ပြေတီဦးပညာရေးဖောင်ဒေးရှင်းမှကျောင်းသူ/သားတွေရဲ့ အောင်မြင်မှုအတွက် ၀မ်းသာနေတဲ့အူဝဲ

သရုပ်ဆောင်မင်းသမီးချော အိန္ဒြာကျော်ဇင်  ကတော့ ခင်ပွန်းဖြစ်သူရဲ့ ပြေတီဦး ဖောင်ဒေးရှင်းက ထောက်ပံ့ပေးခဲ့တဲ့ ကလေးငယ်တွေရဲ့ အောင်မြင်မှုအတွက် ၀မ်းသာပီတိဖြစ်နေပါတယ်။ဖောင်ဒေးရှင်းရဲ့ ပထမဆုံးအသုတ်မှ ကျောင်းသား၊ေ ကျာင်းသူ(၆)ဦးဟာ ဆရာဝန်ဘွဲ့ရရှိသွားတဲ့ အတွက် ဂုဏ်ယူမိသလို အရမ်း လည်း ပီတိဖြစ်ရတယ်လို့ အူဝဲကပြောထားပါတယ်။အပြည့်အစုံကတော့…

“ပြေတီဦးပညာရေးဖောင်ဒေးရှင်း” ပထမဆုံးအသုတ်မှ ကျောင်းသား ကျောင်းသူ(၆)ဦး ၂၀၁၇ စက်တင်ဘာလ ၈ ရက်နေ့ တွင် ဆရာဝန်ဘွဲ့ များရရှိသွားကြပါပြီ…..
အရမ်းဂုဏ်ယူပါတယ်….အရမ်းပီတိဖြစ်ရပါတယ်….
နှစ်စ မှ နှစ်ဆုံးထိမဟုတ်ပဲ နှစ်တဝက်မှ ဖောင်းဒေးရှင်းသို့ ရောက်လာသော ကျောင်းသား ကျောင်းသူများထဲမှ ဆရာဝန် ဘွဲ့ ရသွားသော ကျောင်းသား ကျောင်းသူ များ ရှိသော်လည်း နှစ်စမှ နှစ်ဆုံးထိ ဖောင်ဒေးရှင်းမှ တာဝန်ယူပေးထားသော ကျောင်းသား ကျောင်းသူ များထဲတွင် ပထမဆုံး ဖြစ်ပါတယ်..

READ
စင်တင်ပြဇာတ်အဖြစ် မြင်တွေ့ရတော့မယ့် "လင်္ကာဒီပချစ်သူ"

သားတို့ သမီးတို့ နိုင်ငံအတွက် တထောင့်တနေရာ ကနေ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး ပရဟိတ လုပ်ငန်းများနဲ့ ဘာသာ သာသနာအကျိုးတို့ ကို ထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်…” လို့ သူမရဲ့ FB ပေါ်မှာ ရေးထားပါတယ်။

from Eaindra Kyaw Zin ‘s fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE