ဦးသိန်းတန်ဘက်ကနေ ရပ်တည်ပေးလိုက်တဲ့ အိမ့်ချစ်

Myanmar Idol ကတော့ လက်တလောမှာ အရမ်းကို နာမည်ကြီးနေတဲ့ သီချင်းဆိုပြိုင်ပွဲပါ။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အတော်လေး လူပြောများနေတဲ့ သီချင်းဆိုပြိုင်ပွဲပါ။ပြိုင်ပွဲ တစ်ခု ပြီးတိုင်းလည်း ဝေဖန်ပြောဆိုသံတွေ အများ ကြီး ထွက်ပေါ်လေ့ရှိတဲ့ သီချင်းဆိုပြိုင်ပွဲပါ။ဇူလိုင်လ(၁၉)ရက်နေ့ညက Myanmar Idol Season 3 ရဲ့  Rock Week ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲကတော့ ပရိသတ်တွေရော၊အနုပညာရှင်အသိုင်းအ၀ိုင်းကြားမှာပါ အတော်လေးကို လူပြောများနေပါတယ်။ဒိုင်ေ တွ၊ပြိုင်ပွဲဝင်တွေအပေါ်ဝဖန် ပြောဆိုသံတွေလဲ အများကြီးကို ထွက်ပေါ်နေပါတယ်။လက်တလောမှာ ဒိုင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အန်ကယ်ဦးသိန်းတန်အပေါ် ဝေဖန်ပြောဆိုသံတွေ အများကြီး ထွက်ပေါ် နေပါတယ်။ အဆိုတော် အိမ့်ချစ်ကတော့  သူများတွေက ပြောဆိုဝေဖန်နေကြတဲ့ မြန်မာပြည်ဦးသိန်းတန်ဘက်ကနေ ရပ်တည်ပေးလိုက်ပါတယ်။

“အန်ကယ့်ကိုအပြစ်မမြင်ကြပါနဲ့ခွာ😂
အစီအစဉ်ရဲ့ စိတ်ဝင်စားမှုနှုန်းမြင့်တက်လာဖို့
သူကဇာတ်လမ်းစနေရတာပါ ဒါမှလူတွေပါးစပ်ဖျား
ပြောစမှတ်တွေဖြစ်လာမယ် လူပြောများမှပိုအောင်မြင်တာကိုးကွ ခုကိုဒေါသတွေထွက်ကြ စတေးတပ်တွေရေးကြနဲ့ မကြည့်ဖြစ်တဲ့လူကလဲဒါတွေကြားသိရပြီး
ကြည့်ချင်လာမယ် ကြည့်နေတဲ့သူတွေကလဲ
နောက်တစ်ပတ်ဘယ်လိုတွေဘက်လိုက်ဦးမလဲ
ဆက်စောင့်ကြည့်ကြမယ် ဒါပါပဲကွယ်
ဒါမယ့်သတင်းကြားမိတာက အန်ကယ့်ချစ်သူစနက်ပါတယ်ဆိုလားဘာလား သိပါဘူးးးးးးး 😁
အချစ်ရေ အန်ကယ်လူကြမ်းကြီးဘာာာာ…” ဆိုပြီး အိမ့်ချစ်က ပြောခဲ့ပါတယ်။

မောင်ချိုရော ဖြိုးမြတ်အောင်ရောကောင်းပါတယ်..” “အမခုပြောချင်တာလဲအဲ့ဒါပဲ အပန်းပြေရုံပဲကြည့်ကြပါ လို့အ ကြံပေးချင်တာ ပြီးတော့လူစွဲထက် တကယ်ကောင်းတယ်ဆိုတဲ့သူတွေကိုပဲမဲပေးစေချင်တာ” ဆိုပြီး Comment တွေ ကို Reply ပြန်ထားပါတယ်။

READ
ပရိသတ်တွေအတွက် ပုံအလန်းလေးတွေ တင်လိုက်တဲ့ ရွှေစင်

ကျ​နော်​ ဂီတအ​ကြောင်း​တော့ သိပ်​နားမလည်​ဘူးဗျ ​ကောင်းတဲ့သူကို မပြုတ်​​စေချင်​တာ​တော့အမှန်​ပဲ MI ဆိုတာစီးပွား​ရေး program တစ်​ခု​ဖြစ်​​ကောင်းဖြစ်​နိုင်​တယ်
ဒါ​ပေမဲ့ ဖြိုးမြတ်​​အောင်​က ဂီတနဲ့ပတ်​သတ်​ရင်​ စန်း ​တော်​​တော်​ရှိတယ်​ အမ အိမ့်​ချစ်​လိုပါပဲ သူပြီးရင်​ ​မောင်​ချို ​ငွေဇင်​လှိုင်းကြိုက်​တယ်​ အပြုသ​ဘော သိသ​လောက်​ ဝင်​မန့်​တာပါ ..” ဆိုပြီး ပရိသတ်တစ်ယောက်ရဲ့ Comment ကိုလဲ အိမ့်ချစ်က ….

အမနဲ့မောင်လေးအကြိုက်တူတယ် အမလဲတစ်ယောက်ထဲအားမပေးဘူး သူတို့သုံးယောက်လုံးဒီတစ်ပတ်ကောင်းကြတယ်..” ဆိုပြီး ပြန်ပြောထားတာကိုလဲ တွေ့ရပါတယ်။

from အိမ့်ချစ်

SHARE