ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့နှစ်(၂၀) တုန်းကထက် ပိုပြီး စိမ်းလန်းလာကြောင်း နာဆာဆို

ကမ္ဘာကြီးပူနွေးလာမှုနဲ့ လောင်စာဆီအသုံးများမှု ပြဿနာဟာ ကမ္ဘာမြေကြီးကို ကျန်းမာရေးပျက်ပြားအောင် လုပ်နေပါတယ်။ တစ်နေ့တစ်ခြား ကျန်းမာရေးချို့ယွင်းလာတဲ့ ကမ္ဘာမြေကြီးရဲ့ အကျိုးဆက်ကို သဘာဝတရားထဲ မှီတင်းနေထိုင်ကြသူ လူ၊ တိရစ္ဆာန် စတဲ့ သက်ရှိမှန်သမျှဟာ ခံစားကြရပါတယ်။ ဒါပေမယ့် လက်ရှိသိရတဲ့သတင်းတစ်ခုမှာတော့ နာဆာက ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်(၂) စုတုန်းထက် ပိုမိုစိမ်းလန်းစိုပြေလာပြီလို့ ဖော်ပြခဲ့ပါတယ်။

Unsplash | 画布 约翰尼

လေထုညစ်ညမ်းမှုဟာ ကမ္ဘာလုံးဆိုင်ရာ သတိပြုရမယ့် အချက်ပါ။ စက်မှုဖွံ့ဖြိုးပြီးတဲ့ နိုင်ငံမှန်သမျှမှာတော့ လေထုညစ်ညမ်းမှုဟာ အတိုင်းအတာတစ်ခုထိ ရှိနိုင်ပါတယ်။ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဟာ အန္တရာယ်ဖြစ်နိုင်တဲ့ အဆင့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူသိများခဲ့ပါတယ်။

Wikimedia Commons | High Contrast

စက်မှုလက်မှု အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာတာက တရုတ်အတွက် လေထုဆိုးဝါးရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်လို့ နေပါတယ်။ တရုတ်ရဲ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်လာတဲ့ ကုန်ထုတ်လုပ်မှုဟာ တန်ချိန်ပေါင်းများစွာရှိတဲ့ မီးခိုးငွေ့ မီးခိုးမှုန်တွေကို ဖြစ်ပွားစေပါတယ်။ လက်ရှိအချိန်ထိကို တရုတ်နိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လွှတ်မှုအဆင့်မှာ နံပတ်တစ်နေရာ ရှိနေဆဲ ဖြစ်ပါတယ်။

READ
အရှေ့တောင်အာရှထဲက လေထုအသန့်ရှင်းဆုံးမြို့တွေ ပိုင်ဆိုင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံ
Flickr | Jason Rogers

အိန္ဒိယမှာလည်း အလားတူဖြစ်ပြီး လေထုထဲမှာ မသန့်ရှင်းပဲ မီးခိုးငွေ့တွေနဲ့ ပြည့်နှက်နေပါတယ်။ အိန္ဒိယဟာ တစ်ကမ္ဘာလုံးမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် အလွှင့်ထုတ်ဆုံး ထိပ်တန်း(၅) နိုင်ငံထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ခန့်မှန်းရတာက မီးခိုးငွေ့တွေနဲ့ မသန့်စင်တဲ့လေတွေကို ရှူရှိုက်ပြီး သေဆုံးတဲ့လူတွေဟာ အိန္ဒိယမှာ (၁.၂၄) သန်းကျော်ရှိတယ်လို့ သိရပါတယ်။ တရုတ်နဲ့ အိန္ဒိယဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လုံးဝရပ်ဆိုင်းဖို့ မဖြစ်နိုင်ပေမယ့် တတ်အားသရွေ့တော့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ပမာဏာလျော့ကျစေဖို့အတွက် ကျင့်သုံးနေပါတယ်။

NASA

အခုဆိုရင်တော့ နှစ်နိုင်ငံစလုံးဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့လျော့ချရေး စီမံကိန်းတွေ လုပ်ဆောင်အပြီးမှာ ယခင်ကထက် နိုင်ငံကို ပြန်လည်စိမ်းလန်းလာအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း နာဆာက ကမ္ဘာမြေကြီးဟာ လွန်ခဲ့တဲ့နှစ်(၂၀) တုန်းကထက်ပိုပြီး စိမ်းလန်းလာနေပြီလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယဟာ နိုင်ငံကြီးတွေ ဖြစ်တာကြောင့် ကမ္ဘာနဲ့ ချီပြီး အလုပ်လုပ်တဲ့အခါ သူတို့နှစ်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဟာ အများကြီး ခရီးရောက်သွားခဲ့တာ ဖြစ်ပါတယ်။

READ
လှပပြီး ထူးဆန်းတဲ့ သဘာဝတရားကြီးရဲ့ အံ့ဖွယ်ဖြစ်ရပ်များ
Unsplash | Nikoline Arns

ဂြိုလ်တုက ရိုက်ကူးမိတဲ့ ဓာတ်ပုံတွေအရ တရုတ်နဲ့ အိန္ဒိယနိုင်ငံဟာ ပိုပြီး စိမ်းလန်းလာတဲ့ ကမ္ဘာမြေကြီးဖြစ်လာဖို့ အကြီးမားဆုံး ကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံကြီးတွေဖြစ်နေတာကို တွေ့ရမှာပါ။ နှစ်နိုင်ငံစလုံးရဲ့ အဓိကဖြေရှင်းနည်းကတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်လျော့ချဖို့ သစ်ပင်ပေါင်း သန်းနဲ့ချီပြီး စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ်မှာဆိုရင်လည်း ရာပေါင်းထောင်ပေါင်းများစွာသော အိန္ဒိယနိုင်ငံသားတွေဟာ စုပေါင်းပြီး (၂၄) နာရီတည်းနဲ့ သစ်ပင်ပေါင်း သန်း(၅၀) ကို စိုက်ပျိုးခဲ့ပါတယ်။ ခုချိန်မှာတော့ တဖန် ပြန်လည်စိမ်းလန်းလာတဲ့ ဧရိယာတွေကို မြေပုံပေါ်မှာ တွေ့ရမှာပဲ ဖြစ်ပါတယ်။

Wikipedia

လင်းလင်း (ShweMom)

Ref: Diply

SHARE