ကျစ်လစ်တဲ့ခန္ဓာကိုယ်အတွက် အလွယ်ကူဆုံးနည်းလမ်းများ

အမျိုးသားတွေအားလုံး ခန္ဓာကိုယ်ချောမောပြီး ယောက်ျားပီသတဲ့ရုပ်ရှည်မျိုးကို လိုချင်ကြပါလိမ့်မယ်။ ဒီအတွက် မခက်ပါ
ဘူး။ အောက်ပါနည်းလမ်း(၅)ခုကို လုပ်ကြည့်ကြဖို့ Shwemom က တိုက်တွန်းချင်ပါတယ်။

(၁) အကောင်းမြင်ပါ

သူများကို မကောင်းမြင်တဲ့စိတ်က စိတ်ဖိအားတွေကို အများကြီးတိုးစေပါတယ်။ အကောင်းမြင်တဲ့သူတွေဟာ စိတ်ဖိအား
များတဲ့သူနဲ့ စိတ်ဖိအားမရှိတဲ့သူနှစ်ယောက်ဟာ ခန္ဓာကိုယ်အလေးချိန်ချင်း တူညီတယ်၊ အလေးချိန်ကို လျှော့ချချိန်က
ကလည်း တူညီတယ်ဆိုရင် စိတ်ဖိအားမရှိတဲ့သူက အမြန်အဆီကျလွယ်တယ်လို့ ဆိုပါတယ်။

(၂) တစ်ခြားလူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

ကိုယ်ဟာ ကိုယ်သာဖြစ်ပြီး တစ်ခြားသူတွေနဲ့ မနိုင်းယှဉ်မိပါစေနဲ့။ ဒီလို နှိုင်းယှဉ်မိရင် ကိုယ့်အားနည်းချက် ကိုယ်ပြန်မြင်
မိပြီး စိတ်ဆင်းရဲကာ စိတ်ဖိအားတွေ တိုးလာတတ်ပါတယ်။

(၃) ကိုယ့်အားသာချက်ကို စဉ်းစားပါ

ကိုယ့်မှာ ဘာအားသာချက် ရှိလဲ၊ ရှိတဲ့အားသာချက်ကို အမြဲစဉ်းစားပါ။ စဉ်းစားလေ ကိုယ့်ရဲ့ သွင်ပြင်လက္ခဏာနဲ့ပတ်
သက်ပြီး အချက်တော်တော်များများ စိတ်ချမ်းသာရပါလိ့မ်မယ်။

READ
သင်နှစ်သက်နေတဲ့ကောင်မလေးကို ပြောသင့်သောချစ်စရာစကားလေးများ

(၄) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

ပုံမှန်လေ့ကျင့်ခန်းအတွက် ကိုယ်အားသန်တဲ့ အားကစားနည်းတစ်ခုခုကို စွဲစွဲမြဲမြဲလုပ်ပါ။ ၀ိတ်ပြားမခြင်း၊ အိပ်ထမတင်လုပ်
ခြင်း၊ ဒိုက်ထိုးခြင်း-တို့ကိုလည်း တစ်မျိုးကို နေ့စဉ် အနည်းဆုံး ငါးမိနစ်ဆီခန့် တွဲစပ်လုပ်ပေးပါ။

(၅) ကျန်းမာစေတဲ့အစားအစာကို ပုံမှန်စားပါ

ကျန်းမာစေတဲ့အစားအစာဆိုတာ အသီးအရွက်နဲ့ နွားနို့ ကြက်ဥ ပဲအမျိုးမျိုးပါတဲ့ စားစရာတွေကို အားပြုစားပေးဖို့ လိုပါ
တယ်။ အဆာမခံပါနဲ့။ အဆာခံရင် ၀ိတ်ပိုတတ်ပါတယ်။ မနက်စာ စားတဲ့အလေ့ကျင့် လုပ်ပေးပါ။ သံပုရာရည်၊ ကော်ဖီ၊
နွေးကြမ်း စသည်တို့ကို ပုံမှန်သောက်ပေးပါ။

(၆) သပ်ရပ်စွာဝတ်ဆင်ပါ

မိမိခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်စွာ ၀တ်ဆင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဖြစ်နိုင်သမျှ အူကြောင်ကြောင်
အ၀တ်အစားများကို ရှောင်ပါ။ အသားရေနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးတတ်ပါစေ။

READ
အမျိုးသမီးတွေလိုချင်တောင့်တသော အရည်အချင်းများ

နတ်စည်တော် (Shwemom)

shwemom post photo

source : everydayhealth.com

SHARE