Annabelle ကြည့်ရင်း ရုပ်ရှင်ရုံထဲမှာတင် သေဆုံးသွားခဲ့တဲ့အမျိုးသား

เพื่อนข่าว สายเจาะ/Facebook, IMDb

Annabelle ရုပ်ရှင်ကားတွေကို အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိတ်သတ်တွေနဲ့ ရင်းနှီးနေခဲ့ကြပြီလို့ ထင်ပါတယ်နော်။ နောက်ဆုံးထွကခဲ့တဲ့ Annabelle: Comes Home ဆိုတာဟာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့တုန်းက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုပ်ရှင်ရုံတွေမှာ ရံတင်ကာ ပြသူနေခဲ့ပါပြီ။

IMDb

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့က ရုပ်ရှင်ရုံတစ်ရုံမှာတော့ Annabelle ကြည့်ရင်း နိုင်ငံခြားသားအမျိုးသားတစ်ယောက်ဟာ အဖြစ်ဆိုးနဲ့ကြုံတွေ့သွားခဲ့ရပါတယ်။

ရုပ်ရှင်ရုံဟာ South Pattaya ရှော့ပင်းမောမှာ တည်ရှိနေတဲ့ ရုပ်ရှင်ရုံတစ်ရုံဖြစ်ပြီး မနက် ၁၂ နာရီခွဲလောက်မှာတော့ သက်ဆိုင်ရာရဲဌာနဆီကို ရုပ်ရှင်ရုံဝန်ထမ်းတွေက ပြာပြာသလဲလဲဖုန်းဆက်ကာ သတင်းတစ်ခုပေးခဲ့တဲ့အတွက် ချက်ချင်းဆိုသလို သက်ဆိုင်ရာအရာရှိတွေဟာ ရုပ်ရှင်ရုံရှိရာ ရှော့ပင်းမောကို ထွက်လာခဲ့ကြတယ်လို့ Coconut မှာ ဖော်ပြထားခဲ့ပါတယ်။

ရုပ်ရှင်ရုံရောက်တဲ့အချိန်မှာတော့ ရုံထဲမှာ ထိုင်းလူမျိုးမဟုတ်တဲ့ နိုင်ငံခြားသားတစ်ယောက် ထိုင်ခုံပေါ်မှာ မလှုပ်မယှက်နဲ့ ရှိနေခဲ့တာကို တွေ့ခဲ့ရပြီး အမျိုးသားကတော့ အသက်မရှိတော့ပါဘူးတဲ့။ သေဆုံးသွားခဲ့တဲ့အမျိုးသားဟာ ဗြိတိသျှလူမျိုးတစ်ယောက်ဖြစ်ပြီး အသက် ၇၈ နှစ်အရွယ်ဖြစ်ကာ အသက်ကြီးပိုင်းထဲ တော်တော်ရောက်နေခဲ့ပြီလိုလည်း ဖော်ပြထားခဲ့ပါတယ်။ ရုပ်ရှင်ကြည့်ဖို့အတွက် လက်မှတ်ကို တစ်စောင်စာပဲဝယ်ကာ တစ်ယောက်တည်း လာကြည့်နေခဲ့ပြီး တခြားသူတွေကရော ဝန်ထမ်းတွေကပါ အသက်မရှိတော့မှန်းကို ရုံပြီးလို့ သန့်ရှင်းရေးလုပ်မှသာ သိခဲ့ရတာပါတဲ့။

READ
မူးယစ်ဆေးစွဲနေတဲ့မိခင်က တမင်တကာ ကန္တာရထဲပစ်ထားခဲ့လို့ (၁၇)လသမီးငယ်သေဆုံး
TheStar

ဘာကြောင့်သေဆုံးသလဲဆိုတဲ့ အကြောင်းအရင်းကို သိရဖို့အတွက် အလောင်းကိုတော့ Bang Lamung ဆေးရုံကို ချက်ချင်းသယ်သွားခဲ့ပြီး စစ်ဆေးကြည့်လိုက်ရာ အရင်ကတည်းက နှလုံးရောဂါအခံရှိနေပြီး အဲဒီနေ့ကလည်း ဖျားနေတာလို့ ဒီအမှုကိုတာဝန်ယူထားခဲ့တဲ့ ရဲအရာရှိ Polapatt Thammasanong က ပြောဆိုထားခဲ့ပါတယ်။

Penny

SHARE