တရားခံအစစ်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုလိုက်တဲ့ အိန္ဒြာကျော်ဇင်

Image: fb/Eaindra Kyaw Zin

နေပြည်တော်မှာဖြစ်ပွားခဲ့တဲ့ မူကြိုကျောင်းသူလေးရဲ့ အမှုကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အရမ်းကို လူပြော များနေပါတယ်။ ဖြစ်ပွားခဲ့တာ တစ်လကျော်ကြာနေခဲ့ပေမယ့် အခုထိ တရားခံ အစစ်ပေါ်ထွက်မလာ သေးတဲ့ အပေါ် ပြည်သူလူထုတစ်ရပ်လုံးက အားမလို အားမရ ဖြစ်နေကြပါတယ်။ ဖြစ်ပွားခဲ့တဲ့ နယ်ပယ်ကလည်း အကျယ်ကြီး မဟုတ်ပဲ တရားခံ အစစ်ကို ဖော်ဖို့ ကိစ္စက လိုတာထက်ပိုပြီး ကြန့်ကြာနေတဲ့ အပေါ် ပြည်သူတစ်ရပ်လုံးက မခံ မရပ် နိုင် ဖြစ်နေကြပါတယ်။ ဒါကြောင့် အမှုမှာ တရားခံ အစစ်အမှန်ပေါ်ပေါက်လာရေးအတွက် အနုပညာရှင် အသိုင်းအ၀ိုင်း အပါအ၀င် ပြည်သူတွေက ၀ိုင်းဝန်းတိုက်တွန်းပေးနေကြတာပါ။

Image : Justice for Victora Facebook
Image : Justice for Victora Facebook

သက်ငယ်မုဒိမ်းမှုတွေကလည်း တဖြည်းဖြည်း ပိုများနေတာကိုလည်း တွေ့နေရပါတယ်။ သက်ငယ်မုဒိမ်းမှု လျော့ပါးအ ဆုံးသတ်ရေးအတွက် ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ကို လည်း အားလုံးက ၀ိုင်းဝန်းတောင်းဆိုနေကြပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေ တို့ ဇနီးမောင်နှံ ကလည်း ဒီအမှု နဲ့ ပတ်သက်ပြီး အားတက်သရော ပါဝင်ပေးနေပါတယ်။ လက်တလောဖြစ်နေတဲ့ နေပြည်တော်က ကလေးငယ်ရဲ့ အမှုမှာ တရားခံ အမြန်ဆုံးပေါ်ပေါက်လာစေဖို့အတွက်  #JusticeForVictoria #PromoteRuleOfLawInMyanmar ဆိုတဲ့ hashtag တွေနဲ့ Campaign လုပ်နေကြပါတယ်။ အဲ့ဒီမှာတော့ အကယ်ဒမီသရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင် ပါ ပါဝင်လာတာကို တွေ့ရပါတယ်။

READ
Best Picture ဆုရ ဇာတ်ကားနာမည်ကို မှားကြေညာမိခဲ့တဲ့ အော်စကာည
Image:fb/Eaindra Kyaw Zin
Image:fb/Eaindra Kyaw Zin

“သမီးတယောက်ရဲ့ အမေအဖြစ်ရှိနေတဲ့ အူဝဲအတွက်တော့ အရမ်းခံစားရတယ်…
အမှုမှန် အမြန်ပေါ်ပေါက်ပါစေ🙏🙏

မြန်မာပြည်မှာ
တရားဥပဒေပိုမိုစိုးမိုးလာရန်

ပြည်သူတွေတရားဥပဒေကို
ပိုမိုယုံကြည်​ လေးစားလိုက်နာလာရန်

တရားဥပဒေစိုးမိုးရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်

နိုင်ငံတော်အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက
နေပြည်တော်က ကလေးမုဒိမ်းမှု၏
တရားခံအစစ် ကို
မပျက်မကွက်ဖော်ထုတ်ပေးပါရန်
ပြည်သူများက
လေးစားစွာတောင်းဆိုလိုက်ပါသည်။

#JusticeForVictoria
#PromoteRuleOfLawInMyanmar….

ဆိုပြီး သူမရဲ့ fb စာမျက်နှာကတစ်ဆင့် ကလေးငယ်လေးအတွက် အမှန်တရားကို တောင်းဆိုလိုက်ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ဟစ်တိုင် ဆိုတဲ့ သက်ငယ်မုဒိမ်းပညာပေးဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး အဲ့ဒီ ဇာတ်ကား ရုံတင် ပြသပြီးတာလည်း သိပ်မကြာသေးပါဘူး။

Image:fb/Eaindra Kyaw Zin
Image:fb/Eaindra Kyaw Zin

Source: Eaindra Kyaw Zin

SHARE