ဒီကနေ့မှာ ကျရောက်တဲ့ အူဝဲရဲ့ အသက်(၄၃)နှစ်ပြည့် မွေးနေ့

Image:Fb/ Eaindra Kyaw Zin

ဒီကနေ့ ဧပြီလ (၂၄)ရက်နေ့ကတော့ ပရိသတ်တွေက အူဝဲဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီ မင်းသမီး ချော အိန္ဒြာကျော်ဇင် ရဲ့ မွေးနေ့လေးပါ။(၁၉၇၇)ခုနှစ် ဧပြီ (၂၄)မှာ မွေးဖွားခဲ့ပြီး ဒီနှစ် ကတော့ သူမရဲ့ အ သက် (၄၃)နှစ်ပြည့် မွေးနေ့ လေးပါ။အူဝဲကတော့ သရုပ်ဆောင်ဘက်မှာရော ဖက်ရှင်ပိုင်းမှာပါ လုံးဝ Perfect ဖြစ်တဲ့ မင်းသမီး တစ်ေ ယာက်ပါ။အမြဲတမ်း ဖက်ရှင် ကျ ကျ နေတတ်တာကြောင့်လည်း ပရိသတ်တွေ က သူမကို Fashion Queen ဆိုပြီး သတ်မှတ်ထားကြပါတယ်။

Image:Fb/ Eaindra Kyaw Zin

အူဝဲ ကတော့ Miss Kokkine contest ပြိုင်ပွဲမှာ 1998 ခုနှစ်က ၀င်ရောက်ယှဉ်ပြိုင်ပြီး ဆုရခဲ့တာပါ။ဒီပြိုင်ပွဲလေးက သူမရဲ့ အနုပညာခြေ လှမ်းအစ လို့ ပြောလို့ရပါတယ်။အဲ့ဒီနှစ် မှာပဲ Miss Christmas  ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ရင်း ဆုရ ခဲ့ ပြန်ပါတယ်။နောက်ပိုင်းမှာတော့ မဂ္ဂဇင်းတွေနဲ့ မော်ဒယ် Show ပွဲ တွေ မှာ ပါဝင် လာခဲ့ပါတယ်။(၂၀၀၀)ခုနှစ် မှာတော့ “ပျော်လိုက်ကျရအောင် ” ဆိုတဲ့ ဇာတ်ကားမှာ ခေါင်းဆောင် မင်းသမီး အဖြစ် နဲ့ ပါဝင် ခွင့်ရခဲ့ပြီး ပရိသတ် အားေ ပးမှု ရခဲ့ပါတယ်။

READ
Fan Meeting ပွဲ မလုပ်နိုင်လို့ YG Entertainment အပေါ် စိတ်တိုနေတဲ့ Lee Jong Suk
Image:Fb/ Eaindra Kyaw Zin

(၂၀၀၄)မှာတော့ အူဝဲတစ်ယောက် တစ်ယောက်” မျက်နှာ များတဲ့ ကောင်းကင်” ဆိုတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီဆု ရ ခဲ့ပါတယ်။ဒီကားကိုတော့ ဒါရိုက်တာ မောင် မျိုးမင်းက ရိုက်ကူးပြီး၊ရန်အောင်၊ လွင်မိုး၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင် တို့အဓိကပါဝင်ထားပါတယ်။ သူမရဲ့ ဒုတိယမြောက် အကယ်ဒမီဆုကိုတော့ (၂၀၁၇) မှာ “ရင်ဘတ်ထဲက ဓါး” နဲ့ ရခဲ့ပါ တယ်။ဒါဟာ (၁၃) နှစ်ကြာပြီး မှ ရတဲ့ အကယ်ဒမီဆုပါ။

Image:Fb/ Eaindra Kyaw Zin

အူဝဲကတော့ မင်းသားပြေတီဦးနဲ့ (၂၀၁၁) ဇန်န၀ါရီ (၁)ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ပထမဆုံးရင်သွေး  သမီးေ လး ကိုတော့ (၂၀၁၁) အောက်တိုဘာ (၁၄)မှာ ရခဲ့ပါတယ်။ဒုတိယမြောက်ရင်သွေး သားလေးကိုတော့ (၂၀၁၅) သြဂုတ် (၂၇)မှာ ရခဲ့ပါတယ်။အခုဆိုရင်တော့ သားသမီးနှစ်ယောက် နဲ့ ပျော်စရာ မိသားစု ဘ၀လေးကို ပိုင်ဆိုင် နေပါပြီ။

READ
နိုဝင်ဘာလ ပထမအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ
Image:Fb/ Eaindra Kyaw Zin

မမ အူဝဲ ရေ Happy Birthday ပါ နော်..အကယ်ဒမီဆုတွေ လည်း အများကြီး ထပ်ရပါစေ…။

Source:Eaindra Kyaw Zin

SHARE