အချိန်တိုအတွင်း သဘာဝအတိုင်း ကြီးမားလှပတဲ့တင်ပါးရဖို့အတွက် နည်းလမ်းများ

မိန်းကလေးတွေရဲ့ အလှအပဟာ ရုပ်ရည်ကလေးတစ်ခုတည်းနဲ့ မပြည့်စုံပါဘူး။ ‘ရှိုက်ဖိုကြီးငယ် အသွယ်သွယ်’ ဆိုတာ
လိုပဲ ဖုသင့်တဲ့နေရာ ဖု၊ ဖောင်းသင့်တဲ့နေရာ ဖောင်းရပါတယ်။ အခုဖော်ပြပေးမှာကတော့ အမျိုးသမီးတို့ ဘ၀မှာ အရေးပါလှတဲ့ တင်ပါးအလှအကြောင်းပါ။ ဒီတော့ ပုရိသတို့ မျက်လုံးထဲမှာ စွဲမြဲစေဖို့ တင်ပါးသေးငယ်လှတဲ့ အမျိုးသမီးတွေအ
အတွက် တင်ပါးကြီးအောင်လုပ်နည်း (၃)မျိုးကို Shwemom ကနေ ဖော်ပြပေးလိုက်ပါတယ်။

(၁) ခန္ဓာကိုယ်လေ့ကျင့်ခန်းများ

(က) လမ်းလျှောက်ပုံကို ပြောင်းလဲပါ- လမ်းလျှောက်တဲ့အခါ ပုခုံးသားတွေကို နောက်ကို အနည်းငယ်ကော့ပါ၊ ရင်ကို
လည်း မသိမသာ ကော့ပါ။ ဒီနည်းဟာ တင်ပါးကြွက်သားတွေကို အားကောင်းစေတဲ့ နည်းဖြစ်ပါတယ်။ လမ်းလျှောက်
တဲ့အခါမှာ လှမ်းတဲ့ခြေထောက်နဲ့ ကျန်ခဲ့တဲ့ခြေထောက်ဟာ ဖြစ်နိုင်သမျှ မျဉ်းတစ်ကြောင်းတည်း ညီပါစေ။ မော်ဒယ်တွေ
Cat-walk လျှောက်တဲ့ပုံစံပါဘဲ။

READ
ရုပ်ရည်ထက်ပိုပြီးဆွဲဆောင်နိုင်တဲ့ အမျိုးသမီးတို့ အမူအရာ(၆)ခု
pixabay

(ခ) တင်ပါးကြွက်သားအတွက် လေ့ကျင့်ပါ- တင်ပါးကြွက်သားတွေအတွက် အကောင်းဆုံးနည်းကတော့ ဆောင့်ကြောင့်
ထိုင်ခြင်း၊ ရှေ့သို့ ခြေကို ဆက်ကနဲလှမ်းပြီး နောက်ခြေထောက်ကို ကွေးညွှတ်ခြင်း၊ ခြေထောက်နောက်ပြန် ကန်ခြင်း (သို့) နောက်ကို လွှဲခြင်း-တို့ ဖြစ်ပါတယ်။

(ဂ) လူကို ပက်လက်အနေအထားနဲ့ ခြေထောက်တွေကို အဖြောင့်အနေအထားအတိုင်း မ,တင်ခြင်းလုပ်ပါ။


(ဃ) ရေကူးခြင်း၊ ဂျွမ်းဘားကစားခြင်း၊ ဘောလီဘောကစားခြင်း၊ မနှေးမမြန်ပြေးခြင်း တို့ဟာလည်း တင်ပါးကြွက်သား
တွေအတွက် ကောင်းပါတယ်။

(င) ၀ိတ်ချပါ။ ၀ိတ်မချဘူးဆိုရင် တင်ပါးကို အဆီပိုတွေ စုသွားပါတယ်။ ဒီတော့ အစားအစာ ရှောင်ခြင်းထက်၊ အားကစားပုံမှန်လုပ်ရင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။

(၂) အ၀တ်အစားကို ပြောင်းလဲပါ

(က) အ၀တ်အစားဝတ်တဲ့အခါ.. ဘောင်းဘီဆိုရင်လည်း တင်ပါးကြွက်သားကို ကျစ်လစ်စေတဲ့၊ ပင့်တင်ပေးနိုင်တဲ့ ဘောင်းဘီကို ၀တ်ပါ၊ နောက်မှာ အိတ်ကပ်နှစ်ခုပါတဲ့ ဘောင်းဘီမျိုးကို ရွေးချယ်ဝတ်ဆင်ပါ။ ဒါဟာ တင်ပါးကို ရှိတဲ့အရွယ်အစားထက် ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ ဒါ့အပြင် ခါးသိမ်စေတဲ့ ဘောင်းဘီမျိုးလည်း ၀တ်ဆင်သင့်ပါတယ်။
ဒါကတော့ ခါးအလှကိုပါထိန်းပေးပြီးသားဖြစ်ပြီး တင်ပါးရဲ့အလှကိုလည်း ပိုမိုပေါ်လွင်စေပါတယ်။

READ
တစ်ချို့မှန်တွေက ကြည့်သူကို ပိုပိန်စေတဲ့ အကြောင်းအရင်း
pixabay

(ခ) ခါးအလှကို ဂရုစိုက်ပါ… ခါးတုတ်တဲ့ အမျိုးသမီးတွေဆိုလည်း ခါးသိမ်စေမယ့်၊ ခါးသိမ်တယ်လို့ ယူဆရစေနိုင်တဲ့ အ၀တ်အစားမျိုးကို များများ ၀တ်ပါ။ ဥပမာ – ကြိုးစည်းဂါဝန်လိုဟာမျိုးတွေဟာ သင့်တော်ပါတယ်။

(ဂ) ဒေါက်မြင့်ဖိနပ် ၀တ်ဆင်ပါ… ဒေါက်မြင့်ဖိနပ် ၀တ်ဆင်လိုက်တဲ့အခါ ခြေထောက်ကို ထောက်ထားသလို ဖြစ်တာကြောင့် တင်ပါးကြွက်သားတွေကို ပိုလှစေပါတယ်။

မဒီလေး( Shwemom)

SHARE