အရိုးရှင်းဆုံးနဲ့ အထိရောက် အလွယ်ကူဆုံး ပိုက်ဆံစုနိုင်တဲ့ နည်းလမ်းများ

Shutterstock/Creative Lab

အသက်ငယ်ရွယ်စဉ်မှာ လူတွေဟာ ပိုက်ဆံများများစုလို့ မဖြစ်နိုင်ပါဘူးလို့ ထင်ကြပါတယ်။ ဒါပေမယ့် တချို့လူတွေကျတော့လည်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ လက်ထဲပိုက်ဆံအများကြီး စုမိနေတာတွေ ရှိတတ်ပါတယ်။ နဂိုမိဘမျိုးရိုးကိုက ချမ်းသာလို့ ပိုက်ဆံစုမိတာက မဆန်းပေမယ့်လည်း အချို့လူငယ်တွေကတော့ သူတို့ရှာလို့ရတဲ့ ကိုယ်ပိုင်ငွေကြေးကို ကိုယ်တိုင်စုတာတွေ ရှိပါတယ်။ ဒီတော့ ပိုက်ဆံကို ခြိုးခြံစွာနဲ့ ဘယ်လိုစုနိုင်တဲ့ နည်းလမ်းတွေ ရှိမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဟင်းချက်တတ်အောင် သင်ယူပါ

ပိုက်ဆံတကယ်စုချင်တယ်ဆိုရင် အပြင်စာ ခဏခဏထွက်စားတာကို ရှောင်သင့်ပါတယ်။ မကြာခဏအပြင်စာဝယ်စားခြင်းဟာ ပိုက်ဆံလည်း အကုန်အကျများသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ အိမ်မှာချက်စားတာကတော့ ဈေးလည်းသက်သာသလို သန့်ရှင်းလတ်ဆတ်ပါတယ်။

ပြောင်းလဲဖို့ မကြောက်ပါနဲ့

Shutterstock/Monkey Business Images

တကယ်လို့ ကိုယ်ဟာ အသက်ငယ်သေးတယ်ဆိုရင် အသစ်တစ်ခုခုကို ကြိုးစားကြည့်ဖို့ ကြောက်မနေပါနဲ့။ လက်ရှိကိုယ်လုပ်နေတဲ့အလုပ်ဟာ ကိုယ့်ပါရမီကို ပြနိုင်တဲ့အလုပ်မဟုတ်ဘူး၊ ပိုက်ဆံလည်း မရ၊ ပျော်ရွှင်ကျေနပ်မှူလည်း မရဘူးဆိုရင်တော့ အလုပ်ပြောင်းသင့်ပါတယ်။ ဒီအလုပ်တစ်လုပ်မှာ အဆင်မပြေခဲ့ရင် နောက်အလုပ်တွေမှာ ကိုယ့်အစွမ်းအစကိုယုံကြည်သူ၊ ပံ့ပိုးပေးမယ့်သူတွေ အများကြီးရှိနေတယ်ဆိုတာကို မမေ့သင့်ပါဘူး။

မိဘတွေနဲ့ အတူနေပါ

အခုအခါမှာဆိုရင် အသက်(၃၀) ကျော်ပြီးတာတောင် မိဘနဲ့အတူ နေထိုင်နေသေးတဲ့ လူတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့တွေက အိမ်ငှားရသက်သာအောင် ဆိုပြီး နေကြတာပါ။ ဒါပေမယ့် မိဘနဲ့အတူမနေချင်သူတွေကလည်း သူငယ်ချင်းတွေ၊ အခြားတစိမ်းတွေနဲ့ အိမ်ငှားခသက်သာအောင် တစ်အိမ်တည်းမှာ အတူနေထိုင်တာတွေ ရှိပါတယ်။

ဘဏ်ထဲမှာ ပိုက်ဆံစုပါ

Shutterstock/Teerasak Ladnongkhun

ဘဏ်ထဲမှာ ပိုက်ဆံစုရမယ်ဆိုလို့ အများကြီးတော့ စုစရာမလိုပါဘူး။ ကိုယ်ရတဲ့ လစာရဲ့ (၁၀) ရာခိုင်နှူန်းလောက်ကိုပဲ ဖယ်ပြီး ဘဏ်ထဲမှာ ငွေစုနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကိုယ်စုထားတဲ့ ပိုက်ဆံတွေက တဖြည်းဖြည်းတိုးပွားလာတာကိုကြည့်ရင်း စိတ်ချမ်းမြေ့ရမှာပါ။

အလကားရတဲ့ငွေကို မရှာချင်ပါနဲ့

အလုပ်မလုပ်ပဲ ငွေအချောင်ရချင်တဲ့ စိတ်ထားမျိုးဟာ မကောင်းပါဘူး။ ဥပမာပြောရရင် လောင်းကစားလုပ်တာမျိုးတွေပါ။ ကံမကောင်းရင် သူများပိုက်ဆံကိုယ်မရတဲ့အပြင် ကိုယ့်ဆီမှာ ရှိသမျှ ပိုက်ဆံတွေတောင် လောဘကြောင့် ဆုံးရှူံးနိုင်တာမို့လို့ လောင်းကစားကို ရှောင်ကြဉ်သင့်ပါတယ်။

တန်ဖိုးကြီး အသုံးအဆောင်တံဆိပ်တွေ မ၀ယ်ပါနဲ့

Creative Lab

ယနေ့ခေတ်ကမ္ဘာက လူတွေဟာ နာမည်ကျော်တံဆိပ်တွေနောက်ကို ပိုလိုက်နေကြပါတယ်။ ဆာဗေးတစ်ခုအရ ဘဏ်တွေကနေ ပိုက်ဆံချေးသူအရေအတွက်ဟာ ဖြည်းဖြည်းချင်းတိုးလာနေတယ်လို့ ဆိုပါတယ်။ လူအများစုဟာ နောက်ဆုံးခေတ်အီလက်ထရောနစ်ပစ္စည်းတွေ၊ ကားတွေကို စားစရာမရှိတော့လောက်အောင် ၀ယ်ယူနေတယ်လို့ သိရပါတယ်။

အလျင်စလို ကားမ၀ယ်ပါနဲ့

တကယ်တမ်းဆို လူအများစုဟာ ကားသုံးဖို့ မလိုအပ်ပါဘူး။ အများပြည်သူသုံးယာဉ်တွေနဲ့ စက်ဘီးတွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ အလုပ်သွားတဲ့အခါမျိုးတွေမှာဆိုရင် အများပြည်သူသုံး ယာဉ်ရထားတွေကို အသုံးပြုရင် စရိတ်စက အကုန်ကျသက်သာစေပါတယ်။

လင်းလင်း (ShweMom)

SHARE