ဦးဦးဖျားဖျား အားကစားသတင်းများ (ပိုချက်တီနိုရဲ့ စပါးအသင်းနိုင်ပွဲပေါ် မှတ်ချက်နှင့်အတူ)

ကွန်တီ – ချယ်လ်ဆီးနည်းပြကွန်တီက အသင်းပိုင်ရှင်မိုဗစ်အနေနဲ့ မိမိကို ရာထူးကထုတ်ပယ်ပါက  အလွန်အသိဉာဏ်မဲ့တဲ့ လုပ်ရပ်တစ်ခုကို ကျူးလွန်မိသလို ဖြစ်စေမှာဖြစ်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။ ကွန်တီဟာ အသင်းရလဒ်တွေ ယိမ်းယိုင်နေတဲ့အတွက် ဖိအားတွေ များနေတဲ့နည်းပြဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ လာမယ့် ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်ရဲ့အဖြေဟာ သူ ချယ်လ်ဆီးမှာ ဆက်ရှိမရှိ အဆုံးဖြတ်ပေးလိမ့်မယ်လို့ ဆိုနေကြပါတယ်။

# စပါး

စပါးအသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ လန်ဒန်ဒါဘီ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ (၃)မှတ် ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပါးဟာ အာဆင်နယ်အသင်းကို (၇)မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပြီး၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် အရေးပါတဲ့ ခြေလှမ်းဖြစ်ခဲ့တယ်လို့ အသင်းနည်းပြ ပိုချက်တီနိုက ပြောခဲ့ပါတယ်။

# ပိုချက်တီနို

Sky Sports

စပါးနည်းပြ ပိုချက်တီနိုက အာဆင်နယ်အသင်းကို အနိုင်ရခဲ့ခြင်းမှာ ချိုမြိန်တဲ့ရလဒ်တစ်ခုဖြစ်ပြီး၊ ကာလရှည် အာဆင်နယ်တို့ အုပ်စိုးနေတဲ့ လန်ဒန်မြောက်ပိုင်းရဲ့ ဘုရင်နေရာကို မိမိတို့ လွှဲပြောင်းရယူနိုင်ခဲ့တာပဲဖြစ်ကြောင်း ဂုဏ်ယူပြောကြားခဲ့ပါတယ်။ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ အလွန်ကြီးမားတဲ့ ပြိုင်ဘက်တွေ ဖြစ်ကြပြီး စပါး အာဆင်နယ် ထိပ်တိုက်တွေ့ဆုံမှုမှာ အာဆင်နယ်က (၈၁)ကြိမ်နိုင်၊ စပါးက (၆၃)ကြိမ်နိုင်၊ သရေ (၅၁)ပွဲ ရလဒ် ထွက်ပေါ်ခဲ့ပြီး သမိုင်းကြောင်းအရ အာဆင်နယ်က အသာရနေဆဲပါ။

READ
(၁၄-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

# ရိုနယ်ဒို

Goal

ရီးယဲအသင်းတိုက်စစ်မှူး ရိုနယ်ဒိုဟာ ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး၊ အသင်းအတွက် အရေးပါတဲ့ စွမ်းဆောင်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဒိုလေးဟာ ပွဲချိန် (၂၇/၃၇/၈၀)မိနစ်တွေမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ကျန်တဲ့ အနိုင်ဂိုးနှစ်ဂိုးကိုတော့ ပွဲချိန် (၁)မိနစ်မှာ Lucas Vazquez က တစ်ဂိုး၊ ပွဲချိန် (၃၄)မိနစ်မှာ တိုနီခရူးက တစ်ဂိုး သွင်းယူခဲ့ပြီး၊ ဆိုစီဒက်အသင်ကို (၅-၂)ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။

# မက်ခီတာရန်

Goal

အာဆင်နယ်အသင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ မက်ခီတာရန်က ဝင်းဂါးနဲ့ မော်ရင်ဟိုကြား ကွာခြားမှုကို ထုတ်ဖော်ခဲ့ပါတယ်။ မက်ခီတာရန်ရဲ့ အဆိုအရ အာစင်ဝင်းဂါးဟာ အေးအေးဆေးဆေးနဲ့ အသင်းအပေါ်ကို သြဇာညောင်းနိုင်သူဖြစ်ပြီး၊ မော်ရင်ဟိုကတော့ အသင်းအပေါ် သြဇာညောင်းဖို့ အမြဲသွေးပူနေတတ်သူဖြစ်တယ်လို့ ဆိုပါတယ်။

# ဖာဂူဆန်

Goal

မန်ယူဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန်က ပန်ခရိကင်ဆာဖြင့်ဆုံးပါးသွားတဲ့ အသင်းကစားသမားဟောင်း Laim Miller အတွက် ဝမ်းနည်းကြောင်း စကားဆိုခဲ့ပါတယ်။ Miller ဟာ မန်ယူအသင်းမှာ (၂၀၀၄-၀၆)ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး၊ သေဆုံးချိန်မှာ အသက် (၃၆)နှစ်သာ ရှိပါသေးတယ်။ ဖာဂူဆန်က ” သူ ဆုံးသွားတယ်ဆိုတာ သိရတော့ ဝမ်းနည်းရပါတယ် … သူဟာ အသင်းအတွက် ကောင်းမွန်တဲ့အပြုအမူကောင်းတွေ သင်ကြားပေးခဲ့သူပါ … ဘဝကို သမာသမတ်ကျကျနဲ့ နေထိုင်ခဲ့သူပါ “လို့ ပြောခဲ့ပါတယ်။

READ
Instagram Post တစ်ခုအတွက် Cristiano Ronaldo ရတဲ့ ၀င်ငွေပမာဏ

နတ်စည်တော် (Shwemom)

source : thesun.co.uk/metro.co.uk

SHARE