ရာစုနှစ်အဆုံးမှာ ကမ္ဘာ့ကမ်းရိုးတန်းမြို့အချို့ရေမြှုပ်သွားမည်ဖြစ်ကြောင်းသိရ

သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ ထိပ်တန်းပညာရှင်တွေက လာမယ့်ရာစုနှစ်အဆုံးမှာ ကမ္ဘာ့ကမ်းရိုးတန်းမြို့ကြီးအချို့ဟာ ပင်လယ်ရေအောက် မြှုပ်သွားကြလိမ့်မယ်လို့ သတိပေးစကား ပြောခဲ့ပါတယ်။ ဒါ့အပြင် ရာစုနှစ်အဆုံး (၂၁၀၀) ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင်ဟာ လက်ရှိထက် ()ပေခွဲ () ပေထိ မြင့်တက်လာလိမ့်မယ်လို့လည်း ဆိုခဲ့ကြပါတယ်။

ပင်လယ်ရေမျက်နှာပြင်အမြင့် မြင့်တက်လာရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေမှာရှိတဲ့ ရေခဲတွေအရည်ပျော်တာကြောင့် ဖြစ်ပါတယ်။ အဓိကအားဖြင့် ဂရင်းလန်းဒ်နဲ့ အန္တာတိကတိုက်ကြီးတွေထဲက ကြီးမားတဲ့ ဧရာမရေခဲကျောက်ဆောင်ကြီးတွေ ဆက်တိုက်အရည်ပျော်ရာကနေ ပင်လယ်ရေမျက်နှာပြင်ဟာ တဖြည်းဖြည်းမြင့်တက်လာတာ ဖြစ်ပါတယ်။

(Photo: Climate Central)

New Scientist အရ အခုခန့်မှန်းထားတဲ့ ပင်လယ်ရေမျက်နှာပြင်အမြင့်ရလဒ်ဟာ ကမ္ဘာ့ကုလသမဂ္ဂရာသီဥတုသိပ္ဗံရဲ့ ခန့်မှန်းချက်ထက် နှစ်ဆလောက်ဖြစ်နေတာကြောင့် ပညာရှင်တွေဟာ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှူကို ဖြစ်စေတဲ့အကြောင်းရင်းကတော့ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ဓာတ်ငွေ့၊ ကျောက်မီးသွေးနဲ့ ရေနံတွေကြောင့် ဖြစ်ပါတယ်။ သူတို့တွေဟာ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းဓာတ်ငွေ့စတဲ့ အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ထုတ်လွှတ်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဟာ လေထုရဲ့ အပူချိန်ကို တိုးမြှင့်စေပြီး ၀င်ရိုးစွန်းဒေသရေခဲတွေကို အရည်ပျော်စေကာ ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင်ကို မြင့်တက်လာစေပါတယ်။

(Photo: Jonathan L. Bamber)

ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာကြောင့် အနိမ့်ပိုင်းနေရာတွေမှာရှိနေတဲ့ ကမ်းရိုးတန်းမြို့တွေအားလုံး ရေလွှမ်းမိုးမှူဒဏ်ကို ခံစားရမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ နယ်မြေစတုရန်းမိုင်ပေါင်း () သိန်းဟာ ရေလွှမ်းမိုးခံရမှာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ ကမ္ဘာ့လူဦးရေ (၁၈၇) သန်းကျော်( ကမ္ဘာ့လူဦးရေရဲ့ ၂.၅ ရာခိုင်နှူန်း)ဟာ နေရာရွှေ့ပြောင်းကြရမှာဖြစ်ပြီး ရေလွှမ်းမိုးမှူဟာ အစားအသောက်ထုတ်လုပ်တဲ့ အဓိကကမ်းရိုးတန်းဒေသတွေကိုလည်း ထိခိုက်စေလိမ့်မယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲလာမှူနဲ့ ပတ်သက်ပြီး အပြုသဘော တုံ့ပြန်နိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ အဲဒါကတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှူရလဒ်တွေကို လျော့ပေါ့သွားအောင် လုပ်ဆောင်ပြီး လူတွေဟာ ပတ်ဝန်းကျင်နဲ့ ကိုက်ညီဆီလျော်အောင် နေထိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှူ လျော့ကျစေဖို့ကတော့ အရေးကြီးဆုံးအချက်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်တွေကြောင့် ဆုံးရှူံးမှူလျော့နည်းလာစေဖို့ကတော့ နည်းလမ်းရှာဖွေရမှာပဲ ဖြစ်ပါတယ်။

pexels

လူတွေဟာ သမိုင်းတစ်လျှောက်လုံး တွေ့ကြုံလာရတဲ့ အခြေအနေပေါ်မူတည်ပြီး အမူအကျင့်တွေ၊ ယဉ်ကျေးမှူတွေနဲ့ ဘ၀နေထိုင်မှူပုံစံတွေကို ပြောင်းလဲရတာတွေ ရှိပါတယ်။ ရာသီဥတုဖောက်ပြန်တဲ့အခါ ပတ်ဝန်းကျင်အပူချိန်လည်း ဖောက်ပြန်တာကြောင့် မကြာခဏမုန်တိုင်းဝင်ရောက်ခြင်းနဲ့ ရေကြီးခြင်းတို့လို ပြဿနာတွေ ဆိုးဝါးစွာကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် သိပ္ဗံပညာရှင်တွေကတော့ သမုဒ္ဒရာကြီးတွေကို ကာကွယ်တဲ့အရံအတားတွေကို တည်ဆောက်ဖို့နဲ့ အနာဂတ်မှာ ရေခဲတွေ အရည်ပျော်ဆင်းတာကို နှေးကွေးစေဖို့အတွက် နည်းလမ်းများ ဆက်လက်ရှာဖွေနေကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

READ
ဧဝရက်တောင်ပေါ်က သုံးတန်အလေးချိန်ရှိ ကမ္ဘာ့အမြင့်ဆုံး အမှိုက်ပုံကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့

Ref: usatoday, dailymail

SHARE