အပင်စိုက်ချင်ပေမယ့် အချိန်မပေးနိုင်သူများအတွက် အသင့်တော်ဆုံးအပင်များ

Amazon.com

သင့်အိမ်မှာ အပင်လေးတွေ စိုက်ပျိုးထားတယ်ဆိုရင် ဒီအပင်တွေကို မသေအောင် နေ့တိုင်းရေလောင်းပေးရတာတွေ၊ နေအလင်းရောင်ပြပေးရတာတွေလုပ်ပေးမှ အဆင်ပြေနိုင်မှာပါ။ တစ်ချို့တွေကြတော့ အလုပ်ကမအားလပ်တဲ့အတွက် အပင်စိုက်ချင်ပေမယ့် အချိန်မပေးနိုင်တဲ့ အတွက်အခက်တွေ့ကြရပါတယ်။ ဒီလိုမျိုးအပင်လည်း စိုက်ချင်တယ်၊ အချိန်လည်းမပေးနိုင်ဘူးဆိုတဲ့ သူတွေအတွက် အသင့်တော်ဆုံး အပင် ၇ မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၁။ Snake Plant
Amazon.com

Snake plant လို့ခေါ်တဲ့အပင်တစ်မျိုးက ရက်သတ္တပတ် တော်တော်ကြာတဲ့အထိရေမလောင်းပေးလည်းရှင်သန်နိုင်ပါတယ်။ နေရောင်ခြည်ကိုတိုက်ရိုက်မပေးလည်း ရပါတယ်။ ရေလောင်းဖို့မေ့တတ်သူတွေအတွက်အကောင်းဆုံးရွေးချယ်စရာအပင်ပါ။

၂။ Spider Plant
amazon.com

Spider Plant တွေကတော့ ဘယ်အလင်းရောင်နဲ့ မဆိုရှင်သန်နိုင်ပါတယ်။ နေအလင်းရောင် ကောင်းကောင်းမရရှိတဲ့ တိုက်တွေအတွက် ဒီအပင်က စိုက်ဖို့ အကောင်းဆုံးပါ။

၃။ Pothos (or devil’s ivy)
Amazon.com

ဒီအပင်အမျိုးအစားကတော့ အကြမ်းပတမ်းခံတဲ့ အပင်မျိုးပဲဖြစ်ပါတယ်။ မြေကြီးကခြောက်သွေ့နေရင်တောင် ရှင်သန်နိုင်တဲ့ အပင်ပါ။ အလင်းရောင်လည်းအများကြီးမလိုအပ်တဲ့ အပြင် အိုးလေးနဲ့ တွဲလောင်းချိတ်ပြီးစိုက်လို့ရတဲ့ အပင်မျိုးပါ။

READ
ကလေးတွေကို ကြိမ်းမောင်းရိုက်နှက်ခြင်းကြောင့် ဖြစ်လာမယ့် အကျိုးဆက်များ
၎။  Aloe Plant
Amazon.com

ဒါကတော့ နေ့စဉ်သုံးနေကျ cosmetic တွေရဲ့ ပါဝင်ပစ္စည်းအဖြစ် အမြဲလိုလိုပါဝင်နေတတ်တဲ့ ရှားစောင်းပင်ပါ။ သူတို့ကို စိုက်မယ်ဆိုရင်တော့ အလင်းရောင် ကောင်းကောင်းရနိုင်တဲ့နေရာမှာ ထားပေးမှအဆင်ပြေပါလိမ့်မယ်။ ရေလောင်းတဲ့အခါမှာလည်း ပထမတစ်ခေါက်လောင်းပြီးလို့ လုံးဝခြောက်သွားမှ ထပ်လောင်းပေးရမှာပါ။

၅။ ZZ plants (zamioculcas zamiifolia)
Amazon.com

ဒါကတော့ ဘယ်အပင်စိုက်စိုက် ရှင်အောင်မပြုစုနိုင်တဲ့သူတွေအတွက်ပါ။ ZZ လို့ခေါ်တဲ့ဒီအပင်ကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရှင်သန်နိုင်ပါတယ်။ အလင်းရောင်လည်း နည်းနည်းလောက်ရရင်ကို အဆင်ပြေပါတယ်။ ရေကိုလည်း အမြဲလောင်းပေးနေစရာမလိုတော့ အပင်မစိုက်တတ်တဲ့သူတွေအတွက်အသင့်တော်ဆုံးပါ။

၆။ Philodendrons
Amazon.com

ဒီအပင်ကတော့အပင်တွေဘာကိုကြိုက်တတ်လဲဆိုတာသင့်ကို ပြောပြနိုင်ပါတယ်။ သင်ဂရုမစိုက်ရင်တောင် သူတို့ရဲ့လိုအပ်ချက်ကို သူတို့ဘာသာ အဆင်ပြေအောင်ရယူကြပါတယ်။ ဒီအပင်ရဲ့ အရွက်တွေကိုတော့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့စေလို့တော့မရပါဘူး။

၇။ Fittonias (aka nerve plants)
Amazon.com

Fittonias အပင်ကတော့ အမြဲတမ်းရေပဲလောင်းနေတတ်တဲ့ သူတွေနဲ့အံကိုက်ပါပဲ။ သူတို့ရေကို အလွန်ကြိုက်တဲ့အပင်အမျိုးအစားပါ။ ရေလောင်းရတာလည်းကြိုက်တယ် ရေလောင်းလွန်ပြီး သေသွားမှာလည်းစိုးတယ်ဆိုရင်တော့ ဒီအပင်က သင့်အတွက်ဖြစ်တည်လာပေးတယ်လို့မှတ်လိုက်ပါ။

READ
ခွေးမကြီးရဲ့ … မိခင်မေတ္တာ

Lwin Min

SHARE