ပျိုမေတို့ သိထားသင့်တဲ့ နာနတ်သီးကို အလွယ်တကူ အခွံသင် လှီးဖြတ်နည်း

အလှီးရ အသင်ရခက်တဲ့ သစ်သီးတွေထဲမှာ နာနတ်သီးလည်း ပါဝင်ပါတယ်။ ဓားပြတ်ပြတ် ချွန်ချွန်လေးကို ကောင်းကောင်းအသုံးချတတ်တယ်ဆိုရင်တော့ နာနတ်သီးလှီးရတာ မခက်ပါဘူး။ ဒီလိုပဲ အသုံးတည့်စေမယ့် တစ်ခြားနည်းလမ်းလေးတွေကိုလည်း ဖော်ပြထားတာမို့ ပျိုမေတို့အတွက် နာနတ်သီးလှီးရတာ အလွယ်တကူဖြစ်စေမယ်လို့ ယူဆရပါတယ်။

(၁) ဓားဖြင့် နာနတ်သီးရဲ့ အထက်ပိုင်းအောက်ပိုင်း အကြေးခွံတွေပါသွားအောင် တိတိရိရိဖြတ်ချလိုက်ပါ။ (အထက်ပုံ)

(၂) ပဉ္စဂံပုံစံကို စိတ်မှာမှန်းဆပြီး ဘေးတစ်ဖက်တစ်ချက်ဆီက အကြေးခွံတွေပါအောင် လှီးထုတ်လိုက်ပါ။ အတွင်းကို အများကြီး မလှီးမိစေဖို့ သတိပြုပါ။ မဟုတ်ရင် အသားတွေ ပါသွားနိုင်ပါတယ်။

(၃) အခုဆိုရင် ပဉ္စဂံပုံစံ နာနတ်သီးအခွံနွှာပြီးသားကို ရပြီဖြစ်လို့ တစ်လက်မခန့်အထူရှိတဲ့ အပိုင်းလေးတွေအဖြစ် လှီးချလိုက်ပါ။ အလယ်မှာ အူတိုင် ကျန်နေပါသေးတယ်။

(၄) အူတိုင်ကိုတော့ အလွယ်ဆုံးနည်းနဲ့ ဖယ်ရှားဖို့ အဝိုင်းပုံစံ ကွတ်ကီးဖြတ်တဲ့ အရာကို အသုံးပြုနိုင်ပါတယ်။ အလယ်အူကြောင်းနေရာကို ကွတ်ကီးဖြတ်တဲ့ဟာလေးနဲ့ ဖိချလိုက်ရုံပါဘဲ။ အဲဒီနောက် အပိုင်းသေးသေးလေးတွေ လှီးဖို့ တစ်ဝက်ဆီ အရင်ပိုင်းချလိုက်ပြီး မိမိလိုသလောက် အရွယ်အစားအတိုင်း လှီးလိုက်ရုံပါဘဲ။ အောက်မှာတော့ နာနတ်သီးလှီးရ လွယ်ကူစေမယ့် တစ်ခြားနည်းလမ်းတစ်ခုကို ဗွီဒီယိုနဲ့ ဖော်ပြပေးထားပါတယ်။

READ
အရပ်ပုတဲ့မိန်းကလေးတွေပဲ လုပ်လို့ရတဲ့ ချစ်စရာအားသာချက်များ

နတ်စည်တော် (Shwemom)

source : goodhousekeeping.com
Ref video : YouTube

SHARE