္တု (မိုင်း) တွေကို သယ်တဲ့ နေရာပါ။အဲ့ဒီ ၀ိုင်လိုဏ် ဂူကြီးကို တည်ဆောက်ဖို့ အတွက် အမေရိကန်ဒေါ်လာ (၂)သိန်း (၄) သောင်းကျော် အကုန်အကျ ခံထားရတာပါ။

7.Paris Hilton

 

View this post on Instagram

 

💎💎👸🏼🐱💎💎

A post shared by Paris Hilton (@parishilton) on


Los Angeles မှာ ရှိတဲ့ သူမရဲ့ အိမ်ကြီးမှာတော့ ခွေးတွေ အတွက် ဒေါ်လာ (၃)သိန်း ကျော် အကုန်အကျ ခံပြီး သပ်သပ် ဆောက်ပေးထားတဲ့ အိမ်တစ်လုံး ရှိပါတယ်။သူမရဲ့ ခွေး ငါး ကောင် အတွက် ထပ် ဆောက်ပေးထားတာပါ။

8.Jennifer Lopez

 

View this post on Instagram

 

Baby, it’s warm outside.❤️ #ChristmasInMiami #ChristmasEveSleigh 📸: @arod

A post shared by Jennifer Lopez (@jlo) on


Jennifer Lopez   ကတော့ ကယ်လီဖိုးနီးယား ၊ Bel Air မှာ အိမ်ဝယ်ထားပါတယ်။(14,000) စတုရန်းပေ ကျယ်ဝန်းတဲ့ အဲ့ဒီ အိမ်မှာတော့ အိပ် ခန်း (၇)ခန်း၊ရေချိုးခန်း (၁၃) ခန်းရှိပါတယ်။လူအယောက် (၃၀)ဆန်တဲ့ ရုပ်ရှင်ရုံလည်း ရှိပါတယ်။ရေကူးကန်၊ကမ်းခြေ၊အနှိပ်ခန်း အကုန်အစုံရှိတဲ့ အပြင် ကိုယ်ပိုင်စပျစ်ခြံ ပါ ရှိပါတယ်။

9.Bill Gates

Image:Google Maps

Washington က Medina မှာရှိတဲ့  Bill Gates ရဲ့ အိမ် မှာတော့ ခုန်ပျံ ကျွမ်းထိုးနိုင်အောင် စပရိန် သုံးထာတဲ့ ပတ္တူ ဖျင်ချပ် အခန်းရှိပါတယ်။အဲ့ဒီ အခန်းက (၂၅၀၀) စတုရန်း ပေ ရှိ ပါ။ဒါတင် မက သေးပါဘူး။ underwater music system ပါရှိတဲ့ ရေကူးကန်၊ရုပ်ရှင်  ရှိပါတယ်။

10.Kim Kardashian &  Kanye West

Image:Vogue/ YouTube

Kim Kardashian နဲ့  Kanye West  တို့ မှာတော့ အိမ်တွေအများကြီးရှိပါတယ်။ကယ်လီဖိုးနီးယား ပြည်နယ် Hidden Hills မှာရှိတဲ့ အိမ်ကြီးကတော့ (၁၅၆၇၇) စတုရန်းေ ပ ကျယ်ဝန်းပါတယ်။တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ သန်း (၂၀) ပါ။(၂၀၁၉) ဧပြီမှာတော့ အဲ့ဒီအိမ်ကြီးဟာ အရမ်း နာမည်ကြီးခဲ့ပါတယ်။Kim က သူမရဲ့ နေအိမ်က ရေချိုးခန်း ကို ထုတ်ပြပြီးနောက် နာမည်ကြီးခဲ့တာပါ။ပြားနေတဲ့ ကန်က ဘယ်လို သုံးမှာလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ သူမက အဲ့မှာ  ဆင်ခြေလျှော ရှိကြောင်းနဲ့  အဲ့ဒီ လျှော က ရေကို အပေါက်ထဲ ရောက် အောင် လုပ်ပေး ပြီး ရေစီးဆင်း အောင် လုပ်ပေးတယ်ဆိုပြီး ပြောခဲ့ပါတယ်။အဲ့ဒီကန် တွေ က အမေရိကန် ဒေါ်လာ နှစ်ထောင် လောက် ကုန်ကျ ခံပြီး လုပ်ထားရတာပါ။.

11.John Travolta


သရုပ်ဆောင် မင်းသား John Travolta ရဲ့ အိမ်မှာတော့ Private လေဆိပ်တစ်ခု ရှိပါတယ်။ဖလော်ရီဒါ ပြည်နယ်၊ Ocala မှာရှိတဲ့ အဲ့ဒီ အိမ်ကြီးဟာ ဧက (၅၅၀) ကျယ်ဝန်း ပါတယ်။အမေရိကန်ရဲ့ အကြီးဆုံး လေယာဉ် ပြေးလမ်း ရှိပါတယ်။ Boeing 737 ဆင်းသက် နိုင်ပါတယ်။Travolta ကိုယ်တိုင်ကလည်း လိုင်စင်ရ Pilot တစ်ယောက် ပါ။ Travolta ရဲ့ ကိုယ်ပိုင် လေယာဉ် တွေ အလွယ် တကူဆင်းသက် နိုင်အောင် သူ့ရဲ့ အိမ် ကို ဦးတည်တဲ့ လေယာဉ် ပြေးလမ်းနှစ်ခု တောင်ရှိပါတယ်။

READ
ဆံပင်စတိုင်အသစ်လေးနဲ့ ချစ်စရာကောင်းနေတဲ့ စမိုင်း
Image:Ig/John Travolta

12.Lady Gaga’

Image:IG/ Gaga & Realtor.com

Bradley Cooper က Lady Gaga ကို “A Star is Born,”  မှာ ပါဝင်သရုပ်ဆောင် ပေးဖို့ အတွက် Gaga ရဲ့  Malibu က အိမ်ကြီးမှာနားချ ခဲ့တာပါ။အဲ့အိမ်ကတော ကန်ဒေါ်လာ (၂၂.၅)သန်း တန်ပါတယ်။  အိမ်ရဲ့  မြေ အောက်ခန်းမှာ တော့ ဘိုလင်း  မြောင်းရှည်ကြီး နှစ်ခု ရှိပါတယ်။အဲ့ကို လျှို့ဝှက်တံခါး ပေါက် တစ်ခုတည်းကနေပဲ ၀င်လို့ ရပါတယ်။မြေအောက် ခန်းထဲမှာ ရုပ်ရှင်ရုံ၊ဘား ပါ ရှိပါတယ်။

13.Taylor Swift

 

View this post on Instagram

 

If it don’t fits I still sits – small wooden box edition 💋

A post shared by Taylor Swift (@taylorswift) on


New York City က သူမ အိမ်ကြီးရဲ့ မြေအောက် ခန်းမှာတော့ Indor ရေကူးကန် ရှိပါတယ်။ ပေ (၃၀) အရှည်ရှိပြီး မီးဆိုင်းတွေ နဲ့ အလှဆင်ထားတဲ့ ရေကူးကန် ကြီးပါ။အိမ်ကြီးကတော့ (၅၅၀၀) စတုန်းရန်း ပေ ကျယ်ပါတယ်။အိပ် ခန်း (၄)ခန်း၊ရေချိုးခန်း (၆)ခန်းရှိပါတယ်။(၂၀၁၉) မှာတော့ ဒေါ်လာ (၁၁.၅)သန်းနဲ့ ရောင်းချ ခဲ့ပါတယ်။

 

14.Celine Dion

Image: Curtis Ryan Woodside/ YouTube

ဖလော်ရီ ဒါပြည်နယ်မှာ စတုန်းရန်းပေ (၂၀၀၀၀) ရှိတဲ့ အိမ်ကြီးကို ပိုင်ခဲ့ဖူးပါတယ်။အဲ့ဒီအိမ်ကြီးမှာတော့ အိပ် ခန်း (၁၃)ခန်း၊ရေချိုးခန်း (၁၄)ခန်းရှိပါတယ်။အိမ်ကြီးမှာတော့ Golf ကွင်း၊တင်းနစ်ကွင်း၊Guest House ပါ ရှိပါတယ်။အိမ်မှာရှိတဲ့ ထူးခြားတဲ့ အရာကတော့  Water Park ပါ။ရေကူးကန်နှစ်ခု၊ ရေလွှာလျှော နှစ်ခု  ရှိတဲ့ wate park ရှိပါတယ်။(၂၀၁၇) မှာ ဒေါ်လာ (၃၈)သန်း နဲ့ ရောင်းချ ခဲ့ပါတယ်။

Source:businessinsider & Wiki

SHARE