“ဟစ်တိုင်” ရုပ်ရှင်စာနယ်ဇင်းရှင်းလင်းပွဲကို အလှဆုံးတက်ရောက်လာတဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး အိန္ဒြာကျော်ဇင်ကတော့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

သူမကတော့ လတ်တလောမှာလည်း “ဟစ်တိုင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒေါင်းနီဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

မေလ ၇ ရက်နေ့မှာတော့ “ဟစ်တိုင်” ရုပ်ရှင်စာနယ်ဇင်းရှင်းလင်းပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် အိန္ဒြာကျော်ဇင်ကတော့ အနီရောင်မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးလေးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ရိုးရိုးလေးပေမဲ့လည်း အလှဆုံးဖြစ်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ဓါတ်ပုံတွေကို ဝေမျှပေးလိုက်ပါတယ်။

Source: amazing grace

SHARE