အိမ်ခေါင်မိုးပေါ်မှာဆေးခြောက်စိုက်ထားတဲ့ဥာဏ်ကြီးရှင် မမျှော်လင့်ပဲရဲအဖမ်းခံရ

စပိန်နိုင်ငံမှာ Vuelta a España အမည်ရတဲ့ စက်ဘီးပြိုင်ပွဲကျင်းပနေချိန်အတွင်း စပိန်ရဲတွေဟာ မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရကြောင်း news.com.au ၀က်ဆိုက်ဒ်ကနေ သိရှိပါတယ်။ Vuelta a España စက်ဘီးပြိုင်ပွဲဟာ စပိန်နိုင်ငံမှာ ရက်သတ္တပတ်(၃) ပတ်ကြာ ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာတော့ နိုင်ငံပိုင်တီဗီသတင်းဌာနတစ်ခုက စက်ဘီးစီးပြိုင်ပွဲဝင်တွေကို မှတ်တမ်းတင်နိုင်ဖို့ ဝေဟင်ကနေ ရိုက်ကူးရေးတွေ ပြုလုပ်နေခဲ့ပါတယ်။

ဝေဟင်ကနေ ဟယ်လီကော်ပတာနဲ့ ဗီဒီယိုလိုက်ရိုက်နေတုန်းမှာပဲ အမှတ်မထင် ဆေးခြောက်စိုက်ခင်းတွေက မြင်ကွင်းထဲ ပါလာခဲ့တာကြောင့် မျက်စိလျင်သူအချို့က ဒါကို သတိပြုမိခဲ့ကြတာ ဖြစ်ပါတယ်။ ဗီဒီိယိုထဲ တွေ့မြင်ရတဲ့ ဆေးခြောက်ပင်တွေဟာ စပိန်နိုင်ငံအရှေ့မြောက်ပိုင်း ကန်ကာလိုနီးယားဒေသမှ အီဂွာလာဒါမြူနီစပါယ်အတွင်း တိုက်ခေါင်မိုးတစ်ခုပေါ်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဆေးခြောက်ပင်တွေကို အခင်း(၂) ခင်း ခွဲစိုက်ပျိုးထားခဲ့တာ ဖြစ်ပြီး တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးကြတဲ့အခါမှာတော့ ဆေးခြောက်ပင်ပေါင်း အပင်(၄၀) လောက်ကို ဖမ်းမိရရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိ အပင်တွေနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို တိတိကျကျ မသတ်မှတ်နိုင်သေးတဲ့အပြင် ဖမ်းဆီးအရေးယူတာတွေလည်း မပြုလုပ်ရသေးဘူးလို့ ဆိုပါတယ်။

READ
ဆပ်ကပ်ပြသနေစဉ်အတွင်း ခြင်္သေ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ ဆပ်ကပ်ဆရာများ

အကြောင်းရင်းကတော့ တစ်ကိုယ်ရည်သုံးစွဲဖို့ ဆေးခြောက်ပင်စိုက်ပျိုးခြင်းကို ဆန့်ကျင်တားမြစ်တဲ့ ဥပဒေဟာ စပိန်နိုင်ငံ ဥပဒေထဲမှာ မရှိသေးတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၄င်းအဆောက်အဦးမှာ နေထိုင်သူတွေကိုတော့ အပင်တွေကို အများပြည်သူထံ မြင်သာထင်ရှားရှိစေမှုအတွက် ပေါင်(၂၇,၀၀၀) ဒဏ်ကြေးတပ်ဖို့ ကြေညာထားကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE