ဦးဦးဖျားဖျား အားကစားသတင်းများ (အိုဝင်ရဲ့ စပါး-အာဆင်နယ် ခန့်မှန်းချက်နဲ့အတူ)

ဆန်းချက် – မန်ယူတိုက်စစ်မှူး ဆန်းချက်က မိမိရဲ့ ငယ်ဘဝအိပ်မက်မှာ မန်ယူမှာ ကစားခွင့်ရရေးဖြစ်ကြောင်း၊ ဒါဟာ လိမ်ညာခြင်းမဟုတ်ဘဲ ယခင်ကလည်း ပြောခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ သူဟာ အာဆင်နယ်အသင်းကို မရောက်ခင်တုန်းကလည်း အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီး ဒီလို ပြောခဲ့ကြောင်း သတင်းမှတ်တမ်းတွေရှိခဲ့ရာ၊ သူ့ကို လူမှုကွန်ယက်တွေပေါ်မှာ လှောင်ပြောင်ခဲ့ကြပါတယ်။

# မန်ယူ vs မန်စီးတီး

Metro

မန်ယူနဲ့ မန်စီးတီးအသင်းတို့ဟာ လက်စတာနောက်ခံလူ Harry Maguire ကို ခေါ်ဖို့ လာမည့်အပြောင်းအရွေ့ဈေးကွက်မှာ ယှဉ်ပြိုင်ရနိုင်ပြီး၊ Harry ရဲ့ လက်ရှိပေါက်ဈေးက ပေါင်သန်း (၅၀)အထိ ရှိနိုင်တယ်လို့ သတင်းတွေက ခန့်မှန်းနေကြပါတယ်။

# စပါး vs အာဆင်နယ်

လီဗားပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ယနေ့ည(၇)နာရီမှာ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီ စပါးနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ စပါးအသင်းကို အကြိုက်တွေ့နေတယ်လို့ ဆိုပါတယ်။ စပါးအသင်းဟာ အာဆင်နယ်အသင်းကို ပထမအကျော့မှာ ၂-၀ ရလဒ်နဲ့ ရှုံးခဲ့ပေမယ့် အခုအချိန်ဟာ လက်စားချေဖို့ အကောင်းဆုံးနဲ့ စပါးအသင်းကလည်း အင်းအားအတောင့်ဆုံးဖြစ်ကြောင်း ဆိုပါတယ်။ သူရဲ့ ခန့်မှန်းချက်ကတော့ စပါး ၂-၁ အာဆင်နယ် ဖြစ်ပါတယ်။

READ
မန်ယူပစ်မှတ် ဘာကာယာကို,ကို ပေါင် 35 သန်းနဲ့ခေါ်ယူဖို့ ချယ်လ်ဆီး သဘောတူညီမှုရရှိ

# ကြွေလွင့်သွားတဲ့ မန်ယူကစားသမားဟောင်း

Goal

မန်ယူအသင်းနဲ့ အိုင်ယာလန်အသင်းရဲ့ ကွင်းလယ်ကစားဟောင်း Liam Miller ဟာ ကင်ဆာရောဂါနဲ့ အသက်(၃၆)နှစ်မှာပင် ဆုံးပါးသွားပြီ ဖြစ်ပါတယ်။ Miller ဟာ ဆဲလ်တစ်၊ မန်ယူ၊ လိဒ်၊ ကျူပီအာ စတဲ့အသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ကလပ်ကတော့ ဝယ်လ်မင်တန်ဟမ်းမာဟက်ဒ် အသင်းဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှာက်မှာ ပွဲပေါင်း (၃၆၄)ပွဲ ကစားခဲ့ပြီး၊ (၁၉)ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။

# မော်ရင်ဟို

မန်ယူနည်းပြ မော်ရင်ဟိုက သူနဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာတို့ကြားမှာ မည်သည့်ပြဿနာမှ မရှိကြောင်း၊ သူတို့အသင်းဟာ စည်းစည်းလုံးလုံး ရှိနေကြပြီး၊ ပေါ့ဂ်ဘာအနေနဲ့ ကစားပွဲတိုင်းမှာ ယုံကြည်ချက်မြင့်မားစွာနဲ့ ပြန်လည်ပါဝင်လာလိမ့်မယ်ဖြစ်ကြောင်း ဆိုပါတယ်။

# မက်ခီတာရန်

Sport

အာဆင်နယ်အသင်းကို မန်ယူအသင်းမှ ပြောင်းရွှေ့ရောက်ရှိလာတဲ့ မက်ခီတာရန်က သူ ငယ်ငယ်က အားပေးခဲ့တဲ့ အသင်းမှာ အာဆင်နယ်အသင်းဖြစ်ပြီး၊ ကွင်းလယ်ကစားသမား ဗီအဲရာ၊ တိုက်စစ်မှူး အွန်နရီတို့ဟာ သူ့ရဲ့ သူရဲကောင်းတွေဖြစ်ကြောင်း ဆိုပါတယ်။

READ
အနီကတ်(၉)ကတ်ပြခဲ့ရတဲ့ ဘရားဇီဒေသတွင်းပြိုင်ပွဲနဲ့အတူ အားကစားသတင်းများ

# အာစင်ဝင်းဂါ

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက အသင်းကိုရောက်ရှိလာတဲ့ တိုက်စစ်မှူး အူဘာမီယန်ဟာ အွန်နရီရဲ့ ခြေရာကို ခံနိုင်မည့်သူဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။ လာကာဇတ်တီနဲ့ အူဘာမီယန်ဟာ အချင်းချင်း အချိတ်အဆက် နားလည်မှုရှိကြပြီး၊ ခံစစ်တွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မယ့်သူတွေဖြစ်ကြောင်း ဆိုပါတယ်။

# ဘာစီလိုနာ

Twitter

ပြီးခဲ့တဲ့ ကိုပါဒယ်ရေးဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗလန်စီယာအသင်းကို (၂-၀)ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာဟာ အပြန်မှာ ဘက်စ်ကားကို ခဲနဲ့အထုခံခဲ့ရပြီး၊ ဗလန်စီယာပရိသတ်တွေက ကွင်းပြင်မှာ ရန်လိုတဲ့တိုက်ခိုက်မှုတွေလုပ်ဖို့ စောင့်ဆိုင်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီကိစ္စကို ဘောလုံးအဖွဲ့ချုပ်နဲ့ ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk/metro.co.uk/mirror.co.uk

SHARE