လုံးဝန်းတင်းရင်းပြီး ဖွံ့ဖြိုးတဲ့ရင်းသားတစ်စုံပိုင်ဆိုင်ဖို့အတွက် အလွယ်ဆုံးနည်းလမ်းများ

shutterstock/By Mr.Sadudee

အရွယ်ကြောင့် ရင်သား ပျော့အိတာပဲဖြစ်ဖြစ်၊ သားသည်မိခင်ဖြစ်လို့ ရင်သားတွဲကျတာပဲဖြစ်ဖြစ်၊ အခြားအကြောင်းများ
ကြောင့် ရင်သားပုံပြတ်တာပဲဖြစ်ဖြစ် အလွယ်တကူသုံးလို့အဆင်ပြေနိုင်မယ့် အလွယ်ဆုံးနည်းတွေကို Shwemom အမျိုးသမီးပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

shutterstock/By Roman Samborsky

(၁) လျှားစောင်းလက်ပတ် + အယ်လ်မွန်ဆီ(ပျားရည်)

အယ်လ်မွန်ဆိုတာက မက်မန်းမျိုးနွယ်ပါဘဲ။ ဒါပေမယ့် အယ်လ်မွန်သီးမှာ အဆီထုတ်လို့ရတဲ့ အစေ့ပါဝင်ပါတယ်။ ဗာဒံသီးရဲ့ အရသာနဲ့ တူပါတယ်။ အဲဒီအယ်လ်မွန်ဆီ မရနိုင်ရင်လည်း ပျားရည်နဲ့ လျှားစောင်းလက်ပတ်ကို အတူ သမအောင် မွှေ
ပြီး ရင်သားကို အနှံလိမ်းပါ။ အောက်ကနေ ပင့်တင်လိမ်းခြင်းက ပိုကောင်းပါတယ်။ မိနစ်(20)လောက်ကြာအောင် လက်နဲ့
သမအောင် လိမ်းပြီး တဘက်ဖြင့် အပေါ်ကို ပင်တင့်တဲ့ပုံစံနဲ့ ပတ်ပြီး မိနစ်(20) လောက် ထားလိုက်ပါ။ တစ်ပတ်အတွင်း
ရင်သား ပျော့တွဲခြင်း၊ အိကျခြင်း၊ လျှော့တိလျှော့ရဲဖြစ်ခြင်းတို့ ပျောက်သွားပါလိမ့်မယ်။

READ
သေကြောင်းကြံမှာကို မသိဘဲ အမျိုးသမီးတစ်ဦးကို Live ရိုက်ကူးပေးခဲ့မိတဲ့ တက္ကစီဒရိုင်ဘာ

(၂) သခွားသီး+ကြက်ဥ

သခွားသီးနဲ့ ကြက်ဥကို ခပ်ပြစ်ပြစ်ကလေး မွေပေးပါ။ မြင်းစားဂျုံမှုန့်ရှိရင် စားပွဲတင်ဖွန်း တစ်ဇွန်းခန့် ထည့်နိုင်ပါတယ်။ မရှိ
လည်း ဒီအတိုင်း တွဲလျှားကျနေတဲ့ ရင်သားကို ပင့်တင်တဲ့ပုံစံနဲ့ နှံအောင်လိမ်းပေးပါ။ မိနစ်(20)လောက် ထိုနည်းအတိုင်း လိမ်းပြီး မိနစ်(20)လောက် တဘက်ကို အောက်မှအပေါ်သို့ပင်စည်းတဲ့ ပုံစံနဲ့ စည်းထားပါ။ တစ်ပတ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။

(၃) ခရမ်းချဉ်သီး+ငှက်ပျောသီး

ခရမ်းချဉ်သီးနဲ့ ငှက်ပျောသီးကို မွှေစက်ထဲမှာ သမအောင် ဖျော်ပါ။ ရင်သားနှစ်ဘက်ပေါ်ကို ညင်သာစွာ အပေါ်သို့ပင်
တင်တဲ့ နည်းနဲ့ လိမ်းပေးပါ။ အသားထဲ စိမ့်ဝင်အောင် မိနစ်(20) လောက် လိမ်းပေးပြီး သဘက်နဲ့ အထက်ပါပုံစံများအ
တိုင်း စည်းနှောင်ထားပါ။

(၄) ရေကူးခြင်း

youtube.com

ပျော့တွဲနေတဲ့ ရင်သားတွေကို အမြန်ပြန်လည် ပြည့်တင်းစေတာကတော့ ရေကူးခြင်း ဖြစ်ပါတယ်။ နေ့စဉ် ရေပုံမှန် ကူး
ပေးရင် ရင်သားပျော့တွဲခြင်း၊ အိကျခြင်း၊ ပုံပြတ်ပန်းပြတ်ဖြစ်ခြင်းကို ပျောက်ကင်းစေပါတယ်။

READ
မီးသတ်ဆေးဘူးစက်ရုံမှာ ကြီးမားတဲ့မီးလောင်မှုဖြစ်ပွားခဲ့တဲ့အဖြစ်

(၅) အေရိုးဗစ်

အေရိုးဗစ်ကစားခြင်ကလည်း အမျိုးသမီးတွေရဲ့ ရင်သားအလှကို အပြည့်အ၀ ဖြည့်တင်းနိုင်ပြီး ကျော့ရှင်းလှပတဲ့ ခန္ဓာ
ကိုယ်အလှကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

မဒီလေး (Shwemom)

SHARE